ဆီးသီးစားခြင်းရဲ့ကောင်းကျိုးများ

နွေရာသီရောက်လာပြီဆိုရင် ဆီးသီးပေါလာပြီဖြစ်ပါတယ်။ ဆီးသီးမှာ ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ အစာခြေစနစ်ကောင်းမွန်ခြင်း၊ အိပ်ပျော်စေခြင်း၊ စတဲ့အကျိုးကျေးဇူးတွေအပြင် အခြားသောအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။


၁) အိပ်ပျော်ဖို့ အထောက်အကူဖြစ်ခြင်း
တရုတ်ရိုးရာဆေးအဖြစ် အိပ်ပျော်စေတယ်လို့ အယူရှိကြပါတယ်။ ညဘက်အိပ်မပျော်ခြင်းကဲ့သို့ ရောဂါမျိုးကို ဆီးသီးစားခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ ဆီးသီးမှာပါဝင်တဲ့ flavonoids- saponins နဲ့ polysaccharides တွေက အိပ်ပျော်ဖို့အတွက် သဘာဝအလျောက်ကူညီပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး အိပ်ပျော်ဖို့အထောက်အကူဖြစ်စေပါတယ်။

၂) ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း
ဝမ်းချုပ်တတ်သူများကို ဆီးသီးစားခြင်းဖြင့် ကုသပေးနိုင်တယ်လို့ အိန္ဒိယမှာ ယူဆကြပါတယ်။ ဆီးသီးစားခြင်းက အမျှင်ဓာတ်ပါဝင်တာကြောင့်အူမကြီးလုပ်ဆောင်ချက်ကိုအားပေးတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃) စိုးရိမ်ပူပန်ခြင်းကိုပြေလျော့စေခြင်း
ဦးနှောက်နဲ့အာရုံကြောကို ပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်ခြင်းကို သက်သာစေပါတယ်။ ဆီးသီးရဲ့အဆီက သင့်စိတ်နဲ့ခန္ဓာကိုယ်က တင်းကြပ်မှုတွေကို ပြေလျော့စေတာကြောင့် သင့်ကိုစိတ်တည်ငြိမ်စေပြီး သင့်ကိုစိုးရိမ်မှုပြေလျော့စေပါတယ်။

၄) ဗီတာမင်စီကြွယ်ဝခြင်း
မရှိမဖြစ်လိုအပ်တဲ့ vitamins နဲ့ antioxidants တွေပါဝင်တာကြောင့် အရေပြားကြည်လင်စေခြင်း၊ ခုခံစွမ်းအားတိုးစေခြင်း၊ အခြားသောရောဂါတွေကို တိုက်ဖျက်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်ပါတယ်။

၅) သွေးဖိအားထိန်းပေးနိုင်ခြင်း
ဆားပါဝင်မှုနည်းပီး ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် သွေးဖိအားကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးကြောတွေကို ပြေလျော့စေတာကြောင့် သွေးစီးဆင်းလည်ပတ်မှုအားကောင်းစေပါတယ်။

၆) သွေးလည်ပတ်မှုကောင်းစေခြင်း
iron နဲ့ phosphorous ဓာတ်ပါဝင်မှုကြောင့် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ သံဓာတ်အားနည်းခြင်းက သင့်ကိုသွေးအားနည်းရောဂါဖြစ်ပေါ်စေနိုင်တာကြောင့် ဆီးသီးစားခြင်းက လိုအပ်တဲ့သံဓာတ်ပမာဏကိုရရှိစေလို့ သွေးအားကောင်းစေပါတယ်။ မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေမဖြစ်ပေါ်စေပါဘူး။ သွေးစီးဆင်းမှုသာမက သွေးအားကောင်းစေပါတယ်။

၇) အရိုးသန်မာဖို့အထောက်အကူဖြစ်ခြင်း
ဆီးသီးက calcium, phosphorous နဲ့ iron ပါဝင်မှုကြောင့် အရိုးသန်မာကြံ့ခိုင်မှုကိုအားပေးပါတယ်။ အရိုးပွခြင်းနဲ့ အခြား အရိုးရောဂါတွေမဖြစ်ပေါ်စေပါဘူး။
https://food.ndtv.com/food-drinks/7-health-benefits-of-jujube-fruit-ber-you-must-know-1806452 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။