ဆေးလိပ်သောက်ခြင်းက သင့်ရဲ့ကြွက်သားတွေအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ။

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာဖြစ်စေပါတယ်။ အထူးသဖြင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။ စီးကရက်သောက်ခြင်းက သင့်ရဲ့နှလုံးနဲ့အဆုတ်ကိုထိခိုက်ရုံသာမက ခန္ဓာကိုယ်ဖွံ့စည်းတည်ဆောက်ပုံနဲ့ ကြွက်သားကြီးထွားမှုကိုပါ အဓိက အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သင့်ရဲ့ကြွက်သားကြီးထွားမှုနဲ့ကြံ့ခိုင်မှုကို ဘယ်လိုထိခိုက်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်နည်းပါးခြင်း
သင့်ရဲ့ကြွက်သားတည်ဆောက်မှုအတွက် လေ့ကျင့်ခန်းတွေကြာရှည်စွာလုပ်ဆောင်တာမျိုး ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သင်စီးကရက်သောက်တတ်တယ်ဆိုရင်တော့ သင့်ရဲ့လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ ကြာရှည်စွာ မစွမ်းဆောင်နိုင်တော့ပါဘူး။ ဆေးရွက်ကြီးမီးခိုးတွေမှာ က္တရာစေးနဲ့တူတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဆေးရွက်ကြီးလောင်ကျွမ်းတဲ့အခါ သင့်ရဲ့အဆုတ်ထဲမှာ ကတ္တရာစေး (tar)နဲ့တူဓာတ်တစ်မျိုး ဖြစ်ပေါ်လာပါတယ်။ ထိုဓာတ်ကနေ သင့်ရဲ့လေရှုသွင်းမှုကို လျော့ကျပစ်လိုက်ပါတယ်။
အဲဒါကြောင့် သင်လေ့ကျင့်ခန်းလုပ်နေစဉ်မှာ သင့်အဆုတ်ထဲကို လုံလောက်တဲ့လေမရှုသွင်းနိုင်တော့ပါဘူး။ သင့်ကြွက်သားတွေက အောက်ဆီဂျင်ဓာတ်လုံလောက်စွာမရတော့ပါဘူး။ အဲဒါကြောင့်ပဲ သင့်ခန္ဓာကိုယ်က အားနည်းခြင်းနဲ့ မောပန်းခြင်းကိုခံစားရပါတော့တယ်။ အဲလိုမောပန်းမှုကြောင့်ပဲ သင့်ခန္ဓာကိုယ်ကလုပ်ဆောင်ချက်တွေကိုထပ်ပြီး လျှော့ချလိုက်ပြန်ပါတယ်။ သင့်ကြွက်သားတွေ ဖွံ့ဖြိုးမှုအတွက် မလုပ်ဆောင်နိုင်တော့ပြန်ပါဘူး။

testosterone levels ကိုလျော့ကျစေခြင်း
Testosterone ဓာတ်က အမျိုးသားဟော်မုန်းဓာတ်ဖြစ်ပါတယ်။ ထိုဟော်မုန်းဓာတ်က အရိုးနဲ့ ကြွက်သားတွေကို ထိန်းသိမ်းဖို့အရေးပါပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ Testosterone ဓာတ်ထုတ်လုပ်ပေးတဲ့ဆဲလ်တွေကိုလျော့ကျစေပါတယ်။ ခန္ဓာကိုယ်မှ ထိုဓာတ်လျော့ကျခြင်းကြောင့် သင့်ရဲ့လှုပ်ရှားမှုတွေမှာ ကြွက်သားရဲ့လုပ်ဆောင်ချက်တွေကို နှေးကွေးစေပါတယ်။

နှလုံးခုန်နှုန်းကို မြန်စေခြင်း
ဆေးလိပ်သောက်တဲ့သူတွေရဲ့နှလုံးခုန်နှုန်းက ဆေးလိပ်မသောက်သူတွေထက် ပျမ်းမျှအားဖြင့် ၃၀ရာခိုင်နှုန်းမြန်စေပါတယ်။ အဲဒါကြောင့်ကိုပဲ ဆေးလိပ်သောက်သူတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါပိုပြီး မောပန်းလွယ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူရဲ့နှလုံးက
သွေးလှည့်ပတ်မှုလုံလောက်မှုအတွက် ပိုပြီးခက်ခဲစွာ အလုပ်လုပ်ရပြီး စွမ်းအင်ပိုကုန်စေပါတယ်။ နှလုံးခုန်နှုန်းတိုးလာတဲ့အတွက် သွေးစီးဆင်းမှုလျော့ကျလာပြီး ဆေးလိပ်သောက်သူရဲ့ လုပ်ဆောင်မှုတွေအားလုံးက ဆေးလိပ်မသောက်သူထက်ကို လုပ်ဆောင်ချက်တွေ လုပ်နိုင်စွမ်းလျော့ကျလာပါတော့တယ်။
ဒီဆောင်းပါးမှာ ဆေးလိပ်သောက်ခြင်းကြောင့် ကြွက်သားတွေအပေါ်ထိခိုက်မှုကိုအဓိကဖေ်ာပြထားတာပါ။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေများပြီး အခြားဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက်မကောင်းတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါထိခိုက်နိုင်တာမို့ အတတ်နိုင်ဆုံး ဆေးလိပ်ကိုလျော့သောက်ရာကနေ ဖြတ်နိုင်တဲ့အဆင့်ထိ ကြိုးစားဖြတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

https://www.ehealthzine.com/how-smoking-affects-muscle-growth.html?fbclid=IwAR0kj9rfDa9A6wXI0nzM-oDGB6w05n-osypBotvKDf7y6m8AV5Y9Tw0gicAလင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။