ပျော်ရွှင်မှုကို ရှာဖွေတတ်စေဖို့ နေ့တိုင်းလုပ်သင့်တဲ့အကျင့်ကောင်းများ

ပျော်ရွှင်မှုဆိုတာက ကိုယ်တိုင်ဖန်တီးမှရတာပါ။ အခြားသူအပေါ်မူတည်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး တကယ်တမ်းစိတ်ဖိစီးမှုကိုပြေပျောက်စေတာမှသာ တကယ့်ပျော်ရွှင်မှုဖြစ်ပါတယ်။ စိတ်ချမ်းသာမှုပေါ့။ ကိုယ့်ရဲ့ကျန်းမာ‌‌ရေးကိုမထိခိုက်စေဘဲ စိတ်ဖိစီးမှုကိုလည်းပြေပျောက်စေတဲ့ပျော်ရွှင်မှုမျိုးဖြစ်ဖို့လိုပါတယ်။ အဲဒီ့တကယ့်ပျော်ရဤှင်မှုအစစ်အမှန်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို ချရေးပါ
မနက်အိပ်ရာကနိုးနိုးချင်း ကိုယ်ခုထိကျန်းမာနေသေးတာ၊ ကိုယ်ခုထိစားချင်တာစားနိုင်နေသေးတာ၊ ကိုယ်အခုထိ လုပ်ချင်တာလုပ်ခွင့်ရနေသေးတာတွေ စသဖြင့်ပေါ့ အဲဒီ့အချက်တွေက ခုထိကိုယ်ကံကောင်းနေသေးတဲ့အချက်တွေပါပဲ။

၂) ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ
ကိုယ့်ရဲ့ ကိုယ်၊ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ခုလိုအချိန်မှာပိုတောင်ဆိုးပါသေးတယ်။ အပြင်မထွက်ရဘဲ တစ်နေကုန်အိမ်ထဲမှာနေရတဲ့အချိန်များပြီး အကျိုးရှိရာတစ်ခုခုကို တစိုက်မတ်မတ်အားမထုတ်ရင် စိတ်ကလေလွင့်ပြီး တခြားသောစိတ်ဖိစီးမှုနဲ့တခြားသော အရာတွေပေါ်အာရုံများလာပါလိမ့်မယ်။ အဲဒီ့အခါ သင့်စိတ်တွေရှုပ်ထွေးပြီး စိတ်လည်းထိခိုက်၊ လူလည်းထိခိုက်နိုင်ပါတယ်။

၃) No လိုငြင်းတတ်ပါစေ
တချို့သောကိစ္စတွေမှာ ကိုယ်စိတ်မပါရင် အားမနာတတ်ဘဲ ပြတ်သားစွာငြင်းတာအကောင်းဆုံးပါပဲ။ မတတ်သာလို့လုပ်ပေးလိုက်ခြင်းက ကိုယ်လည်းစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်၊ အချိန်လည်းကုန်စိတ်လည်းဖိစီးစေပါတယ်။

၄) တတ်နိုင်သလောက်ပေးကမ်းပါ
အခုလိုအချိန်မှာ ကိုယ့်မှာပိုလျှံနေတာကို အတတ်နိုင်ဆုံးမျှဝေ၊ပေးကမ်းခြင်းက စိတ်ကြည်နူးစေပါတယ်။ တဖက်လူလည်း အကျိုးရှိ ကိုယ်လည်း စိတ်ခံစားချက်ကောင်းမွန်စေပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ
ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းလက်သင့်ခံလိုက်တာကိုပြောချင်တာပါ။ အမှန်အတိုင်းလက်ခံလိုက်ပြီး ဘာလုပ်သင့်သလဲဆိုတာကို တွေးပါ။ လုပ်နိုင်တာကို လုပ်နေဖို့ပဲ အရေးကြီးတာပါ။ ကိုယ့်ကိုယ်ကိုယ်လက်မခံဘဲ မဖြစ်နိုင်တာ၊ မရနိုင်တာကိုချည်းစိတ်ရောက်နေမယ်ဆိုရင် ကိုယ့်မှာ ဘာမှမလုပ်နိုင်မကိုင်နိုင်ဘဲ အချိန်အလကားကုန်သွားတာပဲရှိပါလိမ့်မယ်။

၆) သဘာဝပတ်ဝန်းကျင်ကို ခံစားပါ
အိမ်ပြင်မထွက်ရလဲ လေကောင်းလေသန့်ရှုရှိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကိုခံစားတာတွေ၊ အပင်စိုက်တာတွေ က စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

၇) ဝါသနာပါရာလေးတွေ တခုမဟုတ်တခုလုပ်ပါ
ကိုယ့်အာရုံကို တစုတစည်းထဖြစ်စေဖို့ ဝါသနာပါတဲ့အရာလေးတွေ တခုခုလုပ်နေတာပိုကောင်းပါတယ်။ အာရုံမလွှင့်တော့ဘူးပေါ့။ ပန်းချီဆွဲတာ၊ စာရေးတာ၊ အပင်စိုက်တာမျိုးတွေပေါ့။

၈) ရယ်မောစရာရှာဖွေပါ
စိတ်အရမ်းဖိစီးလာရင် ရယ်မောပစ်ဖို့အတွက် ဟာသဗီဒီယိုတွေရှာကြည့်တာမျိုး၊ ဟာသစာအုပ်တွေဖတ်တာမျိုးလုပ်ကြည့်ပါ။

၉) ကိုယ့်ကိုယ်ကိုယ်ပိုချစ်ခင်ကြင်နာပါ
ကိုယ့်ကိုယ်ကိုယ့် စိတ်ဖိစီးစေမယ့်အရာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ကိုယ့်စိတ်ကိုအနှောင့်အယှက်ဖြစ်စေမယ့်လူတွေကိုရှောင်တာ၊ လျစ်လျူရှုတာမျိုးတွေပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။