ပိုးစာသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပိုးစာသီးကို အိန္ဒိယမှာ Morus Indica လို့ခေါ်ကြပြီး သံဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါတယ်။ ပိုးစာသီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။


၁) အစာခြေလမ်းကြောင်းအတွက်အထောက်အကူပြုခြင်း
ပိုးစာသီးမှာ Dietary fiber ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေလွယ်စေပြီး ၊ အစာခြေလမ်းကြောင်းအတွင်း အစာသယ်ယူမှုအဆင်ပြေလွယ်ကူဖို့ ကူညီပေးပါတယ်။ ဝမ်းချုပ်ခြင်၊ လေပွခြင်းနဲ့ ရင်ခံခြင်းတို့ဖြစ်ပေါ်ခြင်းကို လျော့ကျစေပါတယ်။

၂) သွေးလည်ပတ်မှုအားကောင်းစေခြင်း
သံဓာတ်ပါဝင်ခြင်းကြောင့် သွေးနီဥဆဲလ်တွေထုတ်လုပ်ပေးဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ဖြန့်ဝေပေးဖို့ ကူညီနိုင်ပြီ သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

၃) ခုခံအားကောင်းစေခြင်း
Vitamin C ပါဝင်ခြင်းကြောင့် ပြင်ပမှရောဂါကူးစက်မှုအန္တရာယ်ကို ခုခံနိုင်စွမ်းတိုးစေပါတယ်။ ပိုးစာသီးစားခြင်းကြောင့် တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ Vitamin C ပမာဏကို အပြည့်အဝရနိုင်ပါတယ်။

၄) အမြင်အာရုံကောင်းမွန်စေခြင်း
ပိုးစာသီးကို ဖျော်ရည်ဖျော်သောက်ခြင်းက သင့်အမြင်အာရုံကျန်းမာဖို့အထောက်အကူပြုပါတယ်။ Vitamin A ပါဝင်မှုများတာကြောင့် သင့်အမြင်အာရုံကောင်းမွန်စေပါတယ်။ တိမ်ဖြစ်ပေါ်ခြင်း၊ အမြင်မှုန်ဝါးခြင်းတို့မဖြစ်ပေါ်စေဖို့ ကူညီပေးပါတယ်။

၅) အရေပြားကို ကျန်းမာစေခြင်း
ပိုးစာပင်က အရွက်တွေဟာ အရေပြားခြောက်သွေ့ခြင်းအတွက် ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီ၊ အုန်းဆီစတဲ့အဆီတစ်မျိုးနဲ့ရောပြီး သင့်အရေပြားမှာလိမ်းပေးခြင်းဖြင့် အရေပြားကို စိုပြေလာစေပါတယ်။
တစ်ပတ်မှာ နှစ်ကြိမ်ခန့်လိမ်းပေးခြင်းအားဖြင့် သိသာလာစေမှာပါ။

၆) ဆံသားကျန်းမာရေးကိုကောင်းမွန်စေခြင်း
ပိုးစာသီးမှာ သင့်ဆံသားအတွက် melanin ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ သင့်ဆံသားနက်မှောင်စေဖို့ကူညီပေးပါတယ်။ ဆံသားနီကျင်ခြင်း၊ အရောင်လွင့်ခြင်းများအတွက် အကူအညီဖြစ်စေပါတယ်။ ဆံသားသန်စွမ်းမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ပိုးစာသီးမှရတဲ့အရည်ကို ဆံသားမှာလိမ်းခြင်းအားဖြင့် သင့်ဆံသားကို သန်စွမ်းစေပါတယ်။

၇) အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း
ပိုးစာပင်မှာ အခြားဘယ်ရီသီးတွေကဲ့သို့ anti-oxidants
အစွမ်းသတ္တိတွေများစွာပါဝင်ပါတယ်။ အဲဒါကြောင့် အရွယ်တင်နုပျိုစေပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို သက်သာစေပါတယ်။

၈) နှလုံးကျန်းမာရေးအတွက် အကူအညီဖြစ်စေခြင်း
ပိုးစာသီးကိုစားပေးခြင်းကြောင့် သင့်နှလုံးကို အကျိုးရှိစေပါတယ်။ အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေပြီး သွေးခဲမှုကို ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် နှလုံးဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်းကဲ့သို့ နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေကို ကောင်းမွန်စေပါတယ်။
https://food.ndtv.com/food-drinks/8-amazing-mulberry-benefits-make-the-most-of-it-while-the-season-lasts-1685146 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။