ပိုပြီးစိတ်ချမ်းသာတဲ့ အမျိုးသမီးဖြစ်စေဖို့ အကြံပြုချက် ၁၀ချက်

၁) အပြန်အလှန်လေးစားမှုမရှိတော့တဲ့အခါ သင့်ကိုယ်သင်ပြန်ပြီးရှာဖွေဖို့လိုအပ်နေပြီလို့ သိပါ။ သင်တစ်ယောက်တည်းမို့ စတင်ရမှာ ခက်ခဲပေမယ့် သင့်ကိုယ်သင်ပျောက်ဆုံးသွားတဲ့အချိန်ထိ စောင့်မနေပါနဲ့တော့။ ၂) အချစ်နောက်ကိုပဲမလိုက်ပါနဲ့။ သင့်အိပ်မက်တွေနောက်ကိုလိုက်ပါ။


၃) သင်ဟာတန်ဖိုးမရှိဘူးလို့ ခံစားရအောင်လုပ်ဖို့ ဘယ်သူမှာမှ အခွင့်အရေးမရှိပါဘူး။ သင်က သင်ထင်ထားတာထက်ကို ပိုတန်ဖိုးရှိပါသေးတယ်။

၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကို တကယ်ချစ်တယ်ဆိုရင် သင်နဲ့ဆုံဆည်းရဖို့ရာအတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းပါလိမ့်မယ်။

၅) သင့်မှာဒဏ်ရာတွေ၊ သင်ရဲ့မပြည့်စုံခြင်းတွေရှိပေမယ့်လည်း သင်က အမြဲလှပတဲ့လူတစ်ယောက်ဆိုတာ သတိရပါ။

၆) သင်ကိုယ့်သင်အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့မလိုအပ်ပါဘူး။ လူတိုင်းက မတူညီတဲ့ခရီးကိုယ်စီ သွားနေကြတာမို့ပါ။

၇) သင့်ရဲ့အဓိက ပြိုင်ဘက်က သင်ကိုယ်တိုင်ပါပဲ။ သင့်ရဲ့ပိုကောင်းလာတဲ့စွမ်းရည်တွေနဲ့ ပိုတော်လာမယ့်သင့်အတွက်ပေါ့။

၈) တကယ်လို့ ပျက်စီးသွားတယ်ဆိုရင် အဲဒီ့အချစ်ဟာ မစစ်မှန်လို့ပါ။ အချစ်စစ်မှန်ရင် အခက်အခဲတွေရှိရင်တောင် ဘယ်တော့မှ သင့်အတွက်နဲ့ ပျက်စီးတယ်ဆိုတာ မရှိနိုင်ပါဘူး။

၉) အလုပ်ကြိုးစားတယ်ဆိုတာ ကောင်းတဲ့အရာဖြစ်ပေမယ့်လည်း သင့်ရဲ့ကျန်းမာခြင်းက ပိုအရေးကြီးပါတယ်။ သင့်မိသားစုနဲ့အတူ အချိန်ဖြုန်းဖို့ကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ဘဝရဲ့အမှောင်မိုက်ဆုံးနေ့တွေမှာတောင် သင်နဲ့အတူရှိနေတာက မိသားစုပဲမဟုတ်လား။

၁၀) သင့်ကိုသင်ဦးစားပေးပါအုံး။ သင့်ကိုယ်သင်ချစ်ခင်ပါအုံး။ အဲဒီ့လိုမလုပ်ဖြစ်ခဲ့တာ ကြာပြီမဟုတ်လား။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။