ပင်စိမ်းရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

လူသားတွေရဲ့ ရှေးကျတဲ့ဆေးဖက်ဝင်အပင်တွေထဲမှာ လည်း ပင်စိမ်းပင်ပါဝင်ပါတယ်။ ပင်စိမ်းက အနာသက်သာခြင်းနဲ့ ကျန်းမာရေးအတွက်အစွမ်းသတ္တိတွေအများကြီးရှိပါတယ်။ အူကျန်းမာရေးအတွက်လည်းကောင်းမွန်စေပြီး မသိရသေးတဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အစာကြေလွယ်ခြင်း
အစာကြေစနစ်နဲ့ အာရုံကြောစနစ်အတွက် ကောင်းမွန်စေပြီး ခေါင်းကိုက်ခြင်းနဲ့ အိပ်မပျော်ခြင်းအတွက် ဆေးကောင်းတစ်လက်ဖြစ်တယ်လို့ဆိုပါတယ်။ ပင်စိမ်းရွက်မှာ အစာခြေလမ်းကြောင်းရောင်ရမ်းခြင်းကိုလည်း သက်သာစေတဲ့အစွမ်းရှိပါတယ်။ ခန္ဓာကိုယ်ထဲက အက်ဆစ်ကိုထိန်းညှိုပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပမာဏကို ထိန်းသိမ်းပေးပါတယ်။

၂) ရောင်ရမ်းမှုတွေပြေလျော့စေခြင်း
ပင်စိမ်းမှာ ရောင်ရမ်းခြင်းကို ပြေလျော့စေတဲ့အစွမ်းရှိပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ eugenol, citronellol နဲ့ linalool ကဲ့သို့ essential oils တွေပါဝင်ပါတယ်။ ရောင်ရမ်းမှုကိုပြေလျော့စေတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုလျှော့ကျစေခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နဲ့ အူမကြီး ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဟင်းစားထဲထည့်ချက်ပြုတ်ခြင်းက အဖျားရောဂါ၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ အအေးမိခြင်း ၊ ချောင်းဆိုးခြင်း၊ တုတ်ကွေးတွေကို သက်သာစေပါတယ်။

၃) free radical တွေကို တိုက်ဖျက်နိုင်ခြင်း
ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ free radical တွေကို ပြန်ပြီးတိုက်ဖျက်ဖို့ orientin နဲ့ viceninare ကဲ့သို့ water-soluble flavonoid antioxidants ပါဝင်ပါတယ်။ အဲဒါကြောင့် ခုခံအားစနစ်၊ ဆယ်လူလာဖွဲ့စည်းတည်ဆောက်ပုံတွေကို ကာကွယ်နိုင်ပြီး အရေပြားကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

၄) အရေပြားကျန်းမာစေခြင်း
ပင်စိမ်းမှာပါဝင်တဲ့အဆီကြောင့် အရေပြားကို သန့်စင်စေနိုင်ပါတယ်။ အရေပြားသန့်စင်ခြင်းကြောင့် ချွေးပေါက်တွေကို ပိတ်ဆို့နေတဲ့အညစ်အကြေးတွေကို ဖယ်ရှားစေပြီး အရေပြားကို သန့်စင်နိုင်ပါတယ်။ ပင်စိမ်းအဆီကို အရေပြားပေါ် မိနစ် ၂၀ခန့်လိမ်းထားပြီး ရေခဲရေဖြင့်ဆေးကြောလိုက်ပါ။ ချွေးပေါက်ပိတ်ဆို့နေသော အညစ်အကြေးတွေ၊ ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေ၊ ဝက်ခြံတွေကို သက်သာစေပါတယ်။

၅) စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်နိုင်ခြင်း
ပင်စိမ်းရဲ့အဆီဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ အာရုံကြောတွေကို နိုးဆွစေတဲ့ဟော်မုန်းကို ပုံမှန်ဖြစ်စေတာကြောင့် ပျော်ရွှင်ခြင်းနဲ့ စွမ်းအင်တိုးစေပါတယ်။

၆) ဆီးချိုသွေးချိုရောဂါကိုထိန်းချုပ်နိုင်ခြင်း
ဟင်းထဲ ပင်စိမ်းရွက်ထည့်စားခြင်းအားဖြင့် သွေးထဲက သကြားဓာတ်ထုတ်လုပ်မှုကို နှေးစေပါတယ် အဲဒါကြောင့် ဆိးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စေပါတယ်။ triglyceride နဲ့ cholesterol ပမာဏကို ကျဆင်းဖို့ကူညီနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါထိန်းချုပ်ဖို့ရာအထောက်အကူပြုပါတယ်။

၇) အသည်းလုပ်ဆောင်ချက်ကို အားပေးပြီး အဆိပ်တောက်ကင်းစေခြင်း
အသည်ကျန်းမာရေးအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အဆိပ်အတောက်ကင်းစေပါတယ်။ အသည်းမှ ာအဆီစုခြင်းကိုလည် တားဆီးနိုင်ပြီး ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကင်းအောင် ကူညီနိုင်ပါတယ်။

၈) အူကျန်းမာစေခြင်း
ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ပြန်လည်ထိန်းညှိပေးနိုင်တာကြောင့် အူထဲက အကျိုးပြုဘက်တီးရီးယားတွေကို မွေးဖွားပေးစေပါတယ်။ ကျန်းမာတဲ့အူကြောင့် ခုခံအားတိုးစေပြီး အစာခြေဖို့ လွယ်စေပါတယ်။

၉) အစာအိမ်ရောဂါတွေကိုကာကွယ်ဖို့ကူညီနိုင်ခြင်း
ပင်စိမ်းမှာပါဝင်တဲ့ အဆီက အစာအိမ်ထဲက ပြဿနာတွေကို ကုသဖို့ရာ အိမ်သုံးဆေးအဖြစ်သုံးနိုင်ပါတယ်။ လေပွခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်ပွားစေဘဲ အစာအိမ်ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။