ပင်ပန်းနွမ်းနယ်မှုအနည်းဆုံးဖြစ်အောင်လုပ်သင့်တဲ့အချက်များ

· တခါတလေကျရင် စိတ်ဆောင်နေလို့သာ ရုပ်က ဇောနဲ့အလုပ်လုပ်နေပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ တနည်းအားဖြင့် အမောမခံနိုင်တော့တာ၊ မောလွယ်တာ၊ နှုးခွေတာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ကတော့ စိတ်အားထက်သန်နေတာမို့ ခန္ဓာကိုယ်ကိုသတိထားမိတာမျိုးပေါ့။ အဲဒီလိုမဖြစ်ရစေဖို့ စိတ်အားထက်သန်စွာ နေ့မအားညမအားအလုပ်လုပ်တော့မယ်ဆိုရင် တသိတရနဲ့ ကိုယ်ခန္ဓာအတွက် အားဖြည့်တဲ့အနေနဲ့ လုပ်သင့်တာလေးတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း လုပ်သင့်ပါတယ်နော်။ ဘာတွေသတိထားပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးရမလဲဆိုတာ တစ်ပုံချင်းဖတ်ကြည့်လိုက်ပါအုံးနော် ၁) တစ်နေ့တာအတွက် လိုအပ်တဲ့ ရေလုံလောက်အောင် သောက်ပေးပါ ၂) ကိုယ်လက်လှုပ်ရှားလေ့ကျန်းခန်းလုပ်ဖို၌အချိန်သတ်မှတ်ထားပါ ၃) မနက်စာ စားဖြစ်အောင်စားပါ ၄) နေရောင်ခြည်မှတဆင့် ဗီတာမင် ဒီရပါစေ ၅) ကဖင်းဓာတ်ပါသောသောက်စရာများ လျော့ပါ ၆) စိတ်ဖိစီမှုတွေပြေလျော့ဖို့ကြိုးစားပါ ၇) အိပ်ရေးဝဝ အိပ်‌ပေးပါ


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။