ပေါက်ပန်းဖြူရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ပေါက်ပန်းဖြူရွက်ကို Sesbania ဟုခေါ်ကြပြီး ကျန်းမာရေးအတွက်ကောင်းကျိုးတွေများကြီးရှိပါတယ်။ သွေးဖိအားကျစေခြင်း၊ သွေးကြောတွေပြေလျော့စေခြင်း၊ ခုခံအားကောင်းစေခြင်းစတဲ့အကျိုးကျေးဇူးတွေများကြီးရှိပါတယ်။ အရွက်ကို ပြုတ်တို့တာဖြစ်ဖြစ်၊ ဟင်းချိုချက်သောက်တာမျိုးဖြစ်ဖြစ် စားသုံးတတ်ကြပါတယ်။


၁) သွေးဖိအားကျစေပြီး သွေးကြောများပြေလျော့စေခြင်း
ပေါက်ပန်းဖြူမှာ ဗီတာမင်စီပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး သွေးဖိအားကျစေပါတယ်။
ဗီတာမင်စီကြောင့် သွေးကြောတွေပြေလျော့စေပြီး LDL cholesterol တွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီပမာဏ ချို့တဲ့သူတွေမှာ နှလုံးရောဂါဖြစ်ပွားခြင်း၊ သွေကြောဆိုင်ရာရောဂါတွေဖြစ်ပွားခြင်း၊ လေဖြတ်ခြင်းတွေဖြစ်ပေါ်စေပါတယ်။

၂) သန္ဓေသားပုံမှန်ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေခြင်း
ဖောလိတ်ဓာတ်ပါဝင်မှုကြောင့် သန္ဓေသားပုံမှန်ဖွံ့ဖြိုးစေဖို့အထောက်အကူဖြစ်စေပါတယ် ။ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးရှိစေပါတယ်။

၃) အရေပြားအတွက်အကျိုးပြုစေခြင်း
အရေပြားဖျော့တော့ခြင်း ၊ သွေးအားနည်းခြင်း၊ စတဲ့ သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်ပါဝင်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ သံဓာတ်ရရှိစေပြီး သွေးအားကောင်းစေတာကြောင့် အရေးပြားဖြူဖျော့ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄) ခုခံအားတိုးစေခြင်း
Selenium ဓာတ်ကြောင့် ခုခံအားကောင်းစေပြီး ပေါက်ပန်းဖြူရွက်မှာ ထိုဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားကောင်းဖို့ ကူညီပေးပါတယ်။

၅) Alzheimer ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ခြင်း
ပေါက်ပန်းဖြုမှာ vitamin B1 ပါဝင်တာကြောင့် အင်ဇီုင်းမားရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်ပါတယ်။

၆) Migraine ခေါင်းကိုက်ရောဂါကိုသက်သာစေခြင်း
ပုံမှန်ခေါင်းကိုက်ခြင်းနဲ့ Migraine ခေါင်းကိုက်ရောဂါကိုလည်းသက်သာစေပါတယ်။ riboflavin ဓာတ်လုံလောက်စွာရရှိတဲ့လူတစ်ယောက်ဟာ ခေါင်းကိုက်ရောဂါဖြစ်ပွားမှုကိုလျော့ကျစေပါတယ်။ အဲဒါကြောင့် vitamin B2 ကြွယ်ဝတဲ့အစားအစာတွေက ခေါင်းကိုက်ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ် ။

၇) အားအင်ကုန်ခမ်းခြင်းကို ကာကွယ်နိုင်ခြင်း
ကြွက်သားအားအင်ကုန်ခမ်းခြင်း၊ မောပန်းခြင်း၊ ကဲ့သို့ ကျန်းမာရေးပြဿနာများကို ပေါက်ပန်းဖြူမှာပါဝင်တဲ့
Phosphorus ကြောင့် ခန္ဓာကိုယ်မှာ တက်ကြွအားအင်ပြည့်စေပါတယ်။
https://www.healthbenefitstimes.com/sesbania/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။