ပတ်ဝန်းကျင်မှာ မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ

ကိုယ်တွေငယ်ငယ်ကတော့ ဒီလိုအချိန်ဆိုရင် အမှိုက်တွေမီးရှို့ပြီး မီးလှုံ့တတ်ကြတာပါပဲ။ ဒါပေမယ့်လည်း အဲဒီ့အချိန်တွေတုန်းက သစ်ပင်တွေလည်းပေါများသလို၊ စက်ရုံအလုပ်ရုံတွေလည်း အရမ်းကြီးမရှိသေးတဲ့အပြင် မော်တော်ယာဥ်တွေလည်း ခုချိန်လောက် မရှုပ်သေးပါဘူးနော်။ အချိန်ကြာလာတာနဲ့အမျှ မော်တော်ယာဥ်တွေ၊ စက်ရုံတွေ ပေါများလာခြင်းအပြင် အပင်တွေပါ နည်းပါလာခြင်းကြောင့် လေထုညစ်ညမ်းမှု ပိုများလာစေပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာ မီးရှို့ခြင်းကြောင့်လည်း လေထုညစ်ညမ်းမှုကို ပိုဆိုးလာစေပါတယ်။ အဲဒီ့အတွက် ပတ်ဝန်းကျင်မှာ မိးရှီု့တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) လေထုညစ်ညမ်းခြင်း
လေထူထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးနိုင်တဲ့သစ်ပင်တွေက နည်းသထက်နည်းလာပြီး မော်တော်ယာဥ်တွေနဲ့ စက်ရုံအလုပ်ရုံတွေတိုးပွားလာခြင်းကြောင့် လေထူညစ်ညမ်းစေတဲ့အခြေအနေကို ပိုပြီးဆိုးဝါးလာစေပါတယ်။ အဲဒါကိုမှ အမှိုက်တွေမီးရှို့ခြင်း၊ ပလပ်စတစ်ပစ္စည်းတွေက အစ မီးရှို့ခြင်းက အနီးနားက လူတွေကို အန္တရာယ်ဖြစ်စေသလို၊ လေထုညစ်ညမ်းမှု ပိုဖြစ်လာစေပါတယ်။

၂) ရောဂါများပိုပြီးဖြစ်ပွားနိုင်ချေများလာခြင်း
ပလပ်စတစ်တွေကိုမီးရှို့လိုက်ခြင်းက (dioxins)၊ (furans)၊ (mercury) နဲ့ BCPs လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်တဲ့ polychlorinated biphenyls ကဲ့သို့ ကွန်ပေါင်းဓာတ်ငွေ့ တွေကို လေထုထဲထုတ်လွှတ်စေပါတယ်။ မီးရှို့ရာက ထွက်လာတဲ့ဓာတ်ငွေ့တွေကြောင့် အနီးနားကလူတွေရှုမိတဲ့အခါ နဂို ရင်ကြပ်အခံရှိသူ၊ အဆုတ်ရောဂါအခံရှိသူနဲ့ ခဲဆိပ်သင့်သူ၊ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေအတွက် လုံးဝအဆင်မပြေစေပါဘူးနော်။ လေထူညစ်ညမ်းလေလေ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့လေထုကို လူတွေမရှုရှိုက်ရတော့ဘဲ ရောဂါဖြစ်ပွားနိုင်ချေပိုများလာပြီး အသက်တိုစေနိုင်ပါတယ်။

၃)အက်ဆစ်ဖြစ်ထွန်းစေခြင်း
လူသားတွေရဲ့လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့လေထူညစ်ညမ်းစေကတဆင့် အက်ဆစ်ဖြစ်ထွန်းခြင်းဖြစ်ပေါ်လာပါတယ်။ အက်ဆစ်ပြင်းအားပါဝင်သည့် မိုးရွာသွန်းခြင်း၊ လူတွေရှုရှိုက်မိခြင်းကြောင့်သာမက အခြားကုန်းနေရေနေသတ္တဝါများနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်စေပါတယ်။

၄) ကုန်းနေရေနေသတ္တဝါများ၊ သစ်ပင်များနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း
ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုသာမကပါဘူး၊ တိရိစ္ဆာန်တွေကိုလည်း ထိခိုက်စေနိုင်သလို၊ အပင်တွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်တာပါပဲ။ မြေဆီလွှာရှိ မြေသြဇာကို အက်ဆစ်ဓာတ်ကဖျက်ဆီးပစ်သောကြောင့် အပင်များ အာဟာရပြတ်လပ်မှုဖြစ်ပြီး တဖြည်းဖြည်းသေဆုံးသွားနိုင်သည်။ မြစ်ချောင်းအင်းအိုင်များတွင် အက်ဆစ်ဓာတ်များလာပါက ငါးများ သားပေါက်ခြင်းကိုဆောင်ရွက်နိုင်ခြင်းမရှိတာမျိုးကြောင့် ကုန်းနေ‌‌ရေနေသတ္တဝါများမျိုးတုံးလာနိုင်ခြင်း၊ ရေညှိပင်တွေသေဆုံးတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်တွေမီးရှို့တာမျိုးတွေတွေ့ရင် မလုပ်ဖို့ ၊ လက်လှမ်းမီသလောက် ရှင်းပြပေးလိုက်ပါအုံးနော်။
https://www.moezala.gov.mm/ မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆောင်းပါးများမှ ကိုးကားဖတ်ရှုလေ့လာဖော်််််ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။