Parkinson’s Disease ဆိုတာဘာလဲ။

Parkinson ရောဂါဆိုသည်မှာ dopamine ဟုခေါ်သည့် အာရုံကြောများအတွင်းပို့ဆောင်ဆက်သွယ်ပေးနေသည့် ပစ္စည်းထုတ်လုပ်သည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ် ။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ ၊ စိတ်နှင့် ကိုယ်ခန္ဓာညီညွတ်မျှတအောင်ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။


အသက်၆၀ အထက်အသက်အရွယ်များဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော်လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ယောကျ်ားလေးများဟာမိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ရဲ့လက္ခဏာတွေကတော့
တစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါဘူး။ သတိပြုနိုင်တဲ့လက္ခဏာတွေကတော့
– သင့်ရဲ့လက်များနဲ့လက်ချောင်းများဟာ ငြိမ်နေတဲ့အခါ တုန်နေခြင်း ။
– parkinson ရောဂါဟာ သင့်ရဲ့လှုပ်ရှားမှုတွေကိုနှေးကွေးစေပြီး သာမာန်အလုပ်များကိုပင် ခက်ခဲစေ၍အချိန်ကြာစေပါတယ်။ လမ်းလျှောက်တဲ့အခါခြေလှမ်းများစိတ်နေခြင်း သို့ ထိုင်ခံမှထရာတွင်ခက်ခဲနေခြင်း ၊
– ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆိုကြွက်သားများတောင့်တင်းနေ၍ လှုပ်ရှားရန်ခက်ခြင်း ၊ နာကျင်နေခြင်း၊
– ခန္ဓာကိုယ်ပုံစံအနေအထားမညီမျှခြင်း၊
– စိတ်မှထိန်းချုပ်စရာမလိုသော လှုပ်ရှားမှုများဖြစ်သည့် မျက်တောင်ခတ်ခြင်း ၊ ပြုံးခြင်း၊ လမ်းလျှောက်ရာတွင်လက်လွှဲခြင်း
– စကားပြောရာတွင်ပျော့ပျောင်းနေခြင်း၊လျှင်မြန်နေခြင်း၊ စကားမပြောခင် တုံ့ဆိုင်းနေတတ်ခြင်း ၊ စကားပြောသည့်အခါ အသံနေအထားတစ်ပုံစံတည်းဖြစ်နေခြင်း၊
– စာရေးရာတွင်အခက်အခဲရှိခြင်း၊
အခြားသောလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ အသေးစိတ်သိရဖို့အတွက် ဆရာဝန်နဲ့သာတိုင်ပင်သင့်ပါတယ်။
Parkinson ရောဂါဖြစ်စေတဲ့အကြောင်းအရာကိုမသိရှိရသေးပါဘူး။လေ့လာစမ်းသပ်မှုများလုပ်နေကြတုန်းပါပဲ။ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့......

– မျိုးရိုးဗီဇ ။ လေ့လာနေသူများကတော့ မျိုးရိုးဗီဇပြောင်းလဲမှုများဟာ parkinsonရောဂါကိုဖြစ်စေပါတယ်။ Parkinson ရောဂါဖြစ်ဖို့အလားအလာများစေတဲ့မျိုးရိုးဗီဇပြောင်းလဲမှုများစွာရှိပါတယ်။
– အဆိပ်တွေနဲ့အခြားပတ်ဝန်းကျင် အခြေအနေများစွာက ရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။ ဖြစ်တဲ့နှုန်းကတော့နည်းပါတယ်။
– ဦးနှောက်ဆဲလ်များထဲတွင်ရောဂါဖြစ်စေတဲ့lewy bodies နဲံ A- synuclein ဆိုသောအရာများ ရှိနေခြင်း စတဲ့အကြောင်းအရာတွေဖြစ်ပြီး
Parkinson ရောဂါကိုပိုဆိုးစေတဲ့အရာတွေကတော့..
– အသက်အရွယ်။ လူငယ်တွေကတော့ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ အသက်အလတ်ပိုင်း သို့ အသက်ကြီးပိုင်းမှစပြီးရောဂါဖြစ်နိုင်ချေများလာပါတယ်။ အသက်၆၀ သို့ ၆၀ နှင့်အထက်လူများတွင်ရောဂါစပြီး ဖြစ်ပွားလာတတ်ကြပါတယ်။
– မျိုးရိုးဗီဇ။ သင်ဟာ parkinson ရောဂါရှိသူနှင့် အမျိူးဖြစ်နေလျှင်တော့ ရောဂါဖြစ်နိုင်ချေပိုများများပါတယ်။ သင့်ရဲ့ဆွေးမျိုးတွေမှာ parkinson ရောဂါရှိသူတွေများပေမယ့်လည်း သင့်တွင်တော့ ရောဂါဖြစ်နိုင်ချေနည်းပါတယ်။
– ယောကျ်ားတွေဟာ အမျိုးသမီးတွေထက်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။
– ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးများနှင့် ထိတွေ့မိခြင်းဟာလည်းရောဂါဖြစ်နိုင်ချေကိုပိုပြီးများစေပါတယ်။
အထက်ဖော်ပြပါအချက်တွေမရှိတာနဲ့သင့်မှာဒီရောဂါမရှိဘူးလို့မပြောနိုင်ပါဘူး။ အထက်ဖော်ပြပါအချက်များဟာ ကိုးကားချက်များသာဖြစ်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်တာအကောင်းဆုံးပါပဲ။
ရောဂါကိုရှာဖွေစမ်းသပ်ဖို့အသေးစိတ်စမ်းသပ်မှုတွေမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ရောဂါလက္ခဏာများ အပေါ်မှာမူတည်ပြီးဆရာဝန်ဟာ အာရုံကြော နှင့် ကိုယ်ပိုင်းဆိုင်ရာစမ်းသပ်ပါလိမ့်မယ်။

သင့်ရောဂါလက္ခဏာတွေကိုဖြစ်စေတဲ့အခြေအနေတွေကိုသိရဖို့ သွေးစစ်ခြင်းကဲ့သို့စမ်းသပ်မှုတွေကိုလည်းလုပ်ပါလိမ့်မယ်။ MRI ရိုက်ခြင်း ၊ ဦးနှောက်ကို အယ်ထရာစောင်းရိုက်ခြင်း ၊ SPETC နှင့် PET scan ရိုက်ခြင်းတို့ကို အခြားရောဂါများကို ရှာဖွေနိုင်ရန်အတွက် အသုံးပြုပါလိမ့်မည်။
တစ်ခါတစ်ရံမှာparkinsonရောဂါကို ရှာဖွေစမ်းသပ်ခြင်းသည်အချိန်ကြာမြင့်ပါတယ် ။ ဆရာဝန်များဟာ ဦးနှောက်နှင့်အာရုံကြောဆရာဝန်များနှင့် မှန်မှန်တွေ့စေပြီး သင့်အခြေအနေနှင့် ရောဂါလက္ခဏာများကို ရှာဖွေပြီး parkinson ရောဂါဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြပါတယ် ။
Parkinson ရောဂါဟာ ကုသ၍မရနိုင်ပါဘူး။ သို့သော်လည်း ဆေးဝါးများဟာတော့ သင့်ရဲ့ရောဂါလက္ခဏာများကိုသက်သာစေပါတယ် ။ နောက်ပိုင်းကိစ္စများတွင်ခွဲစိတ်ရန်အကြံပေးကြပါတယ် ။ဆေးဝါးကာသမှုတွေဟာ သင့်ရဲ့လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်း နဲ့ခြေ ၊ လက်များတုန်ခြင်း စတဲ့ပြဿနာတွေကိုသက်သာစေပါလိမ့်မယ်။ဒီလိုကုသမှုတွေဟာ dopamine ကိုများလာစေပါတယ် ။
ကုသမှုခံယူပြီးတဲ့နောက်မှာသင့်ရဲ့ရောဂါလက္ခဏာတွေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။တစ်ခါတစ်ရံမှာရောဂါလက္ခဏာတွေကိုကောင်းကောင်းထိန်းချုပ်နိုင်နေပေမယ့် ဆေးအာနိသင်မပြတာမျိုးလည်းဖြစ်တတ်ပါတယ်။
အောက်ပါအချက်လေးတွေကို လုပ်ကြည့်ခြင်းက ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုမှာ ရောဂါသက်သာလာစေနိုင်ပါတယ်။
– ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ ။အချို့အစားအစာတွေဟာရောဂါလက္ခဏာများကို သက်သာစေပါတယ် ။ ဥပမာအားဖြင့် အမျှင်ဓာတ်များစွာပါဝင်တဲ့အစားအစာတွေနဲ့ရေအလုံအလောက်သောက်သုံးခြင်းဟာparkinsonရောဂါမှာအဖြစ်များတဲ့ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ သင့်တင့်ညီညွတ်တဲ့အစားအစာများဟာ Omega 3 ဟုခေါ်သည့်အဆီဓာတ်ကိုပေးပြီး ထိုဓာတ်ဟာ parkinsonရောဂါရှိသူတွေအတွက်အကျိုးပြုပါတယ်။
– လေ့ကျင့်ခန်းများလုပ်ခြင်းဟာလည်း ကြွက်သားများကို သန်မာ ပျော့ပြောင်းစေ၍ ဟန်ချက်ညီစေပါတယ်။parkinsonရောဂါဟာ ကြွက်သားများကိုဟန်ချက်မညီစေ၍ လမ်းလျှောက်ရာတွင်ခက်ခဲစေပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့စိတ်ကိုလည်းစိုးရိမ်မှုများ ၊ စိတ်ဓာတ်ကျမှုများမှကင်းဝေးစေပါတယ်။
– ပြုတ်ကျခြင်းမှကာကွယ်နိုင်ရန်
သင့်ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုခြေထောက်နှစ်ဖက်ပေါ်တွင်ညီညီမျှမျှရပ်ရပါမယ်။ လမ်းလျှောက်နေစဉ်ပစ္စည်းများသယ်ခြင်း၊နောက်ပြန်လမ်းလျှောက်ခြင်းတို့ကိုမပြုလုပ်သင့်ပါဘူး။
– နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အဝတ်အစားဝတ်ခြင်း ၊အစာစားခြင်း ၊ ရေချိုးခြင်း နှင့် စာရေးခြင်းတွေဟာ ရောဂါရှိသူများအတွက်ခက်ခဲနေနိုင်ပါတယ် ။
ဒီထက်အသေးစိတ်သိချင်တာမျိုး၊ ရောဂါနဲ့ပတ်သက်ပြီးမေးမြန်းချင်တာမျိုးရှိရင်တော့ ဆရာဝန်နဲ့သာ အသေးစိတ်တိုင်ပင်မေးမြန်းသင့်ပါတယ်။
ဒီဆောင်းပါးကို hellosayarwon.com မှ လေ့လာဖတ်ရှုကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။