ငရုတ်ကောင်းစေ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ငရုတ်ကောင်းကို ဒီမှာတော့ ဟင်းချိုထဲထည့်ခတ်တာဖြစ်ဖြစ်၊ ဟင်းချက်ရင်ထည့်တာဖြစ်ဖြစ် ထည့်သုံးတတ်ကြပါတယ်။ ခန္ဓာကိုယ်အတွက်လည်း အများကြီးအကျိုးရှိစေတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်တဲ့အခါ မရင့်သေးတဲ့ငရုတ်ကောင်းကို မခူးဘဲ ခြောက်သွေ့ပြီးအမဲရောင်ပြောင်းသွားတဲ့ငရုတ်ကောင်းကသာ ပိုပြီးအသုံးဝင်စေပါတယ်။


၁) ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ကျစေခြင်း
ငရုတ်ကောင်းအမဲရောင်မှာ ပါဝင်တဲ့ The piperine ဆိုတဲ့ဓာတ်တစ်မျိုးက ကင်ဆာဖြစ်ပွားမှုကို တားဆီးကာကွယ်တယ်လို့ဆိုကြပါတယ်။ Vitamin C, Vitamin A, flavonoids, carotenes နဲ့ အခြား anti-oxidants တွေလည်းပါဝင်တာမို့ ကင်ဆာဖြစ်ပွားစေတဲ့အန္တရာယ်ဖြစ်စေတဲ့ free radicals တွေကို တိုက်ဖျက်ဖယ်ရှားနိုင်တာကြောင့် ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

၂) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
The piperine ဆိုတဲ့ဓာတ်ကပဲ အစာကိုကြေလွယ်ဖို့ အစာအိမ်ကိုလှုံ့ဆော်ပေးပါတယ်။ hydrochloric acid တွေပိုပြီးထုတ်လုပ်စေပြီး အစာစားတဲ့အခါ ပိုပြီးကြေလွယ်စေပါတယ်။

၃) အအေးမိနှာစေးခြင်းကိုကုသပေးနိုင်ခြင်း
သဘာဝအရ ပိုးသေစေတဲ့အစွမ်းရှိတာကြောင့် ပြင်ပမှ အအေးပတ်ခြင်း၊ ချောင်းဆိုခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးပူထဲငရုတ်ကောင်းစေ့ထည့်ကာ၊ ယူကလစ်ဆီနဲ့ထည့်ပြီး ရေနွေးငွေ့ကိုရှုရှိုက်ခြင်းက ချောင်းဆိုး၊ နှာစေးခြင်းကို သက်သာစေပါတယ်။

၄) ဝိတ်ထိန်းပေးနိုင်ခြင်း
လတ်ဆတ်တဲ့ငရုတ်ကောင်းကိုစားသုံးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ရေဓာတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာစားချင်စိတ်ကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်။

၅) အရေပြားကျန်းမာစေခြင်း
ငရုတ်ကောင်းကိုအမှုန့်ကြိတ်ထားပြီး ပျားရည်၊ ထောပတ်တို့နဲ့ရောမွှေကာ သင့်မျက်နှာမှာလိမ်းပေးခြင်းက သင့်မျက်နှာအရေးအကြောင်းကိုပြေပျောက်စေနိုင်ပါတယ်။ သင့်အရေပြားသွေးလည်ပတ်မှုကောင်းမွန်စေပြီး အောက်ဆီဂျင်ရရှိစေတာကြောင့် အရေပြားကိုနုပျိုစေပါတယ်။ အရေပြားအရောင်မညီခြင်းများကိုသက်သာစေပါတယ်။

၆) စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း
ငရုတ်ကောင်းစားပေးခြင်းဖြင့် စိတ်ဓာတ်ကျရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေပါတယ်။ ဦးနှောက်ကို လန်းဆန်းတက်ကြွစေအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

https://food.ndtv.com/opinions/black-pepper-benefits-more-than-just-a-spice-1238993 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။