ငွေဖြင့်ဝယ်မရသောအရာများ

ဘဝမှာ ငွေက အရေးပါတယ်ဆိုပေမယ့် တခါတလေမှာ ငွေနဲ့ဝယ်လို့မရတဲ့အရာတွေရှိပါတယ်။ တချို့အရာတွေက ငွေနဲ့လုံးဝမ၀ယ်နိုင်ဘဲ လူသားချင်းစာနာထောက်ထားမှုနဲ့ ကိုယ်ချင်းစာစိတ်၊ မေတ္တာစေတနာတွေပေါ်မူတည်ပြီး ဖြစ်တည်လာတဲ့အရာတွေရှိတတ်ပါတယ်။ အဲဒါကြောင့်သာ ငွေတွေအများကြီးပိုင်ဆိုင်ထားပေမယ့် မပျော်ရွှင်တဲ့လူတွေရှိနေတာပေါ့။ အဲဒါကြောင့် ငွေဟာ ဘဝမှာ အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအတွက်တော့ လိုအပ်ပေမယ့် နှလုံးသားနဲ့အရင်းတည်ပြီးမှ ဖြစ်ပေါ်လာတဲ့အရာတွေမှာတော့ ငွေနဲ့ပေးဝယ်လို့မရနိုင်ပါဘူးနော်။ အဲဒီ့အတွက် နှလုံးသားနဲ့ဦးနှောက်မျှတစွာတွေးခေါ်စဉ်းစားမိဖို့ကလည်း ဘဝမှာအရေးကြီးတယ်လို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။