ငုံးဥစားခြင်းရဲ့ကောင်းကျိုးများ

ငုံးဥမှာ ကျန်းမာရေးကောင်းစေတဲ့ good cholesterol, vitamin B1, vitamin B2, နဲ့ vitamin A တွေပါဝင်ပါတယ်။ ကြက်ဥနဲ့ယှဉ်ရင် ငုံးဥမှာ vitamin B1 ခြောက်ဆပိုများပြီး B2 vitamin ၁၅ဆပိုများပါတယ်။ ငုံးဥမှာပါဝင်တဲ့ protein ဓာတ်က ခုခံအားကောင်းဖို့ ကူညီပေးပါတယ်။


၁) ပရိုတင်းဓာတ်ကြွယ်ဝခြင်း
ပုံမှန်ကြက်ဥထက် ငုံးဥက ပရိုတင်းဓာတ်ပိုကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ပိုအာဟာရပြည့်ဝစေပါတယ်။ ပရိုတင်းဓာတ်က ဆဲလ်အသစ်တွေဖြစ်ပေါ်စေခြင်း၊ တစ်ရှုး၊ ကြွက်သား၊ အရိုးနဲ့ သွေးကြောတွေပြန်လည်ကောင်းမွန်စေပါတယ်။

၂) သွေးအားနည်းခြင်းကိုကာကွယ်ပေးနိုင်ခြင်း
လေ့လာချက်အရ ငုံးဥဟာ သွေးအားနည်းခြင်းကိုကာကွယ်ပေးနိုင်တဲ့ သံဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ သံဓာတ်က ခန္ဓာကိုယ်တွင်းအဂါၤတွေအတွက် အောက်ဆီဂျင်တွေပို့ပေးဖို့အတွက် အရေးပါပါတယ်။ သံဓာတ်နဲ့ ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့် သွေးနီဥတွေနဲ့ သွေးအားကောင်းစေတာကြောင့် သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ပါတယ်။

၃) ကိုလက်စထရောပမာဏကို လျော့ချပေးခြင်း
ငုံးဥမှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှု အလားအလာနည်းစေပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ကျစေပြီး ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ကိုလက်စထရောတွေကို တိုးပွားစေပါတယ်။

၄) ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကို ကင်းစေခြင်း
ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ငုံးဥစားခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုမှာပါဝင်နေတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ကူညီနိုင်ပါတယ်။ အဲဒါကြောင့် အဆိပ်အတောက်တွေကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ်နိုင်ပါတယ်။

၅) ခုခံအားကောင်းစေတဲ့အတွက် ကျန်းမာစေခြင်း
Antioxidants တွေပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းနာတာရှည်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ vitamin C နဲ့ vitamin A ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ကျန်းမာစေပါတယ်။

၆) Allergies ဖြစ်ခြင်းကိုကုသနိုင်ခြင်း
ovomucoid protein ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ဓာတ်မတည့်ခြင်းကို ကုသပေးနိုင်ပါတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၇) စွမ်းအင်တိုးစေခြင်း
minerals နဲ့ micronutrients တွေပါဝင်တာကြောင့် စွမ်းအင်တိုးစေပါတယ်။ Vitamin B ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို တိုးစေပါတယ်။

၈) အမြင်အာရုံကောင်းမွန်စေခြင်း
vitamin A ကြွယ်ဝတာကြောင့် အမြင်အာရုံကောင်းမွန်စေပါတယ်။
https://www.organicfacts.net/health-benefits/animal-product/quail-eggs.html လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။