ငါးကြီးဆီ စားခြင်း၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ငါးကြီးဆီ ဆိုတာ ငါးရဲ့တစ်ရှုးတွေကနေ ထုတ်လုပ်ထားတဲ့အဆီဖြစ်ပါတယ်။ အဆီများတဲ့ငါးကနေရလာတာဖြစ်ပြီး တူနာငါး၊ မက်ကရယ်ငါးကဲ့သို့ ငါးတွေကနေ ရယူတာဖြစ်ပါတယ်။ တခါတရ့မှာ အခြားသော ငါးတွေရဲ့သည်းခြေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကော့ဒ်ပင်လယ်ငါးရဲ့ အသည်းမှရတဲ့အဆီလည်းဖြစ်ပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ်နှစ်ကြိမ်ခန့်စားဖို့ တိုက်တွန်းထားပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဖက်တိးအက်ဆစ်က များစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ ဗီတာမင်အေနဲ့ဒီလည်း ပါဝင်နိုင်ပါသေးတယ်။ ငါးကိုမစားဖြစ်ဘူးဆိုရင်တော့ ငါးကြီးဆီကို ဖြည့်စွက်စာအဖြစ်စားပေးနိုင်ပါတယ်။ ငါးကြီးဆီရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေခြင်း
၂) အင်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်ချေ လျှော့ကျစေခြင်း
၃) အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေခြင်း
၄) စိတ်ဓာတ်ကျခြင်းကို ကုသရာတွင်အသုံးဝင်ခြင်း
၅) ADHD ရောဂါကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေခြင်း
၆) ဆံသားကောင်းမွန်စေခြင်း
၇) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
၈) နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း
၉) ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်ခြင်း

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။