နောင်တမရှိတဲ့ဘဝဖြစ်ဖို့

လူသားတွေရဲ့နောက်ဆုံးအချိန်မှာရတဲ့နောင်တအများစုဟာ ဘဝတစ်လေ ျှာက်မှာ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေထက် မပြုလုပ်မိခဲ့တဲ့အရာတွေကို ပိုပြီးနောင်တရတတ်ကြပါတယ်။ တစ်ခုစဉ်းစာကြည့်ကြရအောင်၊ အကယ်၍ မနက်ဖြန်ကသာ အသက်ရှင်နေထိုင်ဖို့ နောက်ဆုံးရက်ဖြစ်ခဲ့မယ်ဆိုရင် နောင်တရစရာတွေ ရှိနေမလား။ ငါသာ လုပ်ဖြစ်လိုက်ခဲ့ရင်ဆိုတဲ့ အတွေးမ ျိုးကို လူတိုင်းတွေးမိတတ်ကြပါတယ်နော်။ ဒါကြောင့် ဘဝနောက်ဆုံးအချိန်မှာ နောင်တတွေနဲ့ ထွက်ခွာမသွားရအောင် နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထလေးတွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁။ ရည်ရွယ်ချက်ရှိရှိနေထိုင်ပါ

နေ့စဉ်ဘဝကို ရည်ရွယ်ချက်ရှိရှိ နေထိုင်သင့်ပါတယ်။ သင့်ဘဝမှာ အမှန်တကယ်လိုချင်တာဘယ်အရာတွေလဲ၊ လိုအပ်တာ ဘာတွေလဲ၊ သင်ဘာတွေ ဖြစ်ချင်တာလဲ။ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံးအရာတွေကို ဦးစားပေးသင့်ပါတယ်။

“ငွေနောက်ကို လိုက်ခဲ့တုန်းက ဒီလောက်နဲ့ပဲ ကေ ျနပ်တယ်ဆိုတာမရှိဘူး၊ ပြီးဆုံးသွားတယ်ဆိုတာမရှိဘူး။ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာကို အာရုံစိုက်ပြီး ရည်ရွယ်ချက်ရှိရှိ နေထိုင်လိုက်တော့မှ ဘဝက ပြည့်စုံသွားတာပါ။” – Wayne Dyer

၂။ အချိန်မဖြုန်းပါနဲ့

ဒီနေ့လုပ်ရမယ့်အလုပ်ကို မနက်ဖြန်မှပဲလုပ်ပါတော့မယ်ဆိုပြီး မကြာခဏဆိုသလို တွေးလေ့ရှိကြတယ်။ နောက်မှလုပ်မယ်၊ နောက်မှလုပ်လို့လဲ အဆင်ပြေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို လှည့်စားကြတယ်၊ တကယ်က ပ ျင်းရိတာပါပဲ။ မပ ျင်းပါနဲ့၊ အချိန်တွေမဖြုန်းပါနဲ့တော့။ ဒီနေ့လုပ်ရမယ့်အလုပ်ကို ဒီနေ့ပဲလုပ်လိုက်ပါ။ အနာဂတ်ကောင်းဖို့ဆိုရင် လက်ရှိအချိန်ကို ကောင်းအောင်ကြိုးစားဖို့လိုပါတယ်။

“ယုံကြည်မှုရှိပါ။ လှေကားထစ်ဆိုတာ တစ်ထစ်ခြင်းတက်ရင်းပဲ နောက်ဆုံးလှေကားထိပ်ကို ရောက်သွားတာပဲလေ။” – Dr. Martin Luther King Jr.

၃။ မကောင်းမမြင်နဲ့တော့

ပြသနာအခက်အခဲတစ်ခုနဲ့ ကြုံတွေ့တဲ့အခါ ညည်းငြူလေလေ ပြေလည်ဖို့ အဖြေရှာဖို့ ခက်လေပါပဲ။ မကောင်းမြင်စိတ်ရှိနေသူတစ်ယောက်အနေနဲ့ အခက်အခဲကြားက အခွင့်အလမ်းကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီ့အတွက် တိုးတက်မှာလဲမဟုတ်ဘူး။

“နံဘေးကရပ်ကြည့်ပြီး ညည်းငြူ၊ အထွန့်တက်နေမယ်ဆိုရင်တော့ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို လက်တွေ့အသုံးချ အကောင်အထည်ဖော်မှာသာ တိုးတက်မှုရှိမှာဖြစ်တယ်။” – Shirley Hufstedler

၄။ နေ့သစ်ကို စိတ်သစ် လူသစ်နဲ့စ

တစ်နေ့ချင်းစီကို စိတ်သစ်၊ လူသစ်နဲ့နေထိုင်ပါ။ မနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လောက်တောင် အမှားတွေများခဲ့လိုဆိုတာကလဲ အရေးမပါဘူး၊ က ျရှုံးမှှုတွေ၊ ငြင်းပယ်ခံရမှုတွေ ဘာကမှအရေးမကြီးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေအကုန်လုံးက ဖြစ်ပြီးသားကိစ္စတွေလေ။ ဒီနေ့ဟာ နေ့သစ်ဖြစ်ပါတယ်။ နေ့သစ်တိုင်းမှာ အခွင့်အလမ်းသစ်တွေနဲ့ ပြည့်နှက်နေပါတယ်။

“မကောင်းတဲ့နေ့တစ်နေ့ကြောင့်တော့ မကောင်းတဲ့ဘဝတစ်ခုလို့ ခံစားမနေမိစေနဲ့။” – Unkonwn

၅။ ဆင်ခြေတွေမပေးနဲ့တော့

အမြင်က ျယ်က ျယ်လေးနဲ့သာ ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ကိုယ့်ထက်အခြေအနေဆိုးကနေ အောင်မြင်မှုရအောင် ယူနိုင်ခဲ့သူတွေအများကြီးရှိပါတယ်။ ဥပမာ ဟယ်လင်ကယ်လာကိုပဲ ကြည့်ပါ။ ဒါပေမယ့်လဲ တကယ်တမ်းလက်တွေ့ဘဝမှာ ကိုယ်ရော၊ စိတ်ပါ က ျန်းမာသန်စွမ်းနေရဲ့သားနဲ့ ဆင်ခြေတွေပဲပေးတတ်တဲ့သူတွေက များပါတယ်။ ကိုယ်တတ်စွမ်းသလောက် လက်ရှိအချိန်မှာ အကောင်းဆုံးလုပ်ပါ။ ဒါဆို သင်နောင်တကင်းစွာ နေထိုင်နိုင်ပါလိမ့်မယ်။

“သင့်မှာ အောင်မြင်ဖို့ လိုအပ်တဲ့အချက်အလက်တွေအကုန် ပြည့်စုံပြီးသားပါ၊ သင်သာ ကြည့်မြင်တတ်၊ ရယူတတ်၊ တိုးတက်အောင်လုပ်တတ်၊ အသုံးချတတ်မယ်ဆိုရင်ပေါ့။” – Zig Ziglar

၆။ အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာကို ရှောင်ပါ

သင်ဘာပဲလုပ်လုပ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်မှာပဲရှိရှိ သင်ဟာသင်ပါပဲဆိုတာကို မမေ့ပါနဲ့။ လူတွေတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး သွားမယ့်လမ်းတွေလဲ မတူကြပါဘူး။ ကိုယ့်ရဲ့ အလုပ်၊ ကိုယ့်ရဲ့ ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင့်စိတ်ကို ဝေဝါးစေတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်သွားမယ့်လမ်းကြောင်းကိုသာ သေချာလေ ျှက်ပါ။

“အမှန်စင်စစ် မြင့်မြတ်တယ်ဆိုတာ ကိုယ်ကသူများတွေထက် သာနေတာကို ပြောတာမဟုတ်ဘူး။ အရင်ကကိုယ်ထက် အခုကိုယ်က ပိုတော်၊ ပိုကောင်းနေတာကို ဆိုလိုတာဖြစ်တယ်။” – Wayne Dyer

၇။ ခေါင်းမရှောင်ပါနဲ့

ခေါင်းရှောင်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တိုင်းလုပ်ဖြစ်လေ့ရှိကြပါတယ်။ ကိုယ်ကတစ်စုံတစ်ခုကို လိုချင်တယ်၊ တကယ်လဲရမယ်ဆိုရော မလိုချင်တော့ဘူး။ ကိုယ့်ကိုတာဝန်တစ်ခုပေးတယ်၊ တကယ်လဲလုပ်ရမယ်ဆိုရော ကြောက်ပြီး ခေါင်းရှောင်လိုက်ကြရော။ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ မသိစိတ်ကနေဖြစ်လေ့ရှိနေကြပါတယ်။

၈။ အကယ်၍သာဆိုတဲ့ အတွေးတွေကို ဖေ ျာက်

သူတို့သာ ငါ့ကိုလှောင်ရယ်ကြရင် ဘယ်လိုလုပ်မလဲ၊ ငါကြောင်တောင်တောင် ပုံစံပေါက်နေရင် ဘယ်လိုလုပ်မလဲ၊ ဒီအကယ်၍သာဆိုတဲ့ အတွေးတွေက လူကိုပင်ပန်းစေပါတယ်။ တကယ်မလုပ်ကြည့်ရသေးပဲနဲ့တော့ ရလဒ်ကိုမသိနိုင်ဘူးလေ။ ဘဝရဲ့နောက်ဆုံးအချိန်ရောက်မှ ငါအဟသနေထိုင်မိခဲ့ပြီဆိုပြီး ရတဲ့နောင်တဟာ အဆိုးဆုံးပါ။ အကယ်၍သာဆိုတဲ့ ကြောက်ရွံ့တတ်တဲ့ အတွေးတွေကို ဒီနေ့ကစပြီး မတွေးပါနဲ့တော့။

“ကိုယ်အမှန်တကယ်သေရတော့မယ်ဆိုတာကို သိလိုက်ရတာက ငါ့မှာ ဆုံးရှုံးစရာတွေရှိပါလားဆိုတဲ့ အတွေးထဲမှာ ပိတ်မိနေတာကနေ ဖယ်ခွာဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သေရတော့မယ်ဆိုတာကို သိနေပြီပဲ၊ ကိုယ့်နှလုံးသား၊ ကိုယ့်ရင်ထဲက ဆန္ဒနောက်ကို မလိုက်နိုင်စရာ ဘာအကြောင်းမှမရှိပါဘူး။” – Steve Jobs

၉။ သက်တောင့်သက်သာအနေအထားကနေ ရုန်းထွက်လိုက်ပါ

သင့်အတွက် အဆင်ပြေတဲ့ အနေအထားတစ်ခုမှာ သက်တောင့်သက်သာနေနေသရွေ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အမှားလုပ်ရမှာ မကြောက်ပါနဲ့၊ ပြောင်းလဲမှု အသစ်အဆန်းတွေကို မကြောက်ပါနဲ့ အရေးကြီးဆုံးက အမှားတွေကနေ သင်ခန်းစာယူရမှာကို ကြောက်မနေပါနဲ့။
“သက်တောင့်သက်သာအနေအထားကနေ ရုန်းထွက်ပါ။ အရင်ကမလုပ်ဖူးတာကို လုပ်ကြည့်တဲ့အခါ အဆင်ပြေချောမွေ့မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုအသစ်အဆန်းတွေကို လုပ်မှသာ သင်လဲတိုးတက်လာမှာဖြစ်တယ်။” – Brian Tracy

၁၀။ မေးခွန်းတွေမေးပါ

သင်ယူဖို့နဲ့ တိုးတက်လာဖို့အတွက် မေးခွန်းတွေမေးဖို့ လိုပါတယ်။ မေးခွန်းများများသာမေးပါ၊ ဘယ်သူမှ အရာအားလုံးအတွက် အဖြေကို မွေးထဲကသိလာတာမဟုတ်ပါဘူး။ မသိတာအပြစ်မဟုတ်ပါဘူး။ သိအောင်မလုပ်တာမှ အပြစ်ပါ။ ကိုယ်မမေးမိခဲ့တဲ့ မေးခွန်းတွေအတွက်တော့ နောင်တရနေစေချင်ပါဘူး။

“မေးခွန်းမေးသူဟာ ငါးမိနစ်သာ အရူးဖြစ်တယ်၊ မေးခွန်းမမေးသူကတော့ တစ်သက်လုံး အရူးအဖြစ်နဲ့ နေရတယ်။” - တရုတ်စကားပုံ

၁၁။ သင်ယူပါ

ဒီနေ့လို အင်တာနက်တွင်ကျယ်လာတဲ့ခေတ်မှာ ဘယ်အရာမဆို သင်ယူဖို့လွယ်ကူလာပါတယ်။ အခွင့်အရေးတွေဟာ ကိုယ့်ရဲ့လက်တစ်ကမ်းမှာပါ။ အချိန်ကိုအက ျိုးရှိစွာအသုံးချပြီး ကိုယ့်အတွက် အက ျိုးရှိမယ့်အရာတွေကို သင်ယူပါ။

“အခြားသူတွေရဲ့ စာပေတွေကနေတစ်ဆင့် သင့်ကိုယ်သင်တိုးတက်အောင် အချိန်ကိုအသုံးချပါ။ ဒါဆိုရင် အခြားသူတွေအတွက် ခက်ခဲတယ်ဆိုတဲ့အရာတွေက သင့်အတွက်လွယ်ကူလာပါလိမ့်မယ်။” – Socrates

၁၂။ ဆရာရှာပါ

သင်ဖြစ်ချင်တဲ့ သူမျိုးဖြစ်လာအောင် ကူညီပေးနိုင်တဲ့ လမ်းကြောင်းမှန်ကို ပြသပေးနိုင်သူကို ရှာပါ။ သက်ရှိထင်ရှားရှိနေသေးသူဖြစ်ဖြစ်၊ မရှိတော့သူဖြစ်ဖြစ်၊ သင်နဲ့ပုဂ္ဂိုလ်ရေးအရ ခင်မင်သူဖြစ်ဖြစ် ရပါတယ်။ ဘဝမှာ လေးစားအားကျရသူ ဆရာတစ်ယောက်ရှိခြင်းက ကိုယ့်ရဲ့ပန်းတိုင်ကို ရောက်အောင်လှမ်းဖို့ စိတ်ဓာတ်တက်ကြွစေပါတယ်၊ ပညာများစွာလဲ သူ့ဆီက သင်ယူနိုင်ပါတယ်။

၁၃။ ကိုယ့်ကိုယ်ကို လက်လေ ျှာ့အရှုံးမပေးလိုက်ပါနဲ့

ဘဝက ဘယ်လောက်ပဲခက်ခဲနေပါစေ၊ ပြသနာတွေ ကြုံတွေ့ရပါစေ၊ ဘယ်တော့မှ သင့်ဘဝနဲ့ သင့်အိပ်မ်ကတွေကို လက်မလေ ျှာ့လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

“ကမ္ဘာပေါ်မှာ အရေးကြီးတဲ့အရာတော်တော်မ ျားမ ျားက မေ ျှာ်လင့်ချက်မရှိဘူးလို့ ထင်ရတာတောင်မှ ဆက်ကြိုးစားခဲ့သူတွေကြောင့် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာပါ။” – Dale Carnegie

နောင်တတွေနဲ့ဘဝမဖြစ်ရအောင် ဒီအချက်အလက်လေးတွေကို နေ့စဉ်ဘဝမှာ လိုက်နာပြီး နေကြည့်လိုက်ကြရအောင်လားဗ ျာ။

? ( BaWa101 )

Source: “13 things you should do to live life without regrets,” purposefairy.com မှဘာသာပြန်ဖော်ပြထားပါသည်။

ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။