နားထောင်မှုစွမ်းရည်က ဘာကြောင့်အရေးကြီးတာလဲ။

နားထောင်မှုစွမ်းရည်က လူမှုဆက်ဆံရေးမှာကော၊ အလုပ်ခွင်မှာကော၊ တက္ကသိုလ်ကျောင်းသားများအတွက်ကော၊ အိမ်ထောင်ရေးမှာကော စသည်ဖြင့် နေရာတော်တော်များများမှာ အရေးကြီးပါတယ်။


နားထောင်မှုစွမ်းရည်ဆိုတာ ဘာလဲ……
ဘာလို့ အရေးကြီးတာလဲဆိုရင် ဘာသာစကားတစ်ခုသင်ယူမယ်ဆိုရင် နားထောင်နိုင်တဲ့စွမ်းရည်ကောင်းမှ ပြန်ပြောနိုင်မယ်၊ ဖတ်နိင်မယ်၊ ပြန်ရေးနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့လူမှုဆက်ဆံရေးမှာလည်း ထိုကဲ့သို့ပါပဲ။ အဲဒါကြောင့် အားလုံးရဲ့အခြေခံဖြစ်တဲ့ နားထောင်နိုင်စွမ်းကောင်းဖို့လိုအပ်ပါတယ်။
အခြားသူတစ်ယောက် ဘာပြောနေသလဲဆိုတာကို နားလည်မှ ဘာပြန်ပြောရမလဲဆိုတဲ့
အာရုံကနေတဆင့် ပြန်ပြောနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့်
တစုံတယောက်ပြောလိုက်တဲ့စကားလုံးတွေရဲ့နောက်က အဓိပ္ပါယ်အကြောင်း
နားလည်ဖို့ နားထောင်မှုစွမ်းရည်က လိုအပ်ပါတယ်။ နားထောင်မှုစွမ်းရည်ကောင်းခြင်းက နားလည်သဘောပေါက်ခြင်းနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ ကောင်းစွာနားလည်သဘောပေါက်ခြင်းက သင်လုပ်ရမယ့်အလုပ်၊ လူမှုရေး၊ ပတ်ဝန်းကျင်၊ သင့်ရဲ့တစ်နေ့တာ စတဲ့နေရာတွေမှာ ပိုမိုကောင်းမွန်လာစေပါတယ်။
ကောင်းကျိုးတွေ……
နားထောင်နိုင်စွမ်းကောင်းတဲ့အလုပ်သမားတွေက သူများထက်ကို နားလည်သဘောပေါက်တဲ့အတွက်
အလုပ်ခွင်မှာ လိုအပ်တာမှန်သမျှကို ထိထိမိမိစွမ်းဆောင်နိုင်တာမို့ ပိုပြီး အလုပ်ပြီးမြောက်နိုင်ပါတယ်။ နားထောင်မှုစွမ်းရည်ကောင်းတဲ့ကျောင်းသားတွေက ပညာရေးမှာသူများထက်ပိုပြီး ထိထိမိမိလေ့လာသင်ယူနိုင်မယ်။ ချစ်သူရည်စားကြားမှာ နားထောင်မှုစွမ်းရည်ကောင်းတဲ့အခါ ပိုပြီး ဆက်ဆံရေးအဆင်ပြေစေပါတယ်။ အိမ်ထောင်ရေးအဆင်ပြေမယ်။ လူမှုဝန်းကျင်မှာလည်း ပတ်ဝန်းကျင်နဲ့ပိုပြီး သဟဇာတဖြစ်နိုင်ပါတယ် စသည်ဖြင့် နေရာတိုင်းလိုလိုမှာ လိုအပ်ပါတယ်။
ဂရုတစိုက်နားထောင်နိုင်တဲ့စွမ်းရည်ကြောင့် အလုပ်သမားတွေက အကောင်းဆုံးနားလည်လာတဲ့အတွက် သူတို့လုပ်ပေးနိုင်တာထက်ကို ပိုပြီးလုပ်ပေးနိုင်လာပါတယ်။ အလုပ်ခွင်မှာလည်း ကိုယ့်အထက်ကလူကြီးက ဘာကိုမျှော်လင့်သလဲဆိုတာလည်း ပိုပြီးနားလည်နိုင်လာတဲ့အတွက် သူတို့ဟာသူတို့လည်း
အလုပ်ပြီးဖို့ စီမံခန့်ခွဲနိုင်လာပါတယ်။ သူတို့ရဲ့နားထောင်မှုစွမ်းရည်ကြောင့် သူတို့ရဲ့ ဝယ်သူတွေ၊ မန်နေဂျာတွေ၊
အလုပ်သမားတွေနဲ့ပိုပြီးခိုင်မာတဲ့နှစ်လိုဖွယ် ဆက်ဆံရေးတွေဖြစ်လာနိုင်ပါတယ်။
အလုပ်ရှင်နဲ့ မန်နေဂျာတွေမှာလည်း အလုပ်သမားတွေအပေါ် ပိုပြီး ယုံကြည်မှုရှိလာပါတယ်။
သူတို့ရဲ့ညွှန်ကြားချက်တွေကို သေချာနားထောင်ပြီး အသေးအဖွဲလေးတွေကအစ
သူတို့မျှော်လင့်သလို သေချာလုပ်ကိုင်ပေးမယ်ဆိုတာ သူတို့ပိုပြီးယုံကြည်လာပါတယ်။
အကောင်းဆုံးနားထောင်နိုင်စွမ်းရှိသူများဟာ ကာစတန်မာတွေအတွက်
အကောင်းဆုံးနည်းလမ်းတွေရှိပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုလည်း
ရှာဖွေမှတ်သားနိုင်တဲ့သူတွေဖြစ်လာပါတယ်။
သေချာနားထောင်နိုင်စွမ်းရှိတဲ့အလုပ်သမားတွေဟာ အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ပြီး
အဖွဲ့အစည်းတစ်ခုရဲ့အခြေခံကောင်းတစ်ခုဖြစ်လာနိုင်ပါသေးတယ်။
အဲဒါအပြင် ကျွန်တော်တို့ရဲ့နေ့စဉ်ဆက်ဆံရေးမှာလည်း
နားထောင်မှုစွမ်းရည်ကောင်းဖို့အမှန်တကယ်လိုအပ်ပါတယ်။ သင့်ရဲ့အိမ်နီးနားချင်းနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ၊ သင့်ရဲ့မိဘဆွေမျိုးနဲ့ပြောဆိုတဲ့နေရာမှာ၊ သင့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ ဒါမှမဟုတ် သင့်ရဲ့အမျိုးသား၊ အမျိုးသမီးနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အမှန်တကယ်လိုအပ်ပါတယ်။ နားထောင်မှုစွမ်းရည်ကောင်းခြင်းက သင့်ပတ်ဝန်းကျင်မှာ သင့်ကို နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်လည်းဖြစ်လာစေနိုင်ပါသေးတယ်။
ဆိုးကျိုးတွေ…..
စတီဗင်ကိုဗေးက ပြောပါတယ် “ ကျွန်တော်တို့အများစုဟာ နားလည်သဘောပေါက်အောင် အာရုံစူးစိုက်ပြီးနားထောင်ရမှာကို နားမထောင်ကြပါဘူး ။ ကျွန်တော်တို့က ဘာပြန်ပြောရမလဲဆိုတာကိုသာ အာရုံစိုက်တတ်ကြပါတယ်” လို့ ပြောဖူးပါတယ်။
တကယ်တော့ တစ်ယောက်ကိုတစ်ယောက် နားထောင်ပေးရပါမယ်။ သေချာအာရုံစူးစိုက်နားထောင်မှုမရှိတဲ့အခါ တစ်ဖက်လူဘာကိုအလေးထားပြောပြချင်သလဲဆိုတာ ကိုယ်သဘောမပေါက်နိုင်တော့ပါဘူး။ အဲဒီ့အခါ ထင်ထားတာကိုလုပ်မိတဲ့အခါ မထင်မှတ်ထားတဲ့အလွဲတွေဖြစ်လာနိုင်လို့ အလုပ်ခွင်မှာလည်း အလုပ်ဖင့်ပါတယ်။ ကျောင်းသားဆိုလည်း ကျောင်းအလျောက်၊ လူမှုပန်ဝန်းကျင်၊ စတဲ့အစစမှာ လွဲချော်မှုတွေဖြစ်လာနိုင်တဲ့အပြင် အချင်းအချင်းလေးစားမှုတောင် ပျောက်ဆုံးနိုင်ပါတယ်။
နားထောင်မှုအားနည်းတဲ့သူတစ်ယောက်ကို အလုပ်ခွင်မှာလည်း တာဝန်လွဲအပ်ဖို့ ဘယ်သူကမှ ဝင့်ရဲတော့မှာမဟုတ်ပါဘူး။
အဲဒါအပြင် သေချာနားလည်သဘောပေါက်အောင် နားထောင်သူတွေမရှိတော့ဘဲ အပြန်အလှန်ကိုယ်ပြောချင်တာသာပြောနေကြမယ်ဆိုရင် ဘာတွေဆက်ဖြစ်သွားမလဲတွေးကြည့်လိုက်ပါအုံး။
နားထောင်မှုစွမ်းရည်ကောင်းအောင်….
လူတိုင်းကတော့ နားထောင်မှုစွမ်းရည်ကောင်းအောင် ဘယ်လိုနားထောင်ရမလဲဆိုတာကို အလိုလိုမသိလာနိုင်ပါဘူး။
အောက်ပါအချက်လေးတွေက သူတို့သိလိုတဲ့အချက်လေးတွေကို မြင်လာအောင် ကူညီပေးပါလိမ့်မယ်။
- ပြောနေတဲ့သူနဲ့ မျက်လုံးခြင်းဆုံပြီး နားထောင်ပါ။ အဲဒါက ပြောတဲ့သူအပေါ်
နားထောင်သူကအာရုံစိုက်မှုရှိခြင်းကို ထင်ရှားစေပါတယ်။
- ပြောသူကို အနှောင့်အယှက်မပေးပါနဲ့။ သူပြောပြီးတဲ့အထိစောင့်ပါ၊ ပြီးမှ မေးချင်တဲ့မေးခွန်းကိုမေးပါ။
- မေးဖို့မလိုအပ်ပဲ မေးခွန်းတွေထဲမှာအဖြေတွေအများအပြားပါနေနိုင်တာမို့ သေချာနားထောင်ပါ။
- မေးဖို့အချိန်ရောက်လာတဲ့အခါ ညွှန်ကြားချက်တွေကို ထပ်တလဲလဲနားထောင်ပြီးမှ သင့်တော်တဲ့မေးခွန်းမျိုးမေးပါ။
- ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပါ။ အတတ်နိုင်ဆုံး နားထောင်စဉ်တွင် ထိုင်ပြီးနားထောင်တာကောင်းပါတယ်။
- ပြောနေသူကို နားထောင်နေသူက အာရုံစူးစိုက်မှုအပြည့်အဝပေးပါ။ ခေါင်းညိမ့်ပြတယ်ဆိုတာ ပြောတဲ့သူနဲ့ သဘောတူညီတယ်ဆိုတဲ့အဓိပ္ပါယ်မျိုးပဲမို့ ကောင်းပါတယ်။
- နားထောင်နိုင်စွမ်းရှိသူက ဘာကအရေးကြီးတာလဲ၊ ဘာကိုအာရုံစိုက်ရမလဲဆိုတာကို မပြောပြလဲ သိပြီး အာရုံစိုက်တတ်တာမျိုးပါ။
- ပြောတဲ့သူက ဘာကိုပြောချင်တာလဲဆိုတဲ့လိုရင်းကို သိဖို့ စကားနဲ့ထုတ်ပြောမှ မဟုတ်ဘဲ
ကိုယ်ဟန်အနေအထားနဲ့ မျက်နှာအမူအယာကဲ့သို့ အပြုအမူမျိုးကို ကြည့်ထားပါ။
နားထောင်နေစဉ်မှာ အေက်ပါအချက်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
- ဘက်လိုက်တာမျိုး၊ ပြောနေတဲ့သူရဲ့စကားနဲ့ အကြံဉာဏ်ကို ဆန့်ကျင်တာမျိုးမလုပ်သင့်ပါဘူး။
- စိုးရိမ်တာ၊ ကြောက်ရွံ့တာ၊ ဒေါသထွက်တာမျိုး မဖြစ်နေပါနဲ့။ တစ်ချို့လူတွေက ပြောင်းလဲရမှာကို ကြောက်ကြပါတယ်။ ပြီးတော့ နားထောင်လို့မရအောင်လည်း နှောင့်ယှက်တတ်ပါတယ်။
- အာရုံစိုက်မှုနည်းနည်းလေးကင်းမဲ့သွားရင်တောင် နားထောင်တဲ့နေရာမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။
- နားထောင်နေတဲ့သူတွေရဲ့အချို့သော အကြံဉာဏ်တွေက ကိုယ့်နားထောင်မှုအာရုံပေါ်မှာ ဘာမှမပတ်တဲ့အချက်အလက်တွေလို့ သေချာသိပါစေ။ (သူတို့ကြောင့် ကိုယ့်ရဲ့အာရုံမပျက်ပါစေနဲ့)
အပြောစွမ်းရည်နဲ့ နားထောင်နိုင်စွမ်း ၂မျိုးပါဝင်မှသာ လူမှုဝန်းကျင်မှာ လုပ်ငန်းဆောင်တာကိစ္စတွေအားလုံး
ပြီးဆုံးအောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ။
ဆက်သွယ်ဖို့အတွက် ထိုနည်းလမ်း၂မျိုးက အချိန်တိုတိုနဲ့အကျိုးသက်ရောက်ဖို့အတွက် တကယ်အကျိုးရှိစေတဲ့နည်းလမ်းဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်အားလုံး အကျိုးရှိရှိပြောဆိုသကဲ့သို့ နားထောင်နိုင်စွမ်းလည်းရှိမယ်ဆိုရင် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေလည်း ပိုပြီး ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ အကျိုးရှိတဲ့ဆက်သွယ်ရေးနည်းလမ်းကတော့ ဘာကိုပြောချင်တာလဲဆိုတာကို နားလည်ဖို့ပဲဖြစ်ပြီး ဘယ်သူကပြောတာလဲဆိုတာအဓိကမကျပါဘူး။
ဒီလောက်ဆိုရင်တော့ လူတိုင်းမှာ နားထောင်မှုစွမ်းရည်က အရေးကြီးစွာလိုအပ်တယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အားလုံးပဲ နားထောင်မှုစွမ်းရည်တိုးတက်နိုင်ကြပါစေ။
https://www.nwitimes.com/business/jobs-and-employment/listening-skills-are-an-important-part-of-effective-communication/article_b4d0940a-f919-5d1a-be45-05da2c6752c2.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။