နိုင်ငံတကာ စာအုပ်များတွင် ဖော်ပြထားသော Moral သင်ခန်းစာများပေးသည့် ဇာတ်လမ်းများ (လောဘကြီးသောခြင်္သေ့)

မယုံနိုင်စရာကောင်းလောက်အောင် ပူပြင်းတဲ့နေ့တစ်နေ့မှာ ခြင်္သေ့တစ်ကောင်က အရမ်းကို ဆာလောင်မွတ်သိပ်နေလေရဲ့။


နိုင်ငံတကာ စာအုပ်များတွင် ဖော်ပြထားသော Moral သင်ခန်းစာများပေးသည့် ဇာတ်လမ်းများ
အဲဒါနဲ့ပဲ သူ့ရဲ့ သားရဲတွင်းထဲကနေထွက်ပြီး ဟိုနားဒီနားမှာ အစာရှာထွက်လာပါတယ်။ အဲအချိန်မှာ ခြင်္သေ့က ယုန်ငယ်တစ်ကောင်ကိုတွေ့ပါတယ်။ ခြင်္သေ့က ယုန်ငယ်ကို ဖမ်းလိုက်ပြီး စားသင့်မစားသင့်ချီတုံချတုံဖြစ်နေပါတယ်။
“ဒီယုန်ငယ်က ငါဗိုက်ဝမယ်မထင်ဘူး….” ခြင်္သေ့ကအဲလိုတွေးပါတယ်။ ခြင်္သေ့က ယုန်ငယ်ကို
စားသင့်မစားသင့်တွေးနေတဲ့အချိန်မှာပဲ ယုန်ငယ်က အဝေးကို ထွက်ပြေးသွားပါတယ်။ ခြင်္သေ့က ထပ်ပြီးဆာလောင်နေပြန်တယ်။ သူကတွေးလိုက်တယ် “ ဒီယုန်ငယ်လေးကို စားရမယ့်အစား သမင်တစ်ကောင်လောက်စားလိုက်ရရင် သိပ်ကောင်းမှာပဲ”
ခြင်္သေ့က ယုန်ငယ်လေးကို လွှတ်ပေးလိုက်ပြီးတဲ့နောက်မှာတော့ သမင်တစ်ကောင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သမင်က တောထဲကိုသာ တိုးဝင်ပျောက်ကွယ်သွားပြန်တယ်။ အဲအခါကျမှ ခြင်္သေ့ဟာ ယုန်ငယ်လေးကို လွှတ်ပေးမိခြင်းကို နောင်တရလာပါတော့တယ်။
ဒီဇာတ်လမ်းလေးထဲက ခြင်္သေ့လိုမျိုး ကိုယ့်လက်ထဲရောက်လာတဲ့အရာကို တန်ဖိုးမထားဘဲ မရနိုင်သေးတဲ့အရာကို မျှော်လင့်နေခြင်းက နောင်တတွေကိုပဲလာစေပါတယ်။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့အရာတစ်ခုက ဘယ်လောက်ပဲ သေးငယ်ပါစေ၊ ကိုယ်လက်ထဲမရောက်လာသေးတဲ့အရာများစွာထက် ပိုပြီးတန်ဖိုးရှိပါတယ် ။ ပြောချင်တာကတော့ ကိုယ်လက်ထဲရောက်လာတဲ့အခွင့်အရေးကို အမိအရအသုံးချပါ။ ကိုယ်လက်ထဲမရှိတာကို ထိုင်မျှော်နေရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူးဆိုတာပါပဲနော်။
အဲဒါကြောင့် ကိုယ်လက်ထဲရနေတာကို တန်ဖိုးထားပါ။ ကိုယ်လက်ထဲရောက်လာတဲ့အခွင့်အရေးကို လက်လွှတ်မခံလိုက်ပါနဲ့။ ကိုယ့်လက်ထဲရှိတာကို ကောင်းမွန်စွာတန်ဖိုးထား ၊ ကောင်းကောင်းအသုံးချတတ်ခြင်းက မရသေးတဲ့အခွင့်အရေးကို ထိုင်စောင်ေ့နတာထက် ပိုပြီး တန်ဖိုးရှိပါတယ်ဆိုတာ မှတ်ထားလိုက်ပါ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။