မျက်စိအားကောင်းစေသော အဓိက အစားအစာ ၅မျိုး

သင့်ရဲ့မျက်လုံးက မျက်စိတိမ်စွဲရောဂါများ၊ အသက်အရွယ်ကြောင့် မျက်လုံးအမြင်အာရုံပျက်စီးခြင်း ၊ ရေတိမ်ဖြစ်ခြင်း နဲ့ အခြားအမြင်အာရုံပျက်စီးခြင်းတွေကို ကာကွယ်နိုင်ဖို့ အာဟာရဓာတ်များစွာ လိုအပ်တယ်ဆိုတာ သင်သိပါသလား။ မျက်လုံးကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုက်လန်
အစိမ်းရောင်အရွက်များက lutein နဲ့ zeaxanthin ဓာတ်နှစ်မျိုး ပါဝင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ထိုဓာတ်တွေက ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဓာတ်နဲ့ဆက်နွယ်နေပါတယ်။ နေရောင်ခြည်ဒဏ်ရောင်ကြောင့် အမြင်အာရုံပျက်စီးခြင်းနဲ့ အသက်အရွယ်ကြောင့် အမြင်အာရုံအားနည်းခြင်းများ၊ မျက်စိတိမ်စွဲရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင်အရွက်များမှာလည်း မျက်လုံးကျန်းမာစေတဲ့အခြားသော အာဟာရဓာတ်တွေပါဝင်ပါသေးတယ်။ တရုတ်မုန်လာ (turnip greens)၊ ဂေါ်ဖီအနွယ်ဝင် (collard greens)၊ ဟင်းနုနယ်ရွက် (spinach)၊ ပဲတီစိမ်း၊ ကီဝီသီး၊ အနီရောင်စပျစ်သီးများ၊ လိမ္မော်သီး၊ ပြောင်းဖူး၊ သရက်သီး စတဲ့အသီးအနှံတွေလည်း စားသုံးသင့်ပါတယ်။
၂) ကန်စွန်းဥ
ကန်စွန်းဥမှာ ဘီတာကရိုတင်းဓာတ်ပါဝင်ပါတယ်၊ ထိုဓာတ်က ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပေးပြီး အသက်အရွယ်ကြောင့် အမြင်အာရုံအားနည်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဗီတာမင်အေက ညအချိန်အမြင်အာရုံကွယ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးကူးစက်ရောဂါတွေကနေလည်း လျော့ကျစေနိုင်ပါတယ်။ ကန်စွန်းဥကို သင်မကြိုက်ဘူးဆိုရင်တော့ ဥနီနဲ့ ရွှေဖရုံသီးကဲ့သို့ လိမ္မော်ရောင်အသီးအနှံများ၊ အစိမ်းရင့်ရောင်အရွက်များ၊ အသည်းအမျိုးမျိုး၊ နို့နဲ့ ကြက်ဥများစားပေးနိုင်ပါတယ်။
၃) စတော်ဘယ်ရီသီးများ
စတော်ဘယ်ရီသီးများက သင့်မျက်လုံးအတွက် ကောင်းပါတယ်။ ဗီတာမင်စီပေါများစွာပါဝင်ပါတယ်။ မျက်လုံးတိမ်စွဲရောဂါများကို လျော့ကျစေနိုင်ပါတယ်။ ပန်းပွင့်စိမ်း၊ ငရုတ်ပွ၊ ရှောက်ချိုသီးနဲ့လိမ္မော်သီး၊ သခွားမွှေးသီးကဲ့သို့ အစားအစာတွေမှာလည်း ဗီတာမင်စီပေါများစွာပါဝင်ပါတယ်။
၄) ဆော်လမွန်ငါး (Salmon)
မျက်လုံးခြောက်သွေ့သောရောဂါမျိုး (Dry eyes ဆိုသောရောဂါမျိုး၊ အလင်းရောင်စူးခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ခြင်း၊ မျက်သားနီခြင်း၊ အနီစက်ဖြစ်ခြင်း) ထိုရောဂါမျိုးအတွက် အိုမီဂါ သရီးဖက်တီအက်ဆစ်ပါဝင်သောအစားအစာများကို စားသုံးခြင်းက ပြေပျောက်စေနိုင်ပါတယ်။ ဆော်လမွန်ငါးနဲ့ အခြားငါးများကို တစ်ပတ်မှာ၂ခါ (သို့) ၃ခါ ခန့်စားသုံးသင့်ပါတယ်။ သစ်ကြားသီးမှာ မျက်လုံးအတွက်ကောင်းမွန်စေတဲ့ ဗီတာမင်အီးပါဝင်ပါတယ်။
ဆော်လမွန်ငါးမှာ ဗီတာမင်ဒီပေါများစွာပါဝင်တဲ့အတွက် အသက်အရွယ်ကြောင့်အမြင်အာရုံချို့ယွင်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်ဒီကို ဆာဒင်းငါး၊ မက်ကရယ်ငါး၊ နို့၊ လိမ္မော်ရည်များမှ ရရှိနိုင်ပါတယ်။
၅) လက်ဖက်စိမ်း (Green Tea)
လက်ဖက်စိမ်းတစ်ခွက်က ပင်ပန်းမှုတွေကို ပြောလျော့စေပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ antioxidants ဓာတ်က မျက်လုံးတိမ်စွဲရောဂါများဖြစ်ပွားခြင်းနဲ့ အသက်အရွယ်အရ အမြင်အာရုံချို့ယွင်းခြင်းကို လျော့ကျဖို့ကူညီပေးနိုင်ပါတယ်။ လက်ဖက်စိမ်းမှာ
Catcehins ဓာတ်ပါဝင်ပြီး ထိုဓာတ်က ယောင်ရမ်းခြင်းတွေကိုလျော့ကျစေပြီး antioxidant အစွမ်းသတ္တိမျိုးပါဝင်ပါတယ်။ အခြား catcehinsဓာတ်ပါဝင်သောအစားအစာများကတော့ အနီရောင်ဝိုင်၊ ချောကလက်၊ ဘယ်ရီသီးနဲ့ ပန်းသီးများဖြစ်ပါတယ်။ လက်ဖက်ခြောက်ရေနွေးမှာလည်း Catcehins ဓာတ်ပါဝင်ပေမယ့် အရမ်းကို ပမာဏနည်းပါးပါတယ်။
အထက်ပါ အစားအစာတွေထဲမှာ မျက်လုံးကျန်းမာရေးအတွက် ရှာရလွယ်ပြီး ဈေးသက်သာပြီး ဝယ်နိုင်မယ့်အစားအစာလေးတွေကို ရွေးချယ်စားသုံးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဆော်လမွန်ငါးလိုမျိုးငါးမရပေမယ့်လည်း အလားတူစားသုံးနိုင်တဲ့ အစားအစာမျိုးတွေကို စားသုံးလို့ရအောင် တွဲရက်ဖော်ပြပေးထားပါတယ်။
https://www.eatright.org/health/wellness/preventing-illness/5-top-foods-for-eye-health လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။