မိသားစုထဲမှာတရားမဝင် ဆေးဝါးတွေ သုံးနေတဲ့သူရှိရင် ဘယ်လိုလုပ်မလဲ။

မိသားစုထဲမှာ မူးယစ်ဆေးဝါးစွဲနေတဲ့သူရှိတယ်ဆိုတာ သင်သိလိုက်ရပြီဆိုရင် အရမ်းကိုအလန့်တကြားဖြစ်သွားမှာအမှန်ပါပဲ။ ဒါပေမယ့် လန့်သွားပြီး ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဘဲဖြစ်နေမိတယ်အခါ သင့်စိတ်ကို တည်ငြိမ်အောင်ထားပါ။ ပြီးမှ ဘယ်လိုလုပ်သင့်သလဲဆိုတာကို ခေါင်းအေးအေးနဲ့စဉ်းစားသင့်ပါတယ်။


၁) နားလည်အောင်ရှင်းပြပေးပါ။
ဆိုးကျိုးတွေကို သေချာရှင်းပြပေးပါ။ ခုလိုအချိန်မှာ ပြတ်ချင်တယ်ဆိုရင် နောက်မကျသေးကြောင်း မိသားစုကပါ ဝိုင်းပြီး ကူညီပေးမည်ဖြစ်ကြောင်း သေချာပြောပြပေးပါ။
၂) ဆုံးဖြတ်ချက်ချပါစေ။
ကာယကံရှင်ကိုယ်တိုင် ခိုင်မာစွာဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါတယ်။ မိသားစုကသာပြတ်စေချင်ပြီး ကာယကံရှင်ကိုယ်တိုင်က ပြတ်ချင်စိတ်မရှိရင် အလကားပဲဖြစ်မှာပါ။ အဲဒါကြောင့် ကာယကံရှင်ကိုယ်တိုင်က မကောင်းမှန်းသိပြီး ဖြတ်ချင်စိတ် ဆုံးဖြတ်ချက်ချရဲပါစေ။
၃) ရိုးသားပါ။
မိသားစုကိုကော ကိုယ့်ကိုကိုယ်ကော ရိုးသားဖို့ အရေးကြီးပါတယ်။ မိသားစုများကြားထဲမှာတော့ ပြန်အပြစ်တင်ခံရမှာစိုးလို့ ပြတ်သွားပြီပြောပေမယ့် နောက်ကွယ်မှာ ပြန်သုံးနေရင်တော့ ဘာမှမထူးပါဘူး။ မူးယစ်ဆေးနွံ့ထဲနစ်သထက်နစ်နေမှာပါပဲ။ ကိုယ့်ကိုကိုယ်လည်း မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချ ခိုင်မာအောင်ချပါ။ မိသားစုကိုလည်း မလိမ်မညာပါနဲ့။ ကိုယ့်ကိုကိုယ်လည်းမလိမ်ညာပါနဲ့။ နည်းနည်းလေးသုံးတာဘာမှမဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့ ပြန်သုံးဖြစ်နေမိရင် ပြတ်နိုင်တော့မှာမဟုတ်ပါဘူး။
၄) စိတ်ရှည်ပါ။
စိတ်ရှည်ဖို့လိုပါတယ်။ ခုချက်ချင်းဖြတ် ခုချက်ချင်း ရတဲ့အထဲမှာ မူးယစ်ဆေးနဲ့ အရက်၊ ဆေးလိပ်မပါပါဘူး။ စိတ်ကို ခိုင်ခိုင်ထားပြီး အားတင်းပါ။ စိတ်ရှည်စွာ ဇွဲနဲ့ ပြန်တိုက်နိုင်မှ ဖြတ်နိုင်မှာပါ။
၅) ဆေးသုံးသည့်အပေါင်းအသင်းများနှင့် ပြန်မပတ်သက်မိပါစေနှင့်။
မူးယစ်ဆေးသုံးသည့်ပတ်ဝန်းကျင်ကို ပြန်သွားမိနေရင် ပြန်သုံးမိမှာ အသေအချာပါပဲ။ တကယ်ပြတ်ချင်စိတ်ရှိတယ်ဆိုရင် အိမ်ထဲကအိမ်ပြင်မထွက်မိအောင်နေတာအကောင်းဆုံးပါပဲ။ မိသားစုကသာ ခုချိန်မှာ အဖော်ကောင်းပါ။
၇) သူ့ကိုသူသာအားကိုးပါစေ။
ကာယကံရှင်ကိုယ်တိုင် ဆေးဖြတ်ဖို့ အားတင်းထားနိုင်ပါစေ။ ကာယကံရှင်ကိုယ်တိုင်တင်းခံနိုင်မှဖြစ်မှာပါ။ ကာယကံရှင်ကိုယ်တိုင်က ပြတ်မယ်ပြောပေမယ့် တကယ်တမ်း ပြန်သုံးဖြစ်နေရင် ဘယ်သူမှကယ်လို့မရပါဘူး
၈) မိသားစုရဲ့မျက်စိအောက်မှာသာထားပါ။
တကယ်ပြတ်ချင်သူဆိုရင်တော့ မိသားစုနှင့်ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး မိသားစုရဲ့မျက်စိအောက်မှာသာ ထားတာအကောင်းဆုံးပါ။ ခုလိုအချိန်မှာ အပြင်ကိုပြန်ထွက်မိရင် ဆေးသုံးတဲ့အပေါင်းအသင်းနဲ့ ပြန်ပတ်သက်မိသွားနိုင်ပါတယ်။ မိသားစုကလည်း စိတ်ရှည်ရှည်နဲ့ ဖေးမပေးပါ။
၉) ကျန်းမာတဲ့အစားအစာကိုစားဝင်ပါစေ။
ခုချိန်မှာ ကျန်းမာတဲ့အစားအစာကို ဘယ်လိုဝင်အောင်ကျွေးနိုင်မလဲစဉ်းစားပြီး ကျွေးနိုင်မှ အဆင်ပြေမှာပါ။ မဟုတ်ရင်တော့အာဟာရပြတ်လပ်တဲ့အထိတောင်ဖြစ်သွားနိုင်ပါတယ်။
၁၀) ကျန်းမာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းနဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။
ဆေးရုံပေါ်တက်ပြီး ဖြတ်လိုက်တာက ပိုပြီးစိတ်ချရစေပါတယ်။ မိသားစုက ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိအမြင်ကြွယ်ဝရင်တောင်မှ ခုလိုအခြေအနေမျိုးကိုကြုံဖူးချင်မှကြုံဖူးမှာမို့ ဆေးရုံပေါ်မှာနေတာက ပိုပြီး အဆင်ပြေစေမယ်ထင်ပါတယ်။
၁၁) အာရုံပြောင်းပါ။
အားကစားတစ်မျိုးမျိုး၊ ဝါသနာပါရာတစ်မျိုးမျိုး၊ စိတ်ဝင်စားရာ တစ်ခုခုကို တစ်လှည့်စီလုပ်နေတာက ကာယကံရှင်ကိုအာရုံပြောင်းစေတာမို့ ဆေးဖြတ်တဲ့ဒဏ်ကို ခံစားရသက်သာစေမှာပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။