Migraine ခေါင်းတခြမ်းကိုက်ရောဂါဖြစ်ပေါ်စေသော အကြောင်းအရင်းများ

လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေ ၂ရာခိုင်နှုန်းခန့်က နာတာရှည်ခေါင်းကိုက်ရောဂါခံစားနေရပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုပြီးဖြစ်ပေါ်ကြပါတယ်။ လေ့လာချက်တွေအရ ခေါင်းတခြမ်းကိုက်ရောဂါက များပြားလှတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ UK ရဲ့လေ့လာချက်အရ ၁၉၀၀၀၀ခန့်က ခေါင်းတခြမ်းကိုက်ရောဂါကို နေ့တိုင်းလိုခံစားနေကြရပါတယ်။ Migraine ခေါင်းတခြမ်းကိုက်ရောဂါကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေထဲက အဓိက အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) မိသားစုမျိုးရိုး၊ အသက်အရွယ်နဲ့ ကျား၊ မ ကွဲပြားမှုအရ
သင့်ရဲ့မိသားစုဝင်ထဲမှာ Migraine ခေါင်းတခြမ်းကိုက်ရောဂါဖြစ်ပေါ်ခံစားဖူးခဲ့သူရှိရင် သင့်မှာလည်းဖြစ်ပေါ်ဖို့အလားအလာပိုများပါတယ်။ အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သော်လည်း အရွယ်ရောက်ပြီးသူနဲ့ အသက် ၃၀ကျော်တွေမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီသွေးပေါ်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် သုံးဆပိုဖြစ်နိုင်ချေရှိပါတယ်။

၂) စိတ်ဖိစီးမှုနဲ့ ဖိအားတွေအရ
အလုပ်ခွင်ကဖိအားတွေနဲ့ ပုဂ္ဂိုလ်ရေးအရဖိအားတွေ၊ မိသားစုကိစ္စတွေ စသဖြင့် ဖိအားတွေကြောင့် စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာအရ ခေါင်းတခြမ်းကိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။

၃) အိပ်စက်ချိန်မမှန်ခြင်းနဲ့ ပုံမုန်အချိန်ဇယားပြောင်းလဲခြင်း
ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒအရ ပုံမုန်လုပ်ဆောင်ချက်တွေပြောင်းလဲတာမျိုးဖြစ်တဲ့အခါ၊ အိပ်စက်ချိန်မမှန်တဲ့အခါ၊ အိပ်စက်ချိန်များလွန်းခြင်း သို့မဟုတ် အိပ်ရေးမဝခြင်း ကဲ့သို့ ပုံမှန်အချိန်ဇယားပြောင်းလဲတဲ့အခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာအရလည်းအဆင်မပြေနိုင်သလို၊ ရုပ်ပိုင်းဆိုင်ရာအရ ခေါင်းတခြမ်းကိုက်ခဲတာဖြစ်ပေါ်တတ်ပါတယ်။

၄) ရေဓာတ်ချို့တဲ့ခြင်း
ခန္ဓာကိုယ်ကို ရေဓာတ် ၆၀ရာခိုင်နှုန်းခန့်ဖြင့် ဖွဲ့စည်းထားပါတယ်။ ရေဓာတ်လျော့ကျခြင်းက
ခန္ဓာကိုယ်ကို ပြင်းထန်စွာသက်ရောက်မှုရှိပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းတခြမ်းကိုက်ခြင်းရောဂါကို သက်သာစေဖို့နည်းလမ်းတစ်ခုကတော့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့ပါပဲ။ တစ်နေ့မှာ ရေ ၂လီတာခန့်သောက်သုံးသင့်ပါတယ်။

၅) ကဖင်းဓာတ်များခြင်း
ကဖင်းဓာတ်က ခေါင်းတခြမ်းကိုက်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ခေါင်းကိုက်ခြင်းဖြစ်ပေါ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ကဖင်းဓာတ်များပြားစွာ သုံးစွဲခြင်း ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်းပါဝင်တဲ့သောက်စရာတွေကြောင့် ပုံမှန်ထက် ကဖင်းဓာတ်ပိုများလာတဲ့အခါဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းတခြမ်းကိုက်ခြင်းသက်သာစေဖု့ိအတွက် ကဖင်းဓာတ်အလွန်အကျွံ့သုံးစွဲခြင်းကို လျော့ချသင့်ပါတယ်။
အချုပ်ပြောရရင်တော့ migraines ခေါင်းတခြမ်းကိုက်ခြင်းကြောင့် အားနည်းဖျော့တော့ခြင်း နဲ့ အသည်းလုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကြောင့် လူမှုရေးကိစ္စတွေပျက်ကွက်ခြင်း၊ အလုပ်ပျက်ခြင်းနဲ့ အခြားသော ကိစ္စတွေအပြင် နေ့ရက်များစွာကို အိပ်ရာထဲမှာသာ လှဲလျောင်းနေရခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။

အဲဒါကြောင့် သင့်ကိုယ်တိုင်ခေါင်းတခြမ်းကိုက်ခြင်းဖြစ်ပေါ်ခံစားနေရတာဖြစ်ဖြစ်၊ သင့်ပတ်ဝန်းကျင်ကတစ်ယောက်ယောက်ခံစားနေရတာဖြစ်ဖြစ် အထက်က အချက်တွေကြောင့်ဖြစ်ပေါ်နိုင်တာကို သတိထားပြီး ရှောင်ကျဉ်သင့်တာရှောင်ကျဉ်ဖို့သတိထားသင့်ါပတယ်။ ဆရာဝန်နဲ့ပြောပြတိုင်ပင်ဆွေးနွေးဖို့လိုရင်လည်း ဆွေးနွေးသင့်ပါတယ်။
https://kaboutjie.com/health-safety/5-triggers-to-avoid-a-migraine/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။