မော်တော်ကားတွေ၊ စက်ရုံ၊အလုပ်ရုံကထွက်တဲ့ မီးခိုးတွေက ပတ်ဝန်းကျင်ကို ဘယ်လောက်ထိဆိုးကျိုးဖြစ်စေသလဲ။

အရင်ခေတ်ဟောင်းတွေတုန်းကဆိုရင် စက်ရုံအလုပ်ရုံတွေလည်းနည်းပါးပြီး အင်ဂျင်တပ်စက်နဲ့ ကားတွေ၊ ဆိုင်ကယ်တွေလည်းနည်းပါးသေးတဲ့အတွက် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပါသေးတယ်။ အဲဒီ့အတွက်လည်း လေထုသန့်ရှင်းမှုပိုများပြီး ရောဂါအသစ်အဆန်းတွေလည်း မပေါများသေးဘူးလို့ပြောနိုင်ပါတယ်။


အခုခေတ်မှာတော့ အရင်ကထက် စက်ရုံအလုပ်ရုံတွေပိုများလာပြီး မော်တော်ယာဥ်သုံးစွဲမှုပိုများလာတဲ့အတွက်ကြောင့် လေထု သန့်ရှင်းမှုအခြေအနေဟာ စိုးရိမ်စရာဖြစ်နေပါပြီ။ အဓိကကတော့ လေထုညစ်ညမ်းမှုဖြစ်စေတဲ့အကြောင်းရင်းက မော်တော်ကားတွေ၊ စက်ရုံအလုပ်ရုံကထွက်တဲ့မီးခိုးတွေကြောင့်ပါပဲ။ အဲဒီ့လို မီးခိုးတွေကနေ လေထုညစ်ညမ်းမှုဖြစ်လာတဲ့အခါ ရေရှည်မှာ ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်။

၁) ၁၀ယောက်မှာ ၉ယောက်သေဆုံးနိုင်သည်အထိဆိုးဝါးခြင်း
WHO ကကောက်ယူထားတဲ့စစ်တမ်းတွေအရဆိုရင် လေထုညစ်ညမ်းမှုကြောင့် လူ၁၀ယောက်မှာ ၉ယောက်ခန့်စာ ညစ်ညမ်းတဲ့လေထုကို ရှုရှိုက်ရင်း သေဆုံးနေရပါတယ်တဲ့။

၂) လေထုညစ်ညမ်းမှုကြောင့် နှစ်တိုင်းလူ ၇သန်းခန့်သေဆုံးနေခြင်း
နှစ်တိုင်းမှာ လူ၇ သန်းခန့်ဟာ လေထုညစ်ညမ်းမှုကြောင့် အသက်သေဆုံးနေရပြီး လူ၄သန်းခန့်ဟာ indoor air pollution ကြောင့် နှစ်စဥ်သေဆုံးနေကြပါတယ်။ Indoor air pollution ဖြစ်ပွားခြင်းဟာ အပူချိန်မြင့်တက်လာခြင်း၊ အဆိပ်အတောက်ထုတ်ပစ္စည်းတွေကို အိမ်တွင်းမှာအသုံးပြုနေခြင်း၊ လေထုစိုထိုင်းဆများနေသော လေတွေကို ရှုရှိုက်မိနေခြင်းတို့ကြောင့်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် လူဦးရေထူထပ်ပြီး တိုက်ခန်းကျဥ်းလေးတွေထဲမှာနေထိုင်ခြင်းနဲ လေထူက ညစ်ညမ်းမှုတွေ ပေါင်းစုံမှုတို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

၃) ကလေးတွေမှာအသက်ရှုလမ်းကြောင်း၊ ကင်ဆာနဲ့အခြားရောဂါများပိုဖြစ်ပွားနိုင်ခြင်း
ညစ်ညမ်းတဲ့လေထုကို ရှုရှီုက်နေရခြင်းကြောင့် ရေရှည်မှာ အဆုတ်ကင်ဆာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများအပြင် အခြားနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အဆိုးဝါးဆုံးကတော့ ကလေးငယ်တွေကို ဆိုးဝါးစွာထိခိုက်စေတာပါပဲ။ ကလေးငယ်တွေမှာ လူကြီးတွေထက်ပိုပြီး ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

၄)ရာသီဥတုဖောက်ပြန်ခြင်း
လေထုညစ်ညမ်းခြင်းဟာ ရာသီဥတုဖောက်ပြန်ခြင်းနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ လေထုထဲပျံ့နှံသွားတဲ့ အဆိပ်အတောက်တွေ၊အမှုန်အမွှားတွေ၊ ကားပိတ်ဆို့မှုကနေထွက်ပေါ်လာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တွေ၊ လောင်စာဆီလောင်ကျွမ်းမှုကနေထွက်ပေါ်လာတဲ့ဓာတ်ငွေ့တွေ ကနေ လေထုထဲမှတဆင့် အိုဇုန်းလွှာကို ထိခိုက်စေပြီး ဓတ်ာပြုမှုဖြစ်ပွားကာ နေရာင်ကနေတဆင့် ကမ္ဘာမြေပေါ်ပြန်လည်ကျ‌ရောက်လာစေပြန်ပါတယ်။ အဲဒါကြောင့်ကျန်းမာရေးကိုဆိုးဝါးစွာ ထိခိုက်နိုင်ရုံမက ရာသီဥတုဖောက်ပြန်ခြင်းကိုပါဖြစ်ပွားစေပြီး လူတွေကိုပြန်လည်ထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။

အဲဒါကြောင့် လူတိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းးသိမ်းရေးနဲ့ပတ်သက်တဲ့အမြင်ဗဟုသုတကြွယ်ဝဖို့လိုအပ်နေပြီး ထိန်းသိမ်းကြဖို့ ကိုယ်စီလုပ်နိုင်တာလေးတွေကိ အားထုတ်လုပ်ဆောင်သင့်ပါတယ်။ ဥပမာ။ အပင်များများစိုက်ခြင်း၊ ပလပ်စတစ်ပစ္စည်းတွေလျှော့သုံးခြင်း၊ ကားစက်အင်ဂျင်အသုံးပြုမှုကို အတတ်နိုင်ဆုံးလျှော့ချခြင်းစတာမျိုးတွေလုပ်သင့်ပါတယ်။ ကမ္ဘာပေါ်မှာနေထိုင်နေကြသူတွေအားလုံး တက်ညီလက်ညီနဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းပါမှ ရေရှည်တည်တံ့တဲ့ကမ္ဘာကြီးဖြစ်မှာပါလို့ တိုက်တွန်းဖော်ပြလိုက်ရပါတယ်နော်။
https://www.who.int/.../10-things-to-know-about-air... လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။