မန်ကျည်းရွက်ရဲ့ကောင်းကျိုးများ

မန်ကျည်းရွက်မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ သံဓာတ်၊ ဇင့်နဲ့ ဆိုဒီယမ်ဓာတ်တွေပါဝင်ပြီး ဗီတာမင်စီ၊ ဘီ၊ အေ နဲ့ကေ စတာတွေပါဝင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ antioxidant တွေလည်းပါဝင်ပါတယ်။ မကျည်းရွက်စားခြင်းရဲ့အကျိုးကျေးဇူးကတော့......


၁) နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေခြင်း
Food and Chemical Toxicology journal မှာဖော်ပြထားတဲ့ လေ့လာချက်တွေအရ မန်ကျည်းရွက်စားခြင်းကြောင့် သွေးဖိအားကိုလျော့ကျစေပြီးမကောင်းတဲ့ကိုလက်စထရောတွေကိုလည်းလျော့ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးလွှတ်ကြောနဲ့သွေးကြောတွေထဲက ပိုလျှံနေတဲ့ကိုလက်စထရောကို ဖြိုခွဲဖို့ကူညီပေးပါတယ်။

၂) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
အမျှင်ဓာတ်ပါဝင်ခြင်းကြောင့်အစာတွေကိုအူထဲကို သယ်ယူရလွယ်ကူစေပြီး အစာခြေနစ်ကိုကောင်းမွန်စေပါတယ်။ အဆီတွေစုပ်ယူနိုင်ပြီး အူသိမ်ထဲကို ဗီတာမင်ဓာတ်တွေကိုလည်း စုပ်ယူနိုင်ပါတယ်။ အူထဲမှာ အစာတွေသယ်ယူရအဆင်ပြေတာကြောင့် ဝမ်းချုပ်ခြင်းမဖြစ်စေပါဘူး။

၃) ဝိတ်ကျစေခြင်း
လေ့လာတွေ့ရှိချက်တွေအရ မန်ကျည်းသီးဖျော်ရည်ဟာ အဝလွန်ခြင်းမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ trypsin inhibitors လို့ခေါ်တဲ့ ကွန်ပေါင်းတစ်မျိုးက ဆာလောင်ခြင်းကို လျှော့ချပေးပါတယ်။ serotonin ထုတ်လုပ်ခြင်းကိုလည်း တိုးစေပါတယ်။

၄) ဆီးချိုရောဂါကိုထိန်းချုပ်နိုင်ခြင်း
ကာဗွန်ဟိုက်ဒရိတ်က ကလူးကိုစ့်ကိုမထိန်းချုပ်နိုင်ဘဲ အင်ဆူလင်ပမာဏကို တိုးစေပါတယ် အဲဒါက ဆီချိုရောဂါဖြစ်ပွားခြင်းနဲ့ဆက်စပ်နေပါတယ်။ မန်ကျည်းသီးမှာ ခန္ဓာကိုယ်မှ ကာဗွန်ဟိုက်ဒရိတ်စုပ်ယူမှုကို တားဆီးပေးပြီး အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားခြင်းကို ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။

၅) ရောင်ရမ်းမှု့ကိုလျှော့ကျစေခြင်း
မန်ကျည်းရွက်မှာပါတ့ Lupeol ဓာတ်ကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာဖြစ်ပွားနိုင်တဲ့အန္တရာယ်မှ လျှော့ချပေးပါတယ်။ အဆစ်အမြစ်တွေရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အစွမ်းရှိပြီး အိမ်သုံးဆေးအဖြစ်အသုံးပြုကြပါတယ်။

၆) ခုခံအားတိုးစေခြင်း
Food Science and Technology journal ရဲ့ထုတ်ပြန်တဲ့လေ့လာချက်တစ်ခုမှာ မန်ကျည်းသီးမှာပါဝင်တဲ့ antioxidant ဓာတ်တွေကြောင့် ဗီတာမင် စီ ဓာတ်ကြွယ်ဝပြီး ခုခံအားတိုးစေပါတယ်။ မှိုကပ်ပါးကဲ့သို့ ကူးစက်မှုမျိုးကိုလည်း မဖြစ်ပေါ်စေဘဲ အစာအိမ်ထဲက သန်ကောင်တွေကိုလည်း သေစေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့များသောအားဖြင့် မန်ကျည်းသီးကို ဖျော်ရည်ဖျော်သောက်ခြင်း၊ မန်ကျည်းရွက်နုကို သုတ်စားတာမျိုးလည်း လုပ်ပြီး မန်ကျည်းသီး၊ မန်ကျည်းရွက်နုကို အစားများကြပါတယ်။
https://www.organicfacts.net/health-benefits/herbs-and-spices/tamarind.html လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။