မအောင်မြင်သောသူတွေမှာ တွေ့ရှိရသည့် တူညီသောအချက် ၇ ချက်

ဘယ်လိုလူတွေက အောင်မြင်ပြီး ဘယ်လိုလူတွေက မအောင်မြင်တာလဲ။ လူတစ်ယောက်မှာရှိတဲ့ အမူအကျင့်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေးခေါ်စဉ်းစားပုံတွေကပဲ အောင်မြင်ခြင်းနဲ့ မအောင်မြင်ခြင်းကို အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်။ အောင်မြင်ချင်သူတစ်ယောက်အနေနဲ့ အခုဖော်ပြလိုက်တဲ့ အချက် (၇) ချက်ထဲက တစ်ချက်မဟုတ်တစ်ချက်နဲ့ ကိုယ့်မှာကိုက်ညီနေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။


၁။ အဆိုးမြင်တတ်ကြတယ်
အောင်မြင်သူတွေက အခက်အခဲကိုအခွင့်အလမ်းအဖြစ် မြင်လေ့ရှိကြပြီးတော့ မအောင်မြင်သူတွေကတော့ အခွင့်အလမ်းရှိနေရင်တောင်မှ အခက်အခဲလို့မြင်တတ်ကြပါတယ်။ နေကအရမ်းပူလွန်းတယ်၊ မိုးရွာလို့ သွားရေးလာရေးခက်ခဲတာကအစ လေတိုက်လို့ ကိုယ့်ဆံပင်ပုံစံပ ျက်သွားတာလိုမျိုး အကြောင်းကိစ္စသေးသေးလေးတွေအထိ တစ်ခုမဟုတ်တစ်ခုကို အဆိုးမြင်လေ့ရှိပါတယ်။ အခက်အခဲကြုံလာတဲ့အခါ အဆိုးမြင်စိတ်ပဲများပြီး ဖြေရှင်းဖို့နည်းလမ်းကို မရှာတတ်ကြဘူး၊ အမှားတွေကနေ သင်ခန်းစာယူရမယ့်အစား စိတ်ဓာတ်ပဲကျလေ့ရှိကြပါတယ်။ ဒီ့အတွက် ရှေ့ဆက်တိုးတက်ဖို့ဆိုတာ ခက်ခဲသွားပါတယ်။
၂။ တစ်ဖက်လူရဲ့ပြောစကားကို အလေးထားနားထောင်လေ့မရှိဘူး
တချို့သူတွေက အမြဲတမ်းထင်ပေါ်ချင်ကြတယ်။ လူအထင်ကြီးမယ့် စကားတွေပဲ ပြောတယ်၊ တစ်ခါတစ်လေ လိမ်ညာမိတဲ့အထိတောင် စကားကျွံလေ့ရှိကြပါတယ်။ တခြားလူတွေရဲ့ အကြံပေးချက်တွေကို လက်ခံချင်စိတ်မရှိဘူး၊ အလေးထားနားမထောင်ပါဘူး။ မအောင်မြင်သူတွေဟာ ကိုယ်အမှားလုပ်မိ၊ ပြောမိသွားရင်တောင် ဝန်ခံဖို့အတွက် အတ္တကြီးလွန်းကြပါတယ်။ သူတို့ကိုယ်သူတို့ သူများထက် သာတယ်လို့ယူဆပြီး အမြဲအပေါ်စီးကပဲ ပြောဆိုဆက်ဆံတတ်တဲ့ အကျင့်ရှိပါတယ်။
၃။ ကိစ္စတစ်ခုလုပ်မယ်ဆို မစဉ်းစားဘူး
လတ်တလောခံစားချက်ကို ရှေ့တန်းတင်ပြီး ကိစ္စတွေကိုလုပ်ဆောင်တယ်၊ သေချာစဉ်းစားခြင်းမရှိကြဘူး။ ဥပမာ ပစ္စည်းတစ်ခုကို ကြိုက်ပြီဆိုရင် ချက်ချင်းဝယ်လိုက်ပြီးတော့မှ နောက်ပိုကောင်းတဲ့၊ ပိုတန်တဲ့ ပစ္စည်းတစ်ခုကိုတွေ့တဲ့အခါ နောင်တရတတ်ကြတယ်၊ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြတယ်။ သေချာမစဉ်းစားပဲ လုပ်ဆောင်တဲ့အတွက် အမှားတွေကို လုပ်ဆောင်မိတတ်ကြပါတယ်။
၄။ အချိန်ဖြုန်းကြတယ်
ကိုယ်ပိုင်အချိန်ဆိုတာ ရှိသင့်တဲ့အရာပါ၊ ဒါပေမယ့် မအောင်မြင်သူတွေကတော့ ကိုယ့်ဘဝတက်လမ်းအတွက် ကြိုးစားရမယ့်အချိန်ထက် အခြားအရာတွေကိုလုပ်ပြီး အချိန်ဖြုန်းတတ်တဲ့ အက ျင့်ရှိပါတယ်။ မုန့်စားမယ်၊ တီဗီကြည့်မယ်၊ဖေ့စ်ဘွတ်သုံးမယ်၊ သောက်မယ်စားမယ်၊ တစ်ခါတစ်လေဆိုရင် နံရံကိုငေးကြည့်ပြီးတော့တောင် ဘာမှလဲတွေးတောခြင်းမရှိပဲ ငူငူငိုင်ငိုင်နဲ့ အချိန်တွေကိုကုန်ဆုံးကြပါတယ်။ ကိုယ်ပိုင်အချိန်နဲ့ ကိုယ့်ဘဝတိုးတက်လမ်းအတွက် ကြိုးစားမှုကြားမှာ မျှမျှတတ အချိန်ကို ပိုင်းခြားထားရမှာဖြစ်ပေမယ့် မအောင်မြင်သူတွေကတော့ ရရင်ရသလို အချိန်ဖြုန်းလေ့ရှိပါတယ်။
၅။ လွယ်လွယ်ကူကူနဲ့ လက်လေ ျှ ာ့တတ်ကြတယ်
အောင်မြင်သူတွေက ရှုံးနိမ့်မှုဆိုတာကို နင်းခုန်သွားရမယ့် ကျောက်တုံးလို့မြင်ပါတယ်။ မအောင်မြင်တဲ့သူတွေကတော့ ရှုံးနိမ့်မယ့် အရိပ်ယောင်လေးမြင်ရတာနဲ့ ဆက်မကြိုးစားတော့ဘူး၊ လွယ်လွယ်ကူကူပဲ လက်လေ ျှ ာ့လေ့ရှိပါတယ်။ နောက်အလုပ်တစ်ခုကို ပြောင်းလုပ်တယ်၊ ဒါပေမယ့် သေချာစိတ်ပိုင်းဖြတ်ထားခြင်းမရှိတော့ နောက်အလုပ်သစ်မှာလဲ စိတ်ဝင်စားမှုက ခဏပဲခံပါတယ်။ အထူးသဖြင့် အခက်အခဲတွေကြုံတွေ့လာရတဲ့အခါမှာ လက်လေ
ျှာ့အရှုံးပေးလိုက်ပြန်ပါတယ်။ မအောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ အိပ်မက်နဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် လုံလောက်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဇွဲလုံ့လမရှိကြပါဘူး။
၆။ အလွယ်လမ်းကို လိုက်ကြတယ်
လမ်းနှစ်လမ်းရှိတယ် ဆိုပါစို့၊ မအောင်မြင်တဲ့သူတွေဟာ အခက်အခဲသိပ်မရှိပဲ ချောင်ချောင်ချိချိသွားနိုင်မယ့် လမ်းကိုပဲ ရွေးလေ့ရှိပါတယ်၊ အဲ့ဒီလမ်းဟာ သူတို့ကို အောင်မြင်ဆီမပို့ပေးနိုင်ဘူးဆိုရင်တောင်မှပေါ့။ လောကမှာ ကိုယ်ကြိုးစာမှ ကိုယ်ရတာဖြစ်ပါတယ်၊ ကိုယ်စိုက်ပျိုးတဲ့သီးနှံကို ကိုယ်ပဲရိပ်သိမ်းရမှာပါ။ မအောင်မြင်သူတွေကတော့ ပင်ပန်းရမှာကြောက်တယ်၊ ကြိုးစားချင်စိတ်မရှိဘူး၊ ဘဝကိုသက်တောင့်သက်သာပဲ အမြဲနေချင်သူတွေပါ။
၇။ ကိုယ်အောင်မြင်ဖို့ အခြားသူတွေကို ဆွဲခ ျတတ်ကြတယ်
အောင်မြင်ချင်ရင် ကြိုစားရမှာဖြစ်ပါတယ်၊ ဒါကနည်းလမ်းမှန်ပါပဲ။ မအောင်မြင်သူတွေကတော့ ကိုယ်တိုင်အောင်မြင်အောင်ကြိုးစားမယ့်အစား မမှန်ကန်တဲ့ နည်းလမ်းနဲ့ အခြားသူတွေကျရှုံးအောင် လုပ်ကြပါတယ်။ ကိုယ်မအောင်မြင်တဲ့အတွက် အခြားသူတွေကိုလဲ မအောင်မြင်စေချင်တဲ့ စိတ်ဓာတ်ရှိကြပါတယ်။ တတ်သိနားလည်သူဆီက အကြံဉာဏ်တောင်းဖို့ကိုလဲ တွန့်ဆုတ်ကြတယ်၊ ကိုယ်တိုင်ကြတော့လဲ ဘာကိုမှ ဖြစ်မြောက်အောင်မစွမ်းဆောင်နိုင်သူတွေ ဖြစ်ကြပါတယ်။
လူတိုင်းမှာလိုခ ျင်တာကိုယ်စီရှိကြပါတယ်။ အခ ျို့ ကအောင်မြင်ခ ျင်တယ်။ အခ ျို့ ကခ ျမ်းသာခ ျင်တယ်။ အခ ျို့ ကမိသားစုအတွက်လိုအပ်တာမှန်သမ ျှဖြည့်စည်းပေးခ ျင်တယ်။အမ ျိုးမ ျိုးပေ့ါ။ အဲ့ဒီလိုစိတ်ကူးအိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အပေါ်ကအခ ျက်အလက်တွေကိုယ့်မှာရှိနေတယ်လို့ဆန်းစစ်ကြည့်မိတယ်ဆိုရင်တော့ဖြင့်အခုပြင်ဖို့မနောက်ကြသေးပါဘူး။ အခုခ ျက်ခ ျင်းပဲမကောင်းတဲ့အက ျင့်စရိုက်တွေကိုပြင်ဆင်ပြီးလိုခ ျင်တဲ့ဘဝပန်းတိုင်ဆီသို့ကြိုးစားရုန်ကန်လှမ်းခ ျီကြပါဆို့လားဗ ျာ။
? ( BaWa101 )
Source: “7 Habits of Highly Unsuccessful People,” www.facthacker.com
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။