လူတစ်ယောက်လိမ်နေကြောင်း ဘယ်လိုသိနိုင်လဲ။

လူတစ်ယောက်က သင့်ကိုလိမ်နေတယ်ဆိုတာကို သင်ဘယ်လိုသိနိုင်မလဲ။ တစ်ချို့လူတွေမှာ လိမ်နေမှန်းသိသာစေတဲ့အချက်လေးတွေရှိတတ်ပါတယ်။


၁) မတိကျသောအဖြေပေးခြင်း
သင်မေးနေတဲ့မေးခွန်းကို yes or no ကဲ့သို့ တိတိကျကျမဖြေနိုင်ဘဲ စကားတွေအများကြီးလှည့်ပတ်ပြောနေပြီး
ယောင်ဝါးဝါးအဖြေမျိုး ပေးခြင်းက သင့်ကိုသူတစ်ခုခုလိမ်ထားတာကို ပြသနေတာပဲဖြစ်ပါတယ်။
၂) ရယ်မောစရာပြောလျှင်တောင် မရယ်မောနိုင်ခြင်း
ထိုအချိန်မျိုးမှာ သင်ကလုံး၀ သံသယမဝင်တဲ့ပုံစံမျိုးပြပြီး ရယ်စရာတစ်ခုခု ပြောလိုက်ရင်တောင် သူတို့က မရယ်နိုင်ပါဘူး။ လိမ်ထားတာနဲ့ပတ်သက်ပြီး ဖိစီးမှုတစ်ခုခုဖြစ်နေနိုင်တာကြောင့်ပါ။
၃) သူတို့ရိုးသားကြောင်းကို ချဲ့ကားပြောပြခြင်း
သင်ကိုယ်တိုင်က မယုံကြည်တဲ့ပုံစံမျိုးဖြစ်နေပေမယ့် သူတို့ကိုများ သံသယဝင်နေမလားဆိုတဲ့စိတ်ကြောင့် သူတို့မလုပ်ကြောင်း ဘယ်လိုရိုးသားကြောင်း သင့်ကိုချဲ့ကားပြောပြနေပါလိမ့်မယ်။
၄) ကိုယ်ချင်းစာပြနေခြင်း
တစ်ချို့လိမ်တတ်သူတွေကျပြန်တော့ သင့်ကိုသိသိသာသာအာရုံစိုက်နေပြီး သင်ဘယ်လိုခံစားနေရကြောင်း ကိုယ်ချင်းစာပြတတ်ပြန်ပါသည်။
၅) မှင်သက်နေခြင်း
သင်က သူ့ကို မေးခွန်းမေးလိုက်တဲ့အချိန်မှာ သူပုံစံက တဒင်္ဂမှင်သက်သွားတာမျိုး ဖြစ်ခြင်းဟာလည်း သူက သင့်ကိုလိမ်နေတယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ သင်္ကေတတစ်ခုပါပဲ။ ရုတ်တရက် သင့်မေးခွန်းကို ဖြေဖို့ ကြိုတင်ကြံစည်ပြီးတွေးတာထားတာမျိုးမရှိတဲ့အခြေအနေမျိုးမှာ ဖြစ်သွားနိုင်ပါတယ်။
၆) မေးခွန်းများပြန်မေးခြင်း
သင်က သူ့ကို ဟုတ်မဟုတ် မေးလိုက်တဲ့မေးခွန်းကိုပဲ သူကနေမှ သင့်ကို မေးခွန်းတွေပြန်မေးနေတာမျိုးပါ။ အဲဒါကလည်း အပေါ်ကအချက်လိုပါပဲ။ မေးခွန်းကို ဖြေဖို့ ကြိုတင်ကြံစည်ထားတာမရှိတဲ့အဆုံး သင့်ကို ရုတ်တရက်မေးခွန်းတွေပြန်မေးနိုင်ပါသေးတယ်။ အဲဒါဆိုရင်တော့ သူသင့်ကိုလိမ်နေပြီဆိုတာ သင်သိနိုင်ပါတယ်။
၇) စကားလမ်းကြောင်းပြောင်းခြင်း
အပြစ်ကင်းသလို ဟန်ဆောင်ရတာ သူတို့အတွက် ခက်ခဲတယ်လို့ခံစားရတဲ့သူမျိုးကျတော့ စကားကိုလမ်းကြောင်းလွှဲလိုက်တတ်ပါသေးတယ်။ ပြောနေတဲ့အကြောင်းအရာကို ချက်ချင်းပြောင်းလဲပစ်လိုက်တာမျိုးပါ။ အဲဒီ့ပြောင်းလိုက်တဲ့အကြောင်းအရာကို သင်သိသလားဆိုပြီး သင့်ကိုပြန်မေးနေတာမျိုးပေါ့။
၈) ရန်တွေ့ခြင်း
သင်မေးလိုက်တဲ့မေးခွန်းကို ရုတ်တရက်ဒေါသထွက်ပြီး သူ့ကျမှဘာလို့ မေးတာလဲဆိုတဲ့ အပြုအမူမျိုးလည်း လုပ်တတ်ပါသေးတယ်။ သူ့ကျမှ ဘာလို့မယုံကြည်တာလဲ…….သူကအဲလိုလုပ်ပါ့မလားလို့ ပြောနေတဲ့ အပြုအမူမျိုးကလည်း သင့်ကိုအယုံသွင်းနေတာမျိုးဖြစ်တတ်ပါတယ်။
၉) ထပ်တလဲလဲရေရွတ်ခြင်း
သင်ကသူ့ကိုမေးခွန်းမေးလိုက်တဲ့အခါ သူ့ရဲ့အသံက မြန်လာတာမျိုး၊ ထပ်ခါထပ်ခါ ထပ်ပြောနေတာမျိုး၊ အသံနှုန်းမြင့်သွားတာမျိုးကလည်း သူ့စိတ်ထဲမှာ သင်နဲ့ပတ်သက်ပြီး မူမမှန်ဘူးလို့ ပြောပြခြင်းတစ်မျိုးပါ။
၁၀) အဖြေကိုရှောင်လွှဲခြင်း
သင်မေးလိုက်တဲ့မေးခွန်းကို မဖြေပါဘူး။ မကြားချင်ယောင်ဆောင်နေတာမျိုး၊ မသိဟန်ဆောင်နေလိုက်တာမျိုးကလည်း သင့်ကိုသူလိမ်နေတာဖြစ်နိုင်ပါသေးတယ်။
လိမ်တတ်တဲ့လူတိုင်းလိုလိုတော့ အထက်ပါအချက်အလက်တွေအကုန်လုံးလုပ်ဖြစ်မယ်မဟုတ်ပါဘူး။
ယေဘုယျအားဖြင့် ခန့်မှန်းနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။