လုပ်ငန်းခွင်မှာ ထူးချွန်ဖို့ ဘာတွေလုပ်သင့်သလဲ။

လုပ်ငန်းခွင်မှာ ထူးချွန်ခြင်းဟာ ကိုယ့်ရဲ့အလုပ်ခွင်မှာ ပျော်ရွှင်နိုင်ခြင်းနဲ့ဆက်စပ်နေပါတယ်။ အလုပ်ခွင်မှာ ထူးချွန်တယ်လို့နာမည်ကောင်းရသူဟာ အများရဲ့အားကိုးခြင်းကိုလည်းခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံတြည်မှုတိုးစေမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အခါ အလုပ်ခွင်က ပြဿနာတိုင်းကို ဖြေရှင်းနိုင်လာပြီး ပိုပျော်စရာကောင်းလာပါတယ်။ အလုပ်ခါင်မှာ ပျော်ရဤင်နေတဲ့အခါ မိသားစုဘဝမှာလည်း ပြန်ပြီး ပျော်ရွှင်မှုက သက်ရောက်နေစေပြန်ပါတယ်။ အဲဒါကြောင့် အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ ထူးချွန်ဖို့ကလည်း ဘဝအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။


အဲဒီ့အတွက်အလုပ်ခွင်မှာထူးချွန်ဖို့အတွက် ဘာတွေလုပ်သင့်သလဲ၊ ဘာတွေသိထားသင့်သလဲဆိုတာလေးကို ဖော်ပြလိုက်ပါတယ်။

၁)သင်ယူတတ်ခြင်း
အလုပ်ခွင်မှာ အများနဲ့တစ်ယောက်လိုဖြစ်နေပြီး “ငါတတ်ပြီးသား၊ ငါလောက်ဘယ်သူမှမတတ်ဘူး” တယူသန်စိတ်နဲ့နေလို့မဖြစ်နိုင်ပါဘူး။ အဲဒီလိုစိတ်ထားနေ၇င် သေချာတယ်အလုပ်ခွင်မှာထူးချွန်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အခြားလူတွေရဲ့အပြစ်အနာအဆာထက် ကောင်းကွက်နဲ့အားသာချက်ကို ကြည့်ပြီး အတုယူတတ်ရပါမယ်။ အခြားသူတေါရဲ့အမှားတွေကိုမြင်ရင်လည်း အပြစ်တင်တာထက် ကိုယ်မလုပ်မိအောင်သင်ခန်းစာယူတတ်မှရပါမယ်။ အဲဒါကြောင့်အလုပ်ခွင်မှာ သင်ယူတတ်ဖို့လည်းလိုပါတယ်။

၂) ကိုယ့်အားနည်းချက်၊ အားသာချက်ကိုသိခြင်း
ကိုယ့်ကိုယ်ကိုယ်သိခြင်းက ဘယ်နေရာမှမဆိုလိုအပ်ပါတယ်။ အလုပ်ခွင်မှာ ဘယ်နေရာမှာအားနည်းတတ်သလဲ၊ ကိုယ်ကဘယ်လိုနေရာမှာ အားသာသလဲဆိုတာမျိုးကို ကိုယ့်ကိုယ်ကိုယ်သိထားဖို့လိုပါတယ်။ အဲဒါမှ ကိုယ်ကဘယ်လိုနေရာမှာ ပိုပြီး သင်ယူသင့်သလဲ ဘယ်လိုနေ၇ာနဲ့တော့ ကိုယ်နဲ့ပိုအဆင်ပြေနိုင်မလဲသိနိုင်တာပေါ့။ ကိုယ့်အတွက်လည်းပိုအဆင်ပြေတာကိုရွေးချယ်နိုင်တာ‌ပေါ့။
၃)စီမံခန့်ခွဲတတ်ခြင်း
ကိုယ်မှာ ရှိထားတာလေးတွေနဲ့ ကိုယ့်ရဲ့အချိန်နဲ့ ကိုယ့်တာဝန်ကို ဘယ်လိုပြီးဆုံးအောင်လုပ်မလဲဆိုတဲ့ စီမံခန့်ခွဲတတ်မှုကလည်း လိုအပ်ပါတယ်။ အဲဒါမှ အလုပ်ကိုလည်း အချိန်မီပြိးစီးနိုင်မှာဖြစ်သလို ထိရောက်တဲ့ရလဒ်မျိုးလည်းရနိုင်မှာြဖစ်ပါတယ်။

၄)အားသာချက်ကိုအသုံးချတတ်ခြင်း
အဓိကက ကိုယ့်ရဲ့အားနည်းချက်ကိုချည်းထိူင်တွေးပြီး စိတ်စိဖိးနေတာက ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ့်အားသာချက်ကိုအသုံးချတတ်ဖို့လိုပါတယ်။ ကိုယ့်အားသာချက်ကို ထိရောက်စွာအသုံးချတတ်လာရင် ကိုယ့်အတွက်အဆင်ပြေတဲ့အလုပ်ခါင်တစ်ခုဖြစ်လာအောင်လည်းဖန်တီးနိုင်မှာဖြစ်သလို ကိုယ့်အားနည်းချက်ကိုမှေးမှိန်သွားပြီး ကိုယ့်ကိုယ့်ကိုယ်ပိုပြီးယုံကြည်မှုတိုးစေပါတယ်။

၅) အဖွဲ့အစည်းစိတ်ဓာတ်ရှိခြင်း
အလုပ်ခွင်မှာ တစ်ယောက်ကောင်းလုပ်ပြီး တစ်ယောက်တည်းနာမည်ကောင်းလိုချင်လို့လည်းမရနိုင်ပါဘူး အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး အဖွဲ့အစည်းနဲ့စည်းလုံးစွာ လုပ်ကိုင်ချင်စိတ်လိုပါတယ်။ အားလုံးနဲ့အဆင်ပြေအောင်နေထိုင်တတ်ပြီး ညှိနှုိင်းတတ်ဖို့ပေါ့။

၆) ပြောင်းလဲပြင်လွယ်ခြင်း
ကျရာနေ၇ာမှာ အဆင်ပြေအောင်နေထိုင်ကျင့်သုံးတတ်ပြီး အခြေအနေအလိုက် ပြုပြင်ပြောင်းလဲလွယ်ဖို့လိုပါတယ်။ အဲဒါမှ ရောမ‌ေ၇ာက်ရင်ရောမလိုကျင့်တတ်မှာမို့ ဘယ်နေရာရောက်ရောက်အဆင်ပြေနိုင်မှာပါ။

၇) ကတိတည်ခြင်း
ပေးထားတဲ့ကတိတည်ဖို့လည်းလိုပါတယ်။ ကတိတည်တတ်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အခြားလူတွေကလည်း ယုံကြည်မှာဖြစ်ပြီး အပြန်အလှန်နားလည်ပေးနိုင်မှာဖြစ်ပါတယ်။ အခြားလုပ်ဖော်ကိုင်ဖက်တွေက ယုံကြည်တဲ့အတွက် ကိုယ်ကလည်း လုပ်ငန်းခွင်မှာ နာမည်ကောင်းနဲ့ထူးချွဣ်နိုင်မှာပါ။ အပြောတမျိုး အလုပ်တမျိုးဖြစ်နေတဲ့လုပ်ဖောက်ကိုင်ဖက်ကို ဘယ်သူကမှ ရေရှည်မှာ လက်မတွဲချင်ပါဘူး။

၈)ကူညီတတ်ခြင်း
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကူညီတတ်ဖို့လည်းလိုပါတယ်။ အဲဒါမှ အပြန်အလှန်ကူညီပေးတဲ့လုပ်ငန်းခွင်က ပျော်စရာကောင်းမှာဖြစ်သလို တစ်ယောက်မတတ်မသိတာကို တစ်ယောက်ကသင်ပေးခြင်းနဲ့ အသားကျမှာဖြစ်ပါတယ်။ အဲဒါမှ တစ်ယောက်အပြစ်ကိုလည်းတစ်ယောက်က နားလည်ပေးနိုင်မှာဖြစ်ပါတယ်။
အထက်ကအချက်တွေက လုပ်ငန်းခွင်မှာ ကျင့်သုံးနိုင်မယ်ဆိုရင် အလုပ်ခွင်မှာထူးချွန်မယ့်အပြင် ကလူအများကြားမှာလည်း နာမည်ကောင်းနဲ့ကျော်ကြားနိုင်မှာဖြစ်ပါတယ်။ ကိုယ်နဲ့အတူအလုပ်တွဲလုပ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်ရဲ့အလုပ်ခွင်မှာထူးချွန်နိုင်ခြင်းကို ပံ့ပိုးပေးနိုင်တဲ့သူတွေဖြစ်တာမို့ သူတို့ကိုလည်းမေ့ထားလို့မရပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။