လုပ်ငန်းအတွေ့အကြုံမရှိဘဲ အလုပ်ဘယ်လိုရှာရမလဲ။

အလုပ်လျှောက်တဲ့အခါ အဓိက ပြဿနာကတော့ အလုပ်အတွေ့အကြုံမရှိတာပါပဲ။ အလုပ်အတွေ့အကြုံရှိမှ အလုပ်ခေါ်တာများတာမို့ အလုပ်အတွေ့အကြုံမရှိတဲ့လူတွေက အလုပ်ရှာရခက်တတ်ပါတယ်။ ဒါပေမယ့် လူတိုင်းက မွေးရာပါ လုပ်ငန်းအတေါ့အကြုံပါလာကြသူတွေချည်းမဟုတ်ပါဘူး။ ကြိုးစားသင်ယူရင်းကနေမှ အတေါ့အကြုံရလာတာချည်းပါပဲ။ အဲဒါကြောင့် အလုပ်အတွေ့အကြုံမရှိတဲ့အခါ အလုပ်ခေါ်စာတွေ၊ ဂျာနယ်တွေဖတ်တဲ့အခါ အောက်ပါအချက်လေးတွေကိုလုပ်ထားပါ။


၁) အလုပ်သင်ခေါ်စာရှာကြည့်ပါ။
ဖေ့ဘုတ်ပေါ်မှာ အလုပ်ရှာတာဖြစ်ဖြစ်၊ အလုပ်ခေါ်ဂျာနယ်ဖတ်တာဖြစ်ဖြစ် အလုပ်ခေါ်စာကိုရှာတဲ့အခါ အလုပ်သင်ခေါ်တာမျိုးကို အရင်ဆုံးရှာကြည့်ပါ။ internship ခေါ်တာမျိုးတွေ့ရင် ဦးစားပေးဝင်လျှောက်ကြည့်လိုက်ပါ။ အလုပ်နဲ့ပတ်သက်တဲ့အတွေ့အကြုံမရှိဘူးဆိုတာက ကိစ္စမရှိပေမယ့် အလုပ်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကို စာတွေ့ကြုံရအောင် လိုက်ပြီးဖတ်မှတ်ထားသင့်ပါတယ်။ ကိုယ်စိတ်ပါဝင်စားတဲ့အလုပ်အမျိုးအစားနဲ့ပတ်သက်ပြီး ဘယ်လိုတေါကြုံရတတ်သလဲ။ ဘယ်က အလုပ်သင်ခေါ်တတ်လဲစသဖြင့် ကိုယ်ကလေ့လာထားရမှာပါ။

၂) လုပ်ငန်းအတွေ့အကြုံမလိုတဲ့အလုပ်ခေါ်စာမျိုးရှာကြည့်ပါ။
တချို့အလုပ်ခေါ်စာမှာတော့ အလုပ်အတွေ့အကြုံမလို၊ သင်ပေးမည်ဆိုတာမျိုးပါသလို၊ အလုပ်သင်လိုမျိုးပဲ လစာအနည်းငယ်လျှော့ချပြီးခေါ်တတ်ပါတယ်။ အဲဒီလိုလုပ်ငန်းအတေါ့အကြုံမလိုတဲ့အလုပ်ခေါ်စာမျိုး၊ တချို့ကျတော့ အတွေ့ကြုံမရှိလည်း လျှောက်နိုင်သည်ဆိုတာမျိုး၊ အလုပ်အတွေ့အကြုံနဲ့ပတ်သက်ပြီး ဘာမှမညွှန်ကြားထားတဲ့အလုပ်ခေါ်စာမျိုးဆိုရင်လည်း ဝင်လျှောက်ကြည်သင့်ပါတယ်။

၃) ပြင်ပသင်တန်းဆင်းလက်မှတ်ထက် Skill ကိုပိုကျွမ်းကျင်အောင်လေ့ကျင့်ထားပါ။
တချို့က အလုပ်ခေါ်စာမှာ ကိုယ်တက်ထားတဲ့သင်တန်းဆင်းလက်မှတ်နဲ့ကိုက်တယ်ဆိုပြီး အလုပ်လျှောက်လိုက်တယ်၊ ဒါပေမယ့် သင်တန်းဆင်းလက်မှတ်ထဲမှာသာ တက်မြောက်ကြောင်းပါတာ တကယ့်လက်တွေ့မှာတော့ ထိုသင်တန်းနဲ့ပတ်သက်ပြီး ဘာမှမတတ်ဘူးဆိုရင် အလုပ်အတွေ့အကြုံလည်းမရှိ၊ တကယ်လည်း မတတ်နဲ့ အလုပ်ရဖို့ပိုဝေးသွားတတ်ပါတယ်နော်။ ပြင်ပမှာ သင်တန်းဆင်းလက်မှတ်မရှိပြန်လည်း ကိုယ်က ဒီပညာနဲ့ပတ်သက်ပြီးတတ်မြောက်ကြောင်းသက်သေမရှိပြန်ပါဘူး။ အဲဒါကြောင့် သင်တန်းဆင်းလက်မှတ်လည်းလိုသလို၊ တကယ်တတ်မြောက်အောင်လည်း လေ့လာသင့်ပါတယ်။ အဲဒါမှ အလုပ်အတွေ့အကြုံမရှိပေမယ့် သင်တန်းမှာ သေချာလိုက်လေ့လာထားခြင်းဟာ ကိုယ့်အတွက် စာတွေ့တစ်မျိုးမို့ လက်တွေ့မှာပြန်လည်အသုံးချဖို့ရာအထောက်အကူဖြစ်စေမှာပါ။ သင်တန်းမှာ တကယ်ကျွမ်းကျင်အောင်လေ့လာထားတဲ့အခါမှာတော့ ကိုယ့်အတွက်လည်း အင်တာဗျူးမှာ တတ်မြောက်ကြောင်း ပြန်လည်စစ်ဆေးတဲ့အခါ အများကြီးအထောက်အကူပြုနိုင်ပါတယ်။

၄) စဥ်ဆက်မပြတ် စာဖတ်လေ့လာသင်ယူပါ။
သင်တန်းမှာသင်တယ်၊ လက်မှတ်ရလာရင် အလုပ်ရမှာပဲလို့ တရားသေတွက်လို့မရသလို၊ လက်မှတ်ကိုကြည့်ခေါ်ပြီး အင်တာဗျူးခေါ်တဲ့အလုပ်မှာ သင်တန်းဆင်းလက်မှတ်တွေမပါပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ အဲဒါကြောင့် သင်တန်းတက်ရင် စာတွေဖတ်မှတ်လေ့လာလသင်ယူပါ။ သင်တန်းမှာလည်း တကယ်တတ်မြောက်အောင်သင်ယူပါ။ သင်တန်းပြီးဆုံးသွားလည်း သက်ဆိုင်ရာစာတွေကို ပြန်ဖတ်မှတ်ပါ။ ဆက်လက်လေ့လာသင်ယူပါ။ ဒါမှသာ အလုပ်အတွေ့အကြုံမရှိပေမယ့် အလုပ်အင်တာဗျူးမှာ မေးသမျှကို သွက်လက်စွာနဲ့ မထင်မှတ်ထားလောက်အောင် ဗဟုသုတစုံလင်စွာဖြေဆိုနိုင်မှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။