လိမ္မော်သီး စားခြင်းရဲ့ကောင်းကျိုးများ

လိမ္မော်သီးက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပေါပေါများများရနိုင်ပြီး ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် လိမ္မော်သီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တယ်ဆိုတာ လူတိုင်းနီးပါး သိထားကြလိမ့်မယ်ထင်ပါတယ်။ အဲဒါအပြင် အခြားသော ဓာတ်တွေပါဝင်ပြီး ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာ သေချာလေးသိရအောင် ဖော်ပြပေးလိုက်ပါတယ်။


၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
လိမ္မော်သီးမှာ D-limonene ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ဖို့ အကျိုးသက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ နဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ဖို့ အထောက်အကူပေးပါတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ဓာတ်တိုးပစ္စည်း (antioxidant ) အနေနဲ့ free radical တွေကြောင့် ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ အောက်ဆီဂျင်ဓာတ်တိုးအာနိသင် (antioxidants )ကြောင့် ကင်ဆာအလုံးအကျိတ်တွေဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
လိမ္မော်သီးမှာ ပါဝင်တဲ့အမျှင်ဓာတ်ကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေတဲ့အတွက် အူမကြီးကင်ဆာကိုလည်း ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။
၂) ကိုလက်စထရောကို လျော့ကျစေခြင်း
လိမ္မော်သီးမှာ Pectin (soluble fiber) ဓာတ်တစ်မျိုးပါဝင်မှုကြောင့် အူထဲက ကိုလက်စထရောက်တွေကို စုစည်းပေးပါတယ်။ အဲဒါကြောင့် သွေးကြောတွေမှ ကိုလက်စထရောစုပ်ယူခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အဲဒါအပြင် flavanone ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ကိုလက်စထရောပမာဏကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့ရပါသေးတယ်။
၃) သွေးဖိအားကို ကျစေခြင်း
ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးဖိအားကို လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။ ဆိုဒီယမ်သက်ရောက်မှုကို လျော့ကျစေတဲ့အတွက် သွေးဖိအားကို လျော့ကျစေဖို့ ကူညီပေးပါတယ်။ ပိုတက်ဆီယမ်က သွေးကြောနံရံများရဲ့ တင်းအားကို ပြေလျော့စေပါတယ်။
4.အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခြင်းကို သက်သာစေနိုင်ခြင်း
လိမ္မော်ရည်မှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်မှုကြောင့် အဆစ်အမြစ်နာကျင်ခြင်း၊ အဆစ်တွေရောင်ခြင်းတို့ကို သက်သာစေပါတယ်။
၅) ခုခံစွမ်းအားတိုးစေခြင်း
ဗီတာမင်စီကြောင့် သွေးဖြူဥတွေထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပြီး ခုခံစွမ်းအားတိုးစေနိုင်ပါတယ်။ ဗီတာမင်အေ၊ ဖောလိတ်နဲ့ ကော့ပါးဓာတ်တွေကြောင့် သင့်ရဲ့ခုခံစွမ်းအားကိုထိန်းပေးနိုင်ပါတယ်။
၆) ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို ကာကွယ်နိုင်ခြင်း
ဗီတာမင်စီက ကျောက်ကပ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဆီးထဲက citrate ပမာဏကို လျော့ကျစေခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို လျော့ကျဖို့ကူူညီနိုင်ပါတယ်။ uric acid တွေ ခဲခြင်းကို လျော့ကျစေခြင်းကြောင့် ကျောက်ကပ်တွင် ကျောက်ဖြစ်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၇) ဆီးချိုရောဂါကို လျော့ကျစေခြင်း
ဆီးချိုရောဂါသည်တွေက လိမ္မော်ရည်ကို သောက်သုံးခြင်းထက် အသီးကိုစားခြင်းက ဆီးချိုကိုလျော့ကျစေတယ်လို့ လေ့လာချက်တွေအရ သိရှိခဲ့ပါတယ်။ soluble fiber မြင့်မားစွာပါဝင်မှုကြောင့် သွေးထဲက သကြားဓာတ်စုပ်ယူခြင်းကို နှေးကွေးစေနိုင်ပါတယ်။
၈) ခန္ဓာကိုယ်တွင်းက နာကျင်မှုတွေကို သက်သာစေနိုင်ခြင်း
ဗီတာမင်စီကြောင့် ခန္ဓာကိုယ်တွင်းက နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီချို့တဲ့သူတွေထက်စာရင် ဗီတာမင်စီပြည့်ဝစွာစားသုံးသူတွေက ပိုပြီး နာကျင်မှုတွေကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
၉) မျက်လုံးကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း
ဗီတာမင်အေ ပါဝင်မှုကြောင့် အမြင်အာရုံအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင်အေက အသက်အရွယ်ကြီးရင့်မှုကြောင့် အမြင်အာရုံအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၁၀) ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေနိုင်ခြင်း
ဖောလစ်အက်ဆစ် (vitamin B9) ပါဝင်မှုကြောင့် ဦးနှောက်က နာဗ့်ကြောမျှင်တွေရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ အာရုံကြောတွေရဲ့လုပ်ဆောင်ချက်အားနည်းတဲ့အခါ စိတ်ပူပန်စိုးရိမ်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။
၁၁) ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း
ဗီတာမင်စီက ကော်လိပ်ဂျင်ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့အတွက် အရေပြားနဲ့ ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သင့်ဆံပင်တွေအရမ်းကျွတ်နေပြီဆိုရင်တော့ သင်လိမ္မော်သီးစားသုံးပေးဖို့လိုနေပါပြီ။
၁၂) အရေပြားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
ဗီတာမင်စီကြောင့် အရေပြားအတွက် အထူးကောင်းမွန်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အောက်ဆီဂျင်ဓာတ်တိုးပစ္စည်း (antioxidant ) ပါဝင်ပါတယ်။ ကော်လိပ်ဂျင်တွေဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးနိုင်ခြင်းကြောင့် အရေပြားမှာ အရေအကြောင်းဖြစ်ခြင်း၊ ခြောက်သွေ့ခြင်း ကာကွယ်ပေးနိုင်ပါတယ်။
၁၂) ဝိတ်ကျစေခြင်း
အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင့် သင့်ကို အစာစားပြီး အတော်ကြာအောင် ဗိုက်ပြည့်နေစေပါတယ်၊ အဲဒါကြောင့် သင်က အစာစားတဲ့ပမာဏ နည်းပါးသွားမှာပါ။
၁၂) အစာခြေစနစ်ကို ကူညီနိုင်ခြင်း
အစာခြေစနစ်ပြဿနာတွေက အစာအိမ်မှာ အက်ဆစ်ဓာတ်လုံလောက်စွာမထုတ်ပေးနိုင်ခြင်းနဲ့ပတ်သက်နေပါတယ်။ လိမ္မော်ရည်က အစာခြေစနစ်အတွက် လုံလောက်တဲ့အက်ဆစ်ဓာတ်ထုတ်လုပ်ပေးဖို့ ကူညီနိုင်ပြီး အစာခြေစနစ်ကိုပိုကောင်းစေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
https://www.ehealthzine.com/health-benefits-of-oranges-nutritional-value-of-orange.html
လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။