လိုင်ချီးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

လိုင်ချီးသီးက အသီးငယ်လေးတွေဖြစ်ပြီး ချိုမြိန်တဲ့အရသာနဲ့ ရနံ့ရှိပါတယ်။ နွေရာသီမှာ ပေါများပြီး အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ အရည်ရွှမ်းပြီး ချိုမြိန်တဲ့အသီးဖြစ်ပါတယ်။ တရုတ်ပြည်မှာ အိမ်သုံးဆေးအဖြစ်လည်းသုံးကြပါတယ်။


၁) ခုခံအားတိုးစေခြင်း
ဗီတာမင်စီနဲ့ ဗီတာမင်ဘီ ၊ flavonoids ကဲ့သို့ antioxidant တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းခုခံအားတိုးစေပါတယ်။

၂) သွေးအားကောင်းစေခြင်း
မဂ္ဂနီစ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ် နဲ့ ဖောလိတ်ဓာတ်တွေပါဝင်တာကြောင့် သွေးနီဥဖြစ်ပေါ်ဖို့လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်ပြီး သွေးအားကောင်းစေပါတယ်

၃) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
အမျှင်ဓာတ်နဲ့ ဗီတာမင်ဘီ ပါဝင်တာကြောင့် ပရိုတင်းနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေတိုးလာစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။

၄) အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
Antioxidants တွေပေါများစွာပါဝင်ခြင်းကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၅) သွေးဖိအားထိန်းချုပ်ပေးနိုင်ခြင်း
ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်များခြငးက ခန္ဓာကိုယ်ထဲက အရည်ပမာဏကိုထိန်းသိမ်းပေးပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာသွေးဖိအားများခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်းကို သက်သာစေပါတယ်။ ဖောလိတ်၊ မဂ္ဂနီစ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကော့ပါး စတဲ့ဓာတ်တွေကလည်း သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၆) antioxidants တွေကြွယ်ဝစွာပါဝင်ခြင်း
ဗီတာမင်စီ နဲ့ အခြားသော antioxidants တွေပါဝင်ခြင်းက အဆစ်အမြစ်ရောဂါများ။ ရပ်ကြပ်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။
https://www.researchgate.net/post/What_are_the_health_benefits_of_Lychee_Litchi_fruit လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။