ကြာစွယ်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကြာစွယ်ဆိုတာ ကြာပန်းပင်မှရတဲ့အမြစ်ဖြစ်ပါတယ်။ ကြာစွယ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် potassium, phosphorus, copper, iron, နဲ့ manganese ကဲ့သို့ phytonutrients တွေလည်းပါဝင်ပါတယ်။ thiamin, pantothenic acid, zinc, vitamin B6, နဲ့ vitamin C တွေလည်း ပါဝင်ပါသေးတယ်။ ကြာစွယ်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) သွေးလည်ပတ်မှုအားကောင်းစေခြင်း
အာဟာရမျှတစွာပါဝင်တာမို့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး စွမ်းအင်တိုးစေပါတယ်။ သံဓာတ်နဲ့ကော့ပါးပါဝင်တာကြောင့် သွေးနီဥတွေထုတ်လုပ်စေဖို့ ကူညီပေးပြီး သွေးစီးဆင်းမှုကောင်းမွန်စေတာဖြစ်ပါတယ်။

၂) စိတ်ဖိစီးမှုလျော့ကျစေခြင်း
ဗီတာမင်ဘီ အုပ်စုဖြစ်တဲ့ pyridoxine ပါဝင်တာကြောင့် အာရုံကြောနဲ့ ဦးနှောက်အတွက်ကောင်းမွန်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်ပိုကောင်းစေပြီး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းများကိုလည်း သက်သာစေပါတယ်။ စိတ်ခံစားချက်ကောင်းစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။

၃) သွေးဖိအားပုံမှန်ဖြစ်စေခြင်း
အာလူးနဲ့ ခရမ်းချဉ်သီး၊ ထောပတ်သီးတို့ကဲ့သို့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် သွေးထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ်ပမာဏကို ညီမျှအောင်ထိန်းပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်က သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကိုလည်း ပုံမှန်ဖြစ်စေနိုင်ပါတယ်။ သွေးလွှတ်ကြောစနစ်အတွက်အထောက်အကူပြုပါတယ်။ ဦးနှောက်ထဲ သွေးလည်ပတ်မှုအားကောင်းစေဖို့ အာရုံကြောအတွက် သွေးတိုးခြင်းအတွက် ပိုတက်ဆီယမ်က အရေးပါပါတယ်။ အဲဒါကြောင့် ကြာစွယ်က သွေးဖိအားပုံမှန်ဖြစ်စေပြီး သွေးတိုးခြင်းကို ကာကွယ်နိုင်ပါတယ်။

၄) အစာခြေစနစ်ကောင်းမွန်စေခြင်း
အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကောင်းစေပြီး အူမကြီးလှုပ်ရှားမှုကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အူထဲကအာဟာရစုပ်ယူမှုအားကောင်းစေပါတယ်။ အစာခြေပြီး ဂတ်စ်ထုတ်လွှတ်ခြင်းနဲ့ အူထဲကကြွက်သွားတွေလုပ်ရှားမှုကောင်းမွန်စေပါတယ်။

၅) ဗီတာမင်စီကြွယ်ဝခြင်း
ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် သွေးကြောတွေ၊ ကိုယ်တွင်းအဂါၤတွေ၊ အရေပြားတွေအားလုံးအတွက်ကောင်းမွန်စေပြီး ခုခံအားကောင်းစေပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

၆) ဝိတ်ကျစေခြင်း
ကယ်လိုရီနည်းတာကြောင့် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၇) ဗီတာမင်အေ ကြွယ်ဝခြင်း
အရေပြား၊ ဆံသား၊ မျက်လုံးအတွက် ကောင်းမွန်စေတဲ့ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အမြင်အာရုံအားနည်းခြင်းနဲ့ အခြားအမြင်အာရုံပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အနာကျက်မြန်စေပြီး အရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
ဘက်တီးရီးယားတွေကပ်ပါးတွေ ရှိနေနိုင်တာကြောင့် အစိမ်းမစားသင့်ပါဘူး။
https://www.organicfacts.net/health-benefits/vegetable/lotus-root.htmlလင့်မှဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။