ကြံရည်သောက်ခြင်းရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ကြံရည်တစ်ဖန်ခွက်သောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေအများကြီး ရနိုင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရိုးရာဆေးနည်းအဖြစ်လည်း အသုံးပြုကြပါတယ်။ ခန္ဓာကိုယ်ခုခံအားကောင်းစေခြင်း၊ အရိုးသန်မာစေခြင်း၊ အစာခြေစနစ်အတွက်ကောင်းခြင်း အပြင် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။


၁) စွမ်းအင်တိုးစေခြင်း
ကြံရည်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစေပြီး ကုန်ဆုံးသွားတဲ့သကြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ရေဓာတ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးပြီး မောပန်းခြင်းကိုလည်း သက်သာစေပါတယ်။

၂) ဆီးရွှင်စေခြင်း
ကြံရည်သောက်ခြင်းအားဖြင့် ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။ ဆီးရွှင်စေတာကြောင့် ဆီးလမ်းကြောင်းမှတဆင့် ကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သံပုရာရည်တစ်ဇွန်း သို့မဟုတ် ဂျင်းရည်ထည့်သောက်ခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

၃) သွားအခေါင်းပေါက်တွေကြောင့် ခံတွင်းအနံ့ဆိုးခြင်းကိုသက်သာစေခြင်
သတ္တုဓာတ်ဖြစ်တဲ့ calcium နဲ့ phosphorus ပါဝင်မှုကြောင့် သွားခိုင်မာစေပြီး အခေါင်းပေါက်ဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ခြင်းကိုလည်း သက်သာစေပါတယ်။

၄) အသားဝါရောဂါဖြစ်ပွားနိုင်ချေလျှော့နည်းစေခြင်း
ကြံရည်မှာ အသည်းကို ကောင်းမွန်စေတာကြောင့် အသည်းရောင်အသားဝါအတွက်ဆေးအဖြစ်အသုံးပြုကြတယ်လို့ဆိုပါတယ်။ ကြံရည်မှာပါဝင်တဲ့ antioxidant တွေကြောင့် အသည်းကိုကာကွယ်ပေးပြီး အသည်းရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။
သင့်ခန္ဓာကိုယ်မှာကုန်ဆုံးသွားတဲ့ပရိုတင်းနဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၅)အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
ကြံရည်သောက်ခြင်းက အစာခြေစနစ်ကိုကောင်းမွန်စေပြီး ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့် အစာအိမ်ကိုကာကွယ်ပေးပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။

၆) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပြီး ဝက်ခြံ၊ အနီစက် ၊ အမဲစက်၊ အရေးအကြောင်းတွေကို သက်သာစေပါတယ်။ Alpha hydroxy acids ကြောင့် အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။

၇) ခုခံအားတိုးစေခြင်း
antioxidants နဲ့ vitamin C ပါဝင်ခြင်းကြောင့် ခုခံအားကောင်းစေပါတယ်။ အစာခြေစနစ်၊ အသည်းရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

၈) အနာကျက်မြန်စေခြင်း
ကြံရည်သောက်ခြင်းကြောင့် ပါဝင်တဲ့အာဟာရဓာတ်တွေကြောင့် အနာကျက်မြန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

၉) အရိုးသန်မာစေခြင်း
ကြံရည်မှာ calcium, magnesium, phosphorus, iron နဲ့ potassium ဓာတ်တွေပါဝင်တာကြောင့် အရိုးသန်မာစေပါတယ်။ အရိုးပွရောဂါဖြစ်ပေါ်စေတဲ့အန္တရာယ်ကို လျော့ကျစေပြီး အမျိုးသမီးများ အသက်အရွယ်ရလာတဲ့အချိန်မှာ ဖြစ်ပေတတ်တဲ့အရိုးပွရောဂါအတွက် ကြံရည်သောက်သင့်ပါတယ်။

https://www.netmeds.com/health-library/post/7-amazing-benefits-of-sugarcane-juice-a-sweet-deal-to-good-health လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။