ကျောက်ပွင့်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကျောက်ပွင့်ကို တရုတ်တွေက ရိုးရာဆေးဝါးအဖြစ်သုံးတတ်ကြပါတယ်။ ဟင်းချက်ရာတွင်လည်းထည့်သုံးတတ်ပါတယ်။ ကျောက်ပွင့်ကို Tremella Mushrooms လို့ခေါ်ပြီး ကျွန်တော်တို့ရဲ့ခုခံအားစနစ်ကိုမြင့်တင်ပေးပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ အသားအရေကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။


၁) အရေပြားကိုကြည်လင်စေပါတယ်။
ရေဓာတ်ပြည့်ဝပြီး သင့်အရေပြားကိုအရွယ်တင်နုပျိုးစေပါတယ်။

၂)ဗီတာမင်ဒီပါဝင်ပါတယ်။
ဗီတာမင်ဒီကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအတွက်အထူးကောင်းမွန်စေပါတယ်။ အရိုးသန်မာစေပြီး အင်ဆူလင်တွေကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ခုခံအားတိုးစေပြီး ဦးနှောက်ကျန်းမာရေးကို ကူညီပေးပါတယ်။ အာရုံကြောကောင်းမွန်စေပါတယ်။

၃) ပရိုတိန်းပါဝင်ပါတယ်။
မရှိမဖြစ်လိုအပ်တဲ့ပရိုတင်းဓာတ် ၁၈မျိုးပါဝင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါဝင်ပြီး ခုခံအားတိုးစေတဲ့ polysaccharides ပါဝင်ပါတယ်။

၄) မှတ်ဉာဏ်ကောင်းစေပါတယ်။
ကြွက်တွေမှာလေ့လာချက်အရ ကျောက်ပွင့်ကိုစားတဲ့အခါနှစ်ပတ်အတွင်းမှာ သင်ယူလေ့လာနိုင်စွမ်းတိုးလာပြီး မှတ်ဉာဏ်အားကောင်းလာတာကို ပြသနိုင်ခဲ့ပါတယ်။

၅) ကိုလက်စထရောလျော့ကျစေပါတယ်။
ကျောက်ပွင့်မှိုစားခြင်းက အသည်းမှာ ကိုလက်စထရောလျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးနိုင်ပြီး လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆) သွေးထဲကသကြားဓာတ်လျော့ကျစေပါတယ်။
သွေးထဲကသကြားဓာတ်ကိုလျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ပေးဖို့ကူညီနိုင်ပါတယ်။ အသည်းမှာ ကလူးကိုစ့်တွေပိုပြီးစုပ်ယူဖို့ ကူညီနိုင် သွေးထဲကသကြားဓာတ်ကိုလျော့ကျဖို့ ကူညီပေးပါတယ်။

၇) ခန္ဓာကို်ယ်တစ်ခုလုံးရောင်ရမ်းခြင်းကိုကာကွယ်ပေးပါတယ်။
ကျောက်ပွင့်မှာ အရေပြားနဲ့ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝသ်တာကြောင့် အရေပြားမှာ ဓာတ်မတည့်မှုဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှလည်း ကူညီပေးပါတယ်။

၈) အသည်းရောင်ခြင်းကိုသက်သာစေပါတယ်။
ကိုလက်စထရောတွေလျော့ကျစေတဲ့အတွက် အသည်းကိုထိခိုက်ခြင်း၊ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။

၉) အရိုးပွခြင်းကို ကာကွယ်ဖို့ကူညီနိုင်ပါတယ်။
ကယ်လဆီယမ်စုပ်ယူမှုမြင့်မားစေတဲ့အတွက် အရိုးပွခြင်းဖြစ်ပေါ်မှုကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။

၁၀) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အစာအိမ်ထဲက ဂတ်စ်တွေထုတ်လုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နာခြင်းကိုကာကွယ်ပေးပြီး အူထဲက အစာခြေရည်ထုတ်လုပ်ပေးတဲ့ဘက်တီးရီးယားလေးတွေကို ပေါက်ပွားစေတဲ့အတွက် အစာချေဖို့အဆင်ပြေစေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။

၁၁) သွေးလှည့်ပတ်မှုစနစ်ကိုကာကွယ်ပေးနိုင်ပါတယ်။
သွေးကြောတွေရောင်ရမ်းခြင်း၊ သွေးလွှတ်ကြောတွေမာခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ သွေးဖိအားလျော့ကျစေပြီး သွေးလှည့်ပတ်မှုကိုပိုကောင်းစေပါတယ်။

https://paulhaider.wordpress.com/2018/01/16/proven-health-benefits-of-tremella-mushrooms/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။