ကျောက်ဖရုံသီးရဲ့အကျိုးကျေးဇူးများ

ကျောက်ဖရုံသီးကို အရှေ့တောင်အာရှမှာ အစားများကြပါတယ်။ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ phosphorus, calcium, iron, riboflavin, thiamine, niacin နဲ့ Vitamin C ဓာတ်တွေပါဝင်ပါတယ်။ ကျောက်ဖရုံသီးရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အစာအိမ်ပြဿနာနဲ့ အူတွင်းပိုးမွှားကင်းစေခြင်း
အစာအိမ်နဲ့အူတွေအတွက် ကောင်းမွန်စေပြီး ပူစပ်လွန်းတဲ့အစားအစာတွေကြောင့် အစာအိမ်နာခြင်းမျိုး၊ အက်ဆစ်တွေထုတ်လုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။

၂) ကိုယ်အလေးချိန်လျှော့ချနိုင်ခြင်း
ရေဓာတ်ပြည့်ဝပြီး အာဟာရတွေပြည့်ဝတဲ့အပြင် ကယ်လိုရီကျစေချင်တယ်ဆိုရင် ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်တာမျိုး ၊ ပြုတ်ကြော်လုပ်စားတာမျိုး၊ ကျောက်ဖရုံသီးဖျော်ရည်လုပ်သောက်တာမျိုး လုပ်နိုင်ပါသေးတယ်။

၃) သွေးတိတ်စေခြင်း
သဘာဝသွေးတိတ်စေသောအစွမ်းရှိပါတယ်။ အရွက်ကိုကြိတ်ခြေပြီးအုံပေးတာမျိုးကဲ့သို့ ပြင်ပဒဏ်ရာတွေအတွက်မလုပ်ဘဲ ခန္ဓာကိုယ်တွင်းသွေးယိုစီးမှုတွေကို အံ့မခန်းသွေးတိတ်စေတာဖြစ်ပါတယ်။ နွေရာသီမှာ နှာခေါင်းသွေးလျှံခြင်းနဲ့ ကျောက်ကပ်မှာသွေးယိုခြင်းကြောင့် ဆီးသွေးပါခြင်းမျိုးကို ကျောက်ဖရုံသီးကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် သက်သောစေတာတွေ့ရပါတယ်။

၄) စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလျော့ကျစေခြင်း
စိတ်မကျန်းမာမှုကိုလည်း ကုသဖို့ကူညီနိုင်ပါတယ်။ အာရုံကြောနဲ့ဦးနှောက်ကို သက်ရောက်စေတဲ့အပြင် စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ ဝက်ရူးပြန်ခြင်းတွေကို သက်သာစေပါတယ်။ ကျောက်ဖရုံဖျော်ရည်တစ်ခွက် ပုံမှန်သောက်ခြင်းဖြင့် ထိုပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

၅) အိပ်မပျော်ခြင်းအတွက် ကုသနိုင်ခြင်း
အာရုံကြောနဲ့ စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်ခြင်းကို သက်သာစေနိုင်ပါတယ်။

၆) ဆီးရွှင်စေခြင်း
ရေဓာတ်ပါဝင်မှုတာကြောင့် ဆီးရွှင်စေပြီးကျောက်ကပ်ပြဿနာတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၇) မျက်နှာနဲ့ဆံပင်အတွက်ကောင်းခြင်း
ကျောက်ဖရုံဖျော်ရည်ဟာ သံပုရည်ဖြင့် ရောပြီးအရေပြားမှာလိမ်းခြင်းအားဖြင့် မျက်နှာပေါင်းတင်တာမျိုး လုပ်နိုင်ပါတယ်။ အမည်းစက်တွေလျော့နည်းစေပါတယ်။ ဦးရေပြားမှာလိမ်းခြင်းအားဖြင့် ဗောက်ပြဿနာကိုလည်းဖြေရှင်းနိုင်ပါတယ်။ ကျောက်ဖရုံကြိတ်ထားတဲ့အရည်ကို ဦးရေပြားမှာ လိမ်းပြီးခေါင်းလျှောက်ချလိုက်ပါ။ အုန်းဆီနဲ့ ကျောက်ဖရုံစေ့ကိုထောင်းလိမ်းရင်ဆံပင်သန်စေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။