ကျောက်ကပ်အတွက်ကောင်းမွန်စေသောအစားအစာများ

ကျောက်ကပ်ဆိုတာက ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အင်္ဂ ါတစ်ခုဖြစ်ပါတယ်။ သူက သွေးထဲက အဆိပ်အတောက်တွေ၊ မလိုအပ်ပဲပိုလျှံနေတဲ့ရေတွေကိုဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့အစားအစာများကိုဖော်ပြပေးလိုက်ပါတယ်။


၁) ရေ
ရေက အံ့သြစရာကောင်းတဲ့ ဆေးတစ်မျိုးပါပဲ။ သင့်ကိုပြန်ကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ စွမ်းအင်တွေရှိပါတယ်။ အမျိုးသမီးတွေအတွက် တစ်နေ့မှာ ဖန်ခွက် ၈ခွက်ခန့်သောက်သင့်ပြီး အမျိုးသားတွေကတော့ တစ်နေ့မှာ ၁၃ခွက်ခန့်သောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ သင့်ဆရာဝန်က သင့်ရဲ့ကျောက်ကပ်အခြေအနေနဲ့ သင့်ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေပေါ်မှုတည်ပြီး သတ်မှတ်ပေးတဲ့ပမာဏကို သောက်တာက ပိုသင့်တော်ပါတယ်။
၂) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်က အရွက်များပြီး phytochemicals ပါဝင်သော အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ Antioxidants ပါဝင်သောကြောင့် ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အဲဒါကြောင့် ကင်ဆာဖြစ်ပွားခြင်းအန္တရာယ်ကိ လျော့ကျစေနိုင်ခြင်း၊ နှလုံးသွေးကြောနဲ့ဆိုင်သောရောဂါများနဲ့ ကျောက်ကပ်အလုပ်မလုပ်ဘဲပျက်စီးခြင်းများကို လျော့ကျစေနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ကျောက်ကပ်ကို
အန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတ်တစ်ခုမှကို မပါဝင်ပါဘူး။
၃) ငရုပ်ပွအနီ
အနီရောင်ငရုပ်ပွမှာ ပိုတက်ဆီယမ်ဓာတ်နည်းပါးတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သူတို့မှာ ဟင်းပွဲကို အရောင်ကော အရသာကိုကော ရရှိစေနိုင်တဲ့အပြင် vitamins C ၊ B6၊ A၊ folic acid နဲ့ fiber(အမျှင်ဓာတ်) တွေပါဝင်ပါသေးတယ်။ အနီရောင်ငရုပ်ပွမှာ antioxidant lycopene ဓာတ်ပါဝင်ပြီး ထိုဓာတ်က အချို့သော ကင်ဆာရောဂါများကိုတောင် ကာကွယ်နိုင်ပါသေးတယ်။
၄) ကြက်သွန်နီ
ကြက်သွန်နီက သင့်ရဲ့ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်ပါတယ်။
ကြက်သွန်နီမှာ ပါဝင်တဲ့ flavonoids နဲ့ quercetin ဓာတ်တွေကြောင့် သွေးကြောထဲမှာ အဆီတွေစုပြုံခြင်းမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ Quercetin ဓာတ်ကတော့ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့ ကင်ဆာရောဂါဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ကြက်သွန်နီက ပိုတက်ဆီယမ်နည်းပါးစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ကပ်အတွက် အဆင်ပြေစေပါတယ်။
၅) ကညွတ်
ကညွတ်မှာ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး vitamins A၊ K နဲ့ C တို့ပါဝင်ပါတယ်။
ကြွက်တွေမှာ စမ်းသပ်တဲ့အခါ ကညွတ်က ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် potassium၊ calcium နဲ့ phosphorus လို့ဓာတ်တွေအနည်းငယ်မြင့်မားစွာပါဝင်နေပါတယ်။
အဲဒါကြောင့် ကညွတ်ကိုစားမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
၆) ကြက်သွန်ဖြူ
ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူက အနံဆိုးပေမယ့်လည်း ဆေးဘက်ဝင်တဲ့သစ်သီးသစ်ဥ ဖြစ်ပါတယ်။
ကြက်သွန်ဖြူက ဆေးဖက်ဝင်တဲ့အပြင် အစားအစာတွေမှာလည်း အနံအရသာကောင်းမွန်အောင်
ကူညီပေးနိုင်ပါတယ်။ လေ့လာသူတွေက ကြက်သွန်ဖြူရဲ့အရည်မှာ အမျိုးအစား၂
ဆီးချိုရောဂါသည်တွေသောက်သုံးသင့်တဲ့ဆေးဝါးကဲ့သို့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက်
တစ်ချို့သောဆေးဝါးများကြောင့် ကျောက်ကပ်ပျက်ဆီးခြင်း၊ ဓာတုဗေဒပစ္စည်းတွေကြောင့်
ကျောက်ကပ်ပျက်ဆီးခြင်းမျိုးကို ကာကွယ်ပေးနိုင်တဲ့အကျိုးသက်ရောက်မှုရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
၇) ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီက ကျောက်ကပ်အတွက်ကောင်းမွန်တဲ့အစားအစာဖြစ်ပြီး vitamin C, folate, နဲ့ fiberဓာတ်တို့များပြားစွာပါဝင်ပါတယ်။
ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ဓာတ်ပေါင်းတွေက အသည်းအတွက်လည်း ကောင်းမွန်စေပြီး
ခန္ဓာကိုယ်မှာ အဟာရဖြစ်စေတဲ့ဒြပ်ပေါင်းတွေဖြစ်ပါတယ်။

၈) ပန်းသီး
ပန်းသီးမှာ vitamins, minerals, နဲ့ fiber ဓာတ်တွေပါဝင်ပါတယ်။ antioxidant ကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေနိုင်ပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ဆက်စပ်နေသောကြောင့်
ပန်းသီးက သင့်ကျောက်ကပ်ရဲ့ပြဿနာတွေကို ကာကွယ်ပေးဖို့လည်း ကူညီနိုင်ပါတယ်။

၉) ကရိန်းဘယ်ရီသီး
ကရိန်းဘယ်ရီသီးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသပေးနိုင်တဲ့အိမ်တွင်းဆေးဝါးတစ်မျိုးဖြစ်ပါတယ်။
Antioxidant တွေပါဝင်တဲ့အတွက်ကြောင့် အစာခြေလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကရိန်းဘယ်ရီသီးဖျော်ရည်ကို
သောက်သုံးခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကိုတောင် ကုသနိုင်တယ်လို့
လေ့လာသူတွေက ပြသခဲ့ကြပါတယ်။ ဒါပေမယ့် ကရိန်းဘယ်ရီသီးဖျော်ရည်ကိုအလွန်အကျွံသောက်သုံးခြင်းကတော့ ကျောက်ကပ်ကို အလုပ်အလွန်အကျွံလုပ်စေတဲ့အတွက်ကြောင့် အလွန်အကျွံသောက်သုံးခြင်းကတော့ မကောင်းပါဘူး။
၁၀) အဆီများသောငါး
ငါးမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး polyunsaturated fatty acids (PUFA) လို့ခေါ်တဲ့ဓာတ်တစ်မျိုးလည်းပါဝင်ပါတယ်။
PUFA မှာပါဝင်တဲ့အစိတ်အပိုင်းများမှာ omega-3 fatty acids ပါဝင်ပါတယ်။ omega-3 fatty acids က ယောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး free oxygen radicals တိုးပွားစေပါတယ်။ အဲဒါကြောင့် နှလုံးရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ cholesterol ကိုလျော့ကျစေပြီး ကျောက်ကပ်ကို
ကာကွယ်ပေးနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက ငါးမှာပါဝင်တဲ့ PUFAs က ကျောက်ကပ်ဆိုင်ရာရောဂါများ ဖြစ်ပေါ်ခြင်းကို
နှေးကွေးစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

အထက်ကအစားအစာလေးတွေကိုသိပြီးတဲ့နောက်မှာတော့ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ချင့်ချိန်စားသုံးရင်း အားလုံးပဲ ကျန်းမာသောဘဝကိုပိုင်ဆိုင်ကြပါစေ။

https://www.healthandfitnesstipsz.com/2018/06/10-best-foods-to-keep-your-kidneys.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။