ကျန်းမာရေးအတွက်လိုက်နာသင့်သောအကျင့်ကောင်းများ

တကယ်တော့ လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားနိုင်ဖို့ ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ အားသွန်ခွန်စိုက်လုပ်နိုင်မယ်၊ ပညာရေး၊ လူမှုရေး ၊ စီးပွားရေး၊ မိသားစုအရေးအားလုံးကို ကိုယ်စိတ်ရှိသလို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျန်းမာအောင်နေထိုင်စားသောက်သင့်တဲ့အကျင့်ကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) တစ်နေ့နာရီဝက်ခန့် လမ်းလျှောက်ပေးပါ။
၂) ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုပါ။
၃) အိပ်ရေး ၀၀အိပ်ပါ။ အိပ်ချိန် ၇နာရီမှ ၉နာရီခန့်
၄) မနက်ခင်းအိပ်ရာစောစောထပါ။
၅) ရေများများသောက်ပါ။
၆) အသီးအရွက်နဲ့အသားငါး မျှတအောင်စားပေးပါ။
၇) စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါစေ။
၈) ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပါ။
၉) နာကျင်စရာအတိတ်တွေကို မေ့ပစ်ပါ။
၁၀) လက်ကိုဆပ်ပြာနဲ့မကြာခဏဆေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။