ကျန်းမာတဲ့နေထိုင်မှုပုံစံဖြစ်ဖို့ အလွယ်ဆုံးနည်းလမ်းများ

ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ရတဲ့အဖြစ်မရောက်အောင် နေ့စဥ်ကိုယ့်ရဲ့နေထိုင်မှုကို သတိလေးယှဥ်ပြီး နေထိုင်သွားမယ်ဆိုရင် ကျန်းမာရေးအတွက် အဆင်ပြေစေပါတယ်။ ဆိုးဝါးတဲ့နေထိုင်မကောင်းဖြစ်ကာမှ အထူးဂရုစိုက်၊ အသည်းအသန်ကုသနေရတာမျိုးမြဖစ်ရအောင် ပုံမှန်နေထိုင်မှုတစ်ရက်ချင်းကို ဂရုစိုက်သွားပေးနိုင်မယ့်နည်းလမ်းတွေက အရမ်းလွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ မလိုက်နာနိုင်ကြတာပါ။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
၂) ဆေးလိပ်၊ အရက်ဖြတ်ပါ။
၃) အိပ်ရေးဝဝအိပ်ပါ။
၄) စိတ်ဖိစီးမှုတွေကိုပြေလျော့အောင်ကြိုးစားပါ။
၅)ကိုယ်တိုင်သေချာချက်ပြုတ်စားသောက်ပါ။
၆) အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားပေးပါ။
၇) ဓာတုဗေဒဖြင့် ပြုပြင်စီမံထားတဲ့အစားအစာတွေလျော့စားပါ။
ကဲ.....အချက်တွေက အရမ်းလွယ်လွန်းတယ်မဟုတ်လား။ ကိုယ်တိုင်သာ မဖြစ်မနေ လိုက်နာကြည့်နိုင်အောင်ကြိုးစားဖို့လိုတာပါ။ တကယ်လိုက်နာနိုင်မယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်စရာမလိုတော့မှာသေချာပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။