ကွမ်းရွက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကွမ်းရွက်ဟာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့နေရာတွေရှိပါတယ်။ အိန္ဒိယနဲ့ အာရှတခွင်မှာ တွင်ကျယ်စွာအသုံးပြုကြတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ ကွမ်းရွက်မှာ လူတွေရဲ့ကျန်းမာရေးကိုအကျိုးပြုတဲ့အာဟာရဓာတ်များစွာပါဝင်ပါတယ်။ Vitamin C, thiamine, niacin, riboflavin, carotene နဲ့ calcium ဓာတ်တွေအများကြီးပါဝင်ပါတယ်။


၁) သွားနာသွားကိုက်သက်သာစေခြင်း
ကွမ်းရွက်မှာ သွားနာသွားကိုက်ခြင်းကို သက်သာစေတဲ့အစွမ်းရှိပြီး သွားထဲက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ကွမ်းရွက်ကိုကြိတ်ပြီးအုံပေးတာ၊ -ဝါးပေးတာတွေကသွားကိုက်သွားနာကိုသက်သာစေပါတယ်။

၂) ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း
Antioxidants တွေပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက free radicals တွေကို ဖယ်ရှားနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်ပမာဏကိုထိန်းပေးပြီး အစာအိမ်နာခြင်းကိုသက်သာစေပါတယ်။ ကွမ်းရွက်ကိုဝါးပေးခြင်းက ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

၃) အူကျန်းမာစေခြင်း
ကွမ်းရွက်ကို ဝါးပေးခြင်းက အူလမ်းကြောင်း၊ အူသိမ်၊ အူမ အစာခြေလမ်းကြောင်းတစ်လျှောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။

၄) ချောင်းဆိုးသက်သာစေခြင်း
ခံတွင်းထဲက ပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေကို ကုသနိုင်ပြီး ရင်ကြပ်ခြင်း၊ ချွဲကြပ်ခြင်း၊ သလိပ်ထခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၅) ဝက်ခြံသက်သာစေနိုင်ခြင်း
ကွမ်းရွက်ပြုတ်ရေနဲ့မျက်နှာသစ်ခြင်းက ဝက်ခြံတွေကြောင့် ရောင်ရမ်းခြင်းကိုသက်သာစေနိုင်ပါတယ်။

၆) အနာကျက်မြန်စေခြင်း
ကွမ်းရွက်သန့်သန့်လေးကို အနာပေါ်အုံပေးထားခြင်းအားဖြင့် အနာကျက်မြန်စေတယ်လို့ဆိုကြပါတယ်။
https://www.netmeds.com/health-library/post/amazing-benefits-of-betel-leaves-nobody-told-you

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။