ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားစိတ်အားနည်းခြင်းကို ကျော်လွှားနိုင်မယ့်အချက် ၁၀

လူတိုင်း၊ တစ်ယောက်စီတိုင်းမှာ ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားတဲ့စိတ်ဆိုတာ ရှိပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားတဲ့စိတ်ဆိုတာက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့အပေါ်မြင်တဲ့အမြင်ဖြစ်ပြီး ကျွန်တော်တို့လုပ်နေသမျှ အရာအားလုံးအပေါ်မြင်တဲ့အမြင်လည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားစိတ်က သင့်ရဲ့နေ့စဉ်ဘဝမှာ အကောင်းမြင်စိတ်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ချစ်ခင်လေးစားစိတ်ဖြစ်ပေါ်လာစေဖို့ လုပ်သင့်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ကိုသင်မကောင်းမြင်နေတဲ့အမြင်တွေကို စိန်ခေါ်ပါ။
သင့်ကိုသင်မြင်နေတဲ့မကောင်းတဲ့အမြင်တွေကို ကောင်းမြင်စိတ်နဲ့အစားထိုးလိုက်ပါ။ သင်အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အရာ အနည်းဆုံး၃ခုကိုချရေးကြည့်ပါ။ သင့်ရဲ့အကျင့်သိက္ခာ၊ ဒါမှမဟုတ် သင့်ရဲ့ကျွမ်းကျင်မှု။ ကိုယ့်မှာရှိနေတဲ့မကောင်းတဲ့အကျင့်တွေကို ကောင်းတဲ့အကျင့်အဖြစ်ပြောင်းလဲပစ်မယ်လို့ စိန်ခေါ်ကြည့်လိုက်ပါ။
၂) သင့်ကိုသင်ဂရုစိုက်ပါ။
ကျန်းမာရေးနဲ့ညီညွှတ်တာကိုရွေးချယ်စားသောက်ပါ။ အဲဒါက သင့်ကိုသင်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ ကျန်းမာခြင်းသည် သင့်ကိုအကောင်းမြင်စိတ်ဖြစ်စေပါတယ်။ မကျန်းမာတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့လူတစ်ယောက်က စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်သလို၊ သင်ကိုသင်လည်းကျေနပ်နိုင်ပါတယ်။
၃) စိတ်ဖိစီးမှုတွေကို ပြေလျော့နိုင်ဖို့ ကြိုးစားပါ။
စိတ်ဖိစီးမှုက သင့်ကိုသင်ချစ်ခင်မှုအပေါ်သက်ရောက်မှုအကြီးကြီးရှိပါတယ်။ သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အချိန်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ စသည်ဖြင့်ပေါ့။ တစ်ချိန်လုံး အလုပ်မှအလုပ်၊ မိသားစုကိစ္စ၊ အိမ်မှုကိစ္စ၊ အိမ်တွင်းရေးကိစ္စတွေနဲ့ ဖိစီးနေမယ့်အစား အချိန်လေးပေးပြီးလုပ်သင့်ပါတယ်။ အဲဒါက စိတ်ဖိစီးမှုှုပြေလျော့စေသလို၊ အကောင်းမြင်စိတ်ဖြစ်ပေါ်စေပြီး အကောင်းမြင်လာတတ်တဲ့အခါ သင့်ကိုသင်လည်း ချစ်ခင်လေးစားတတ်တဲ့စိတ်လေး ပိုဖြစ်လာနိုင်ပါတယ်။
၄) ရည်မှန်းချက်တွေ သတ်မှတ်ထားပါ။
ရည်မှန်းချက်တွေသတ်မှတ်ထားတာက ကိုယ်သတ်မှတ်ထားတဲ့ရည်မှန်းချက်ကိုရောက်တဲ့အခါ ကိုယ့်ကိုကိုယ်ပိုပြီးလေးစားချစ်ခင်စိတ်တိုးစေပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ရည်မှန်းချက်ကို ထင်သလောက်မရောက်တဲ့အခါမှာလည်း ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတဲ့ အတွေးမျိုးပြန်တွေးပေးဖို့ ကိုယ့်ကိုကိုယ် အချိန်ပေးသင့်ပါတယ်။ သတ်မှတ်ထားတာက ဒီလိုဆိုပေမယ့် တကယ်တမ်း ကိုယ်မထင်ထားတာတွေကို ကိုယ်တိုင်လုပ်နိုင်လာတာလေးတွေရှိမှာပါ။ ချရေးကြည့်ပါ။ စိတ်ဓာတ်တက်ကြွသွားသလို၊ ပိုပြီးလည်း ကိုယ့်ကိုကိုယ်အထင်ကြီးလာမယ်၊ လေးစားလာမယ်။ “ငါလုပ်နိုင်သားပဲ….” ဆိုတဲ့အတွေးမျိုးဖြစ်လာပါလိမ့်မယ်။ မဖြစ်လာသေးတဲ့ပန်းတိုင်တွေကျတော့ ဘာဖြစ်လို့လဲလို့ ပြန်ဆန်းစစ်ပါ။ ဘာတွေလွဲနေသလဲ၊ ဒါမှမဟုတ် မဖြစ်နိုင်တာကို ချမှတ်မိသလား၊ ဒါမှမဟုတ် ဘယ်နေရာတွေမှာ အချိန်ဖြုန်းမိသလဲ၊ နောက်ထပ်ဘယ်လိုထပ်လုပ်မလဲ ဒါမှမဟုတ် နောက်တခါဒီထပ်တိုးတက်အောင် ဆက်ကြိုးစားမယ်ဆိုတာမျိုးပေါ့။
၅) အခြားသူများကို ကူညီပေးပါ။
ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အိုတွေကို ထိုင်စရာနေရာဦးစားပေးလိုက်တာမျိုး၊ မျက်မမြင်တစ်ယောက်ကို ကားလမ်းကူးပေးဖို့ ကူညီလိုက်တာမျိုး စသဖြင့် ဘာမှ မယ်မယ်ရရမဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို ကူညီပေးလိုက်တာ သင့်ကိုသင်အထင်ကြီးလေးစားစေပါတယ်။ သင့်ကိုလည်း ပျော်ရွှင်စေပါလိမ့်မယ်။
၆) မတူညီတဲ့ရှုထောင့်ကနေတွေးခေါ်ကြည့်ပါ။
ကိစ္စရပ်တိုင်းမှာ မတူညီတဲ့ရှုထောင့်တွေရှိပါတယ်။ သင့်ကိုလာတိုက်ခိုက်တာပဲဖြစ်ဖြစ်၊ သင့်ကိုအကောင်းမပြောတာပဲဖြစ်ဖြစ် ဒေါသထွက်မယ့်အစား သင်စိတ်သက်သာရစေမယ့် အခြားရှုထောင့်တစ်ခုကနေတွေးပေးလိုက်ပါ။ အဲဒီ့တော့ သင်လည်း အကောင်းမြင်တတ်သွားပါတယ်။ အဲဒါက သင့်ကိုသင်ချစ်ခင်နည်းပါပဲ။
၇) အသစ်အသစ်သော အရာတွေကို သင်ယူပါ။
အတတ်ပညာအသစ်တွေ၊ ဘာသာစကားအသစ်တွေ စသည်ဖြင့် အသစ်တွေကို ကြိုးစာသင်ယူတဲ့အခါ ထိုအရာပေါ်မှာပဲ အာရုံစိုက်ထားရပါတယ်။ အကသင်တာ၊ ပန်းချီဆွဲတာ၊ ပန်းပင်လေးတွေစိုက်တာမျိုးပါ။ အဲဒီအရာက ပိုပြီးတိုးတက်လာလေ သင့်ကိုပိုပြီးပျော်ရွှင်လာစေပါတယ်။ အဲဒါက သင့်ကိုသင်ချစ်ခင်တာပါပဲ။ သင်စိတ်ပါဝင်စားတာမျိုးက ပိုတိုးတက်လာလေလေ သင်ပိုပျော်လာလေလေ သင့်ကိုသင်ပိုချစ်ခင်လေးစားလာစေပါတယ်။
၈) သင့်ကိုကောင်းမွန်တဲ့ခံစားချက်ပေးတဲ့သူတွေနဲ့သာဝန်းရံပါ။
သင့်ကိုအထင်ကြီးလေးစားတဲ့သူမျိုးတွေ၊ ဒါမှမဟုတ် သင့်တန်ဖိုးကိုသိတဲ့သူတွေ၊ သင့်ကိုအသိအမှတ်ပြုတဲ့သူတွေ ဒါမှမဟုတ် သင်ပျော်ရွှင်မှုကိုအလေးထားတဲ့သူတွေ၊ သင့်ရဲ့အလေးပါခြင်းကို သိတတ်တဲ့သူတွေနဲ့သာ ဆက်ဆံပါ၊ ပတ်သက်ပါ။ အဲဒါက သင့်ကိုသင်ပိုပြီး အထင်ကြီးလာစေသလို၊ ပိုပြီး ဘဝမှာနေပျော်ပါတယ်။ အဲဒါက သင့်ကိုသင်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။
၉) သင့်ကိုသင်လက်ခံပါ။
သင်ဝနေရင်လည်း ဝတယ်ဆိုတာ လက်ခံပါ။ ရုပ်ဆိုးနေလည်း ရုပ်ဆိုးတာကိုလက်ခံပါ။ အရှိကိုအရှိအတိုင်းပဲလက်ခံခြင်းက သင့်ကိုစိတ်ချမ်းသာစေပါတယ်။ မဟုတ်ရင်တော့ ကိုယ်မရနိုင်တာ၊မရှိတာကို လိုချင်စိတ်ကြောင့် သင်စိတ်ညစ်ရပါလိမ့်မယ်။ သင့်ကိုသင်လည်း လေးစားချစ်ခင်စိတ်မဖြစ်နိုင်တော့ပါဘူး။
၁၀) သင့်စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့အရာတွေကို ပြုလုပ်ပါ။
အရက်သောက်တာ၊ ဆေးလိပ်သောက်တာ ၊ မူးယစ်ဆေးစွဲတာမျိုးကို ပြောချင်တာမဟုတ်ပါဘူးနော်။ သင်တကယ်စိတ်ဝင်စားပြီး အာရုံစူးနစ်နေမိတဲ့ အလုပ်မျိုးကို စိတ်နှစ်ပြီးလုပ်ဖို့ပြောချင်တာပါ။
ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားစိတ်နည်းပါးခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်ထင်မြင်ယူဆတဲ့အပေါ်မူတည်ပြီး သင့်ရဲ့ကိုယ့်ကိုကိုယ်ချစ်ခင်လေးစားစိတ်ကိုပါ လျော့နည်းလာစေပါတယ်။ နောက်ထပ်ဆိုးကျိုးတွေကတော့ ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်စွမ်းကင်းမဲ့လာပါတယ်။ စိုးရိမ်ပူပန်မှုတွေ များလာနိုင်ပါတယ်။ လူမှုဆက်ဆံရေးမှာ ပြဿနာဖြစ်လာနိုင်သလို၊ လူအများကြား မဝင့်ရဲတော့ပါဘူး။ သင့်ကိုသင်လည်း ယုံကြည်မှုအားနည်းလာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။