ကိုယ့်ဘဝတိုးတက်ဖို့အတွက် ၂၀၂၁ ကိုမယူသွားဘဲ အခုချက်ချင်း ပြုပြင်သင့်တဲ့ အကျင့်ဆိုးများ

မကြာခင်အချိန်မှာပဲ နှစ်သစ်ကို အစပြုတော့မှာဖြစ်ပါတယ်။ နှစ်ဟောင်းမှာဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးကို ထားခဲ့လိုက်ပါတော့။ အထူးသဖြင့် မကောင်းတဲ့အရုံခံစားမှုတွေဆိုရင် ၂၀၂၀နဲ့အတူ အားလုံးကျန်ခဲ့ပြီလို့သာတွေးလိုက်ပါတော့။ အသစ်လာမယ့်ကိုယ့်အတွက် ၃၆၅ရက်မှာသာ အားသစ်ထည့်ပြီး ၂၀၂၀မှာမဖြစ်လာသမျှကို ၂၀၂၁မှာ ဖြစ်အောင်၂ဆကြိုးစားရမှာပါ။ အဲဒါကြောင့် အထူးသဖြင့် လုံးဝထားခဲ့သင့်တဲ့စိတ်ထားတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) အတိတ်ကိုတွေးပြီး ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်ခြင်း
နှစ်ဟောင်းမှာဘာမှဖြစ်မလာခြင်းဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ခွင့်မလွှတ်ဘဲနေလို့လည်း ဘာမှထပ်ပြီးလုပ်လို့မရတော့ပါဘူး။ အဲဒါကြောင့်သာ ရှေ့နှစ်သစ်မှာ ဖြစ်အောင်လုပ်မယ့်အစီအစဥ်ကို သေချာရေးဆွဲပါ။ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုသာ ပိုတိုးလုပ်ဖို့ကြိုးစားလိုက်ပါ။

၂) ကိုယ့်အတွက် စုဆောင်းသင့်တာ မစုဆောင်းခြင်း
နှစ်ဟောင်းမှာ ရခဲ့တဲ့သင်ခန်းစာတွေအတွက် နှစ်သစ်မှာ ပညာယူပြီး ကိုယ့်အတွက်ကိုယ်ကြိုတင်စုဆောင်းပါ။ ကိုယ့်အတွက် လုံးဝမစုဆောင်းမိတာထက်စာရင် ကိုယ့်အတွက်သီးသန့် ငွေနဲ့အခြားတန်ဖိုးရှိတဲ့အရာတွေကို စုဆောင်းဖို့စီစဥ်ပါ။

၃) အဆိပ်အတောက်လိုလူတွေကို မရှောင်နိုင်ခြင်း
အဆိပ်အတောက်လိုလူတွေကို ၂၀၂၀နဲ့အတူထားခဲ့လိုက်ပါတော့။ ၂၀၂၁မှာ ကိုယ့်အတွက်သာ တကယ်အကျိုးရှိပြီး ကိုယ့်ကိုလမ်းမှန်တည့်ပေးနိုင်တဲ့လူမျိုးကိုသာ ပေါင်းသင်းဖို့ကြိုးစားပါတော့။ ကိုယ့်အတွက် လုံးဝအကျိုးမရှိတဲ့လူတွေအတွက် အချိန်မပေးပါနဲ့တော့။ အားနာပါးနာနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးလုံးဝမလုပ်ပါနဲ့တော့။

၄) အခြားသူပြဿနာကြား ဝင်ပါနေခြင်း
အခြားသူရဲ့ပြဿနာကြားဝင်ပါတာတွေကို လုံးဝရှောင်လိုက်ပါတော့။ သူများအပူကိုယ့်အပူဖြစ်ခြင်းကနေ ဝေးဝေးရှောင်ပြီး ကိုယ့်အတွက်ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုသာ ပိုလုပ်ဖို့အာရုံစိုက်ပါ။

၅) ကိုယ့်ဘဝတိုးတက်ဖို့အတွက် ပညာတစ်ခုခု မရင်းနှီးမမြုပ်နှံခြင်း
၂၀၂၀ ခုနစ်မှာ ဘာမှကိုယ့်အတွက် မရယူနိုင်ခဲ့ဘူး၊ အချည်းနှိးဖြစ်ခဲ့တယ်ဆိုရင် ၂၀၂၁မှာတော့အဖြစ်မခံပါနဲ့တော့။ ကိုယ့်အတွက် လက်မှုပညာဖြစ်ဖြစ်၊ အတတ်ပညာဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကိုရအောင်ယူဖို့ကြိုးစားလိုက်ပါ။

၆) ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို ခံစားနေခြင်း
ကိုယ်ထိန်းချုပ်လို့မရတဲ့ကိစ္စတော်တော်များများကို မေ့ပစ်လိုက်ပါ။ ခေါင်းထဲမထည့်ပါနဲ့တော့။ ကိုယ်ထိန်းချုပ်နိုင်တာကိုသာ အာရုံစိုက်ပါ။ ကိုယ်လုပ်နိုင်တာကိုသာ ပိုတိုးလုပ်လိုက်ပါတော့။

၇) ကိုယ်လုပ်နိုင်တဲ့အရာတွေကိုတော့ လျစ်လျူရှုထားခြင်း
ကိုယ်လုပ်နိုင်တဲ့အရာတေါကိုမေ့ပစ်ထားမိနေရင် ခုကစပြင်လိုက်ပါတော့။ ကိုယ်လုပ်နိုင်တာတွေကို လျစ်လျူရှုထားမိရင် ကိုယ်ပဲနောင်တရနေပါလိမ့်မယ်။ နှစ်သစ်မှာ အဲဒီလိုနောက်တစ်ခါအဖြစ်မခံပါနဲ့တော့။

၈) အချိန်အလကားဖြုန်းတီးနေခြင်း
၂၀၂၀မှာ ဘာမှမလုပ်ခဲ့နိုင်ဘူးဆိုပြီး အချိန်တွေအလကားဖြစ်ခဲ့တယ်ဆိုရင် နှစ်သစ်မှာတော့ ပိုပြီးအချိန်ကိုအကျိုးရှိအောင်အသုံးချလိုက်ပါတော့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။