ကလေးငယ်လေးတွေ ထွားကြိုင်းသန်မာလာအောင် ဘယ်လိုလုပ်ပေးရမလဲ

။ ကလေးက ပိန်တယ်၊ ညှက်တယ်၊ မကြာခဏချော်လဲတတ်တယ်။ စသည်ဖြင့် မေမေတွေညည်းကြတာကြားဖူးမှာပါ။ မိမိကလေးကို ထွားကြိုင်းသန်မာအောင် ကျွေးသင့်တဲ့အစားအစာလေးတွေနဲ့ သူတို့ရဲ့အရိုးအဆစ်တွေသန်မာအောင် ဘာလိုကစားနည်းမျိုးတွေနဲ့ ဘာတွေလိုအပ်သလဲဆိုတာ ရေးပေးထားပါတယ်။ ကလေးရဲ့အရိုးတွေ၊ ကြွက်သားတွေ ထွားကြိုင်းသန်မာအောင် စားသင့်တဲ့အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) ဘယ်ရီသီးများ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေက ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပါတယ်။ အောက်ဆီဂျင်ကထုတ်လုပ်တဲ့ဓာတ်ပေါင်းတွေနဲ့ အပင်ကထုတ်တဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ အဲဒါတွေက ကျန်းမာစေတဲ့ဆဲလ်တွေကို ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်က ခုခံစွမ်းအားလည်းတိုးစေပါတယ်။ ၂) ဥအမျိုးမျိုး ဥတွေမှာ ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်တွေအမျာကြီးပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ၃) နွားနို့ နွားနို့မှာ ကယ်လစီယမ်နဲ့ ဖော့စဖောရပ် တို့ပါဝင်တဲ့အတွက် ကြွက်သားနဲ့အရိုးတွေအတွက်ကောင်းမွန်စေပါတယ်။ သင့်ကလေးက နှစ်နှစ်မပြည့်သေးဘူးဆိုရင် ရှိသင့်တဲ့ ပေါင်ချိန်ထက် မကျော်လွန်နေဘူးဆိုရင် နွားနို့်များများသောက်သင့်ပါတယ်။ ၄) မြေပဲထောပတ် (သို့) မြေပဲစေ့များကိုလှော်ပြီး ကြိတ်ထားသော မြေပဲအနှစ် မြေပဲထောပတ်က ကလေးတွေအတွက် စွမ်းအင်တွေနဲ့ ပရိုတင်းဓာတ်တွေကို ရစေပါတယ်။ တစ်ချို့သော တံဆိပ်မြေပဲထောပတ်တွေကတော့ ဆားတွေ၊ သကြားတွေ၊ ထန်းဆီနဲ့ မပြည့်ဝတဲ့ ဟိုက်ဒရိုဂျင်ဓာတ်တွေ ထပ်ပေါင်းထည့်ထားတတ်တဲ့အတွက် အာဟာရဓာတ်တွေရဲ့စွမ်းအင်တွေကို လျော့ကျစေနိုင်ပါတယ်။ ၅) နှံစားပြောင်း အစာခြေလွယ်တဲ့အမျှင်ဓာတ်ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၆) အသား ပရိုတင်းဓာတ်နဲ့ သံဓာတ်ပါဝင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ ကူညီပေးပြီး ဦးနှောက်လုပ်ဆောင်ချက်တွေကို အကောင်းဆုံးဖြစ်စေပါတယ်။ ခုခံစွမ်းအားတိုးစေပါတယ်။ ၇) ငါး ပရိုတင်းဓာတ်ကြောင့် ကြွက်သားနဲ့အရိုးတွေ သန်မာစေပါတယ်။ ဆော်လမွန်၊ တူနာ၊ ဆာဒင်း ငါးတွေမှာ အိုမီဂါသရီးဖက်တီအက်ဆစ်ပါဝင်ပါတယ်။ မျက်လုံးအမြင်အာရုံကောင်းစေပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ တိုးတက်ဖို့ အထောက်အကူပေးပါတယ်။ ၈) ချိစ် ချိစ်က သင့်ကလေးရဲ့အရိုးသန်မာအောင် ကြီးထွားဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးတဲ့ အဓိက ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် ဒီ၊ ပရိုတင်း၊ ကယ်လဆီယမ်၊ ဖော့စဖောရပ်စ် စသည်တို့ပါဝင်ပါတယ်။ ၉) ပန်းပွင့်စိမ်း ကလေးရဲ့ အမြင်အာရုံကို ကောင်းမွန်စေပြီး ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစေတဲ့အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ၁၀) အရောင်ရင့်တဲ့အသီးအနှံတွေနဲ့ အသီးအရွက်တွေ အထူးသဖြင့် ကန်စွန်းဥ၊ ဖရုံသီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး စတဲ့အသီးအနှံတွေမှ betacarotene နဲ့ carotenoids ဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပြီး အရေပြားနဲ့အမြင်အာရုံကောင်းစေပါတယ်။ ခန္ဓာကိုယ်ထဲကတစ်ရှူးတွေကို ပြုပြင်ပေးနိုင်ပြီး ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။ ခုဖော်ပြထားတာတွေကတော့ ကလေးရဲ့အရိုးတွေကြွက်သားသန်မာမှုတွေအတွက်စားသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကလေးကို ထိုအစားအစာတွေကျွေးရုံနဲ့ ကြီးထွားသန်မာလာမယ်လို့ အပြည့်အဝပြောလို့မရသေးပါဘူး။ အာဟာရပြည့်ဝအောင် မျှတစွာကျွေးသင့်တဲ့အပြင် ကလေးရဲ့အရိုးအဆစ်တွေသန်မာအောင် ဗီတာမင် ဒီရရှိဖိုလည်း လိုပါတယ်။ အထူးသဖြင့် မနက်ခင်းနေရောင်ခြည်က ကလေးရဲ့မျက်နှာ၊ လည်ပင်း၊ လက်မောင်း တို့နဲ့ထိတွေ့တဲ့အခါ ဗီတာမင်ဒီဓာတ်ရရှိပါတယ်။ အဓိကကတော့ ကယ်ဆီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဓာတ်ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကလေးကို ပြေးလွှားဆော့ကစားခိုင်းတဲ့နည်းပါပဲ။ ဒီနေ့ခေတ်မှာ လေကောင်းလေသန့်ရရှိနိုင်တဲ့ ပန်းခြံမျိုး၊ လွတ်လပ်စွာပြေးလွှားဆော့ကစားနိုင်တဲ့ မြင်ခင်းပြင်နဲ့ အားကစားကွင်းမျိုး ရှားပါးလာပါတယ်။ အမှန်တကယ်တော့ ကလေးငယ်တွေကို ထိုကဲ့သို့လွတ်လပ်စွာပြေးလွှားဆော့ကစားခိုင်းခြင်းက အရိုးအဆစ်တွေသန်မာစေပါတယ်။ စက်ဘီးစီးခိုင်းတာမျိုး၊ ရေကူးခိုင်းတာမျိုး၊ ပြေးခိုင်းတာမျိုး၊ စတဲ့ကစားနည်းတွေကလည်း သင့်ကလေးရဲ့အရိုးအဆစ်တွေ သန်မာစေဖို့ အကူအညီပေးနိုင်ပါတယ်။ နည်းပညာလွှမ်းမိုးမှုတွေများလာတဲ့ဒီနေ့ခေတ်မှာ screen time ကိုလျော့ချပေးပြီး လေကောင်းလေသန့်ရနိုင်မယ့် ပန်းခြံ၊ ကစားကွင်းတွေမှာ ပြေးလွှားဆော့ကစားခိုင်းခြင်းမျိုးလုပ်ခိုင်းပေးပါ။ အာဟာရဓာတ်တွေ မျှတအောင် ကျွေးမွေးပေးပါ။ အဲဒါဆိုရင်တော့ သင့်ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပါလိမ့်မယ်။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။