ကင်ဆာရောဂါဖြစ်ပွားစေသောအစာအစာများ

ဒီနေ့ခေတ်မှာ ရောဂါအသစ်အဆန်းတွေအဖြစ်များလာကြပါတယ်။ အဲဒီ့ထဲမှာမှ ကင်ဆာရောဂါဟာလည်း အဖြစ်များလာတဲ့ရောဂါတစ်မျိုးထဲမှာ ပါဝင်ပါတယ်။ ဘာကြောင့်ကင်ဆာဖြစ်ရတာလဲ…..ဆိုတဲ့အကြောင်းရင်းကိုလိုက်ရှာကြည့်ရင်း ကင်ဆာဖြစ်စေတဲ့အစားအစာများဆိုတဲ့စာစောင်လေးကို တွေ့လိုက်ရပါတယ်။ အားလုံးပဲ ဖတ်ကြည့်ပြီး ဆင်ခြင်စားသောက်နိုင်အောင်ဖော်ပြပေးလိုက်ရပါတယ်။


၁) မျိုးရိုးဗီဇပြုပြင်ထားသောအစားအစာများ (GMOs) : ဒီနေ့ခေတ်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့အစားအစာတွေက တော်တော်ပေါများလာပါပြီ။ ကျွမ်းကျင်သူတွေက အပြည့်အဝလေ့လာမှုတွေ မပြုလုပ်နိုင်သေးခင်စပ်ကြား GMO foods တွေကို စားသောက်ကုန်တော်တော်များများရဲ့ ပါဝင်ပစ္စည်းစာရင်းတွေထဲမှာလည်း အများအပြားကို ပါဝင်နေကြပါတယ်။ အဲဒါကြောင့် အခြားတစ်ဖက်မှာဆိုရင် GMO foods တွေမပါဝင်တဲ့ အစားအစာမျိုး အထူးသဖြင့် အော်ဂဲနစ်ပစ္စည်းတွေ (အော်ဂဲနစ်ဆိုတာက ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်းဖြစ်တဲ့အစားအစာတွေကိုဆိုလိုပါတယ်) ဝယ်ယူသုံးစွဲတာက ကျန်းမာရေးအတွက် ပိုကောင်းမွန်စေပါတယ်။
၂) ပြောင်းဖူးပေါက်ပေါက် : အဆုတ်ကင်ဆာဖြစ်ပွားရတဲ့အဓိက အကြောင်းရင်းထဲမှာ မိုက်ခရိုဝေ့ပြောင်းဖူးပေါက်ပေါက်လည်း ပါဝင်နေပါတယ်။ အစေ့အဆံကိုသာမက ထောပတ်အဆီကိုပါ GMO ကဲ့သို့ ပြုပြင်ဖန်တီးထားတာဖြစ်ပြီး diacetyl ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က ပြုပြင်ထားတဲ့ထောပတ်အဆီတွေမှာ ပါဝင်ပြီး လူတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။
၃) အသင့်စားအစားအစာများ : စည်သွပ်ဗူးကဲ့သို့ အစားအစာအများစုမှာ bisphenol-A (BPA) လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီ့ဓာတ်က ကြွက်တွေမှာ စမ်းသပ်တဲ့အခါ ကြွက်တွေရဲ့ဦးနှောက်ဆဲလ်တွေကို မျိုးရိုးဗီဇအရမဟုတ်တော့ဘဲ ပြောင်းလဲပစ်လိုက်နိင်တယ်လို့ ပြသနိုင်ခဲ့ပါတယ်။ ပလပ်စတစ်ပစ္စည်းတွေ၊ ဈေးဝယ်စင်တာများမှငွေရှင်းသောအခါ ပေးသော ဘောက်ချာစက္ကူလိပ်တွေ၊ သွားဘက်ဆိုင်ရာပြုပြင်ပစ္စည်းတွေမှာ BPA ပါဝင်ပါတယ်။
၄) အသားကင်များ း အသားတွေကို ကင်လိုက်တဲ့အခါ အရမ်းကို အရသာရှိပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက အသားတွေကို ထိုနည်းနဲ့ပြင်ဆင်ခြင်းဟာ အထူးသဖြင့် ဟော့ဒေါ့လိုမျိုး ပြင်ဆင်ခြင်းဟာ heterocyclic amines(HCAs) လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ထိုဓာတ်က အမဲသားကင်၊ ကြက်သားကင်စတဲ့အနီရောင်အသားတွေကို ကင်လိုက်တဲ့အခါမှာ တွေ့ရှိရပါတယ်။ ဆူပွက်အောင်ချက်ပြုတ်ထားတဲ့အသားတွေထဲမှာတော့ HCAs ဓာတ်ကိုမတွေ့ရပါဘူး။ ထိုဓာတ်ပေါင်းနဲ့ထိတွေ့တဲ့အစားအစာတွေက ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ပိုများနိုင်ပါတယ်။ အဲဒါကြောင့်အနီရောင်အသားတွေကို ကင်ပြီးစားသုံးတာထက် ချက်ပြုတ်စားသုံးခြင်းက ပိုပြီးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
၅) သန့်စင်ထားသောသကြား း ကင်ဆာဖြစ်ပွားမှုအများဆုံး အစားအစာများမှာ high-fructose corn syrup (HFCS) ပါဝင်တဲ့အစားအစာနဲ့ သန့်စင်ထားသောသကြားတွေဖြစ်ပါတယ်။ အညိုရောင်သကြားကို အမြင့်ဆုံးသန့်စင်လိုက်ပြီး အဖြူရောင်သကြားဖြစ်အောင် အရောင်နဲ့အရသာထပ်ထည့်လိုက်ပါတယ်။ အထူးသဖြင့် သကြားနဲ့ပြုလုပ်ထားတဲ့အစားအစာတွေက ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို အားပေးသလိုဖြစ်စေပါတယ်။
၆) ဆိုဒါနဲ့ ကာဗွန်နစ်အက်ဆစ်ပါဝင်သော အချိုရည်များ း ဆိုဒါက ကင်ဆာရောဂါဖြစ်ပွားစေသော အဓိက အကြောင်းရင်းထဲမှာ ပါဝင်ပါတယ်။ ဆိုဒါက အာဟာရဓာတ်လုံးဝမပါတဲ့အပြင် သင့်ခန္ဓာကိုယ်မှ အာဟာရဓာတ်များကိုတောင် စုပ်ယူလိုက်နိုင်ပါသေးတယ်။ HFCS လို့ခေါ်တဲ့ fructose ပါဝင်မှုမြင့်မားတဲ့အစားအစာတွေအထူးသဖြင့် သကြားဓာတ်၊ အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေမှာ ကင်ဆာကိုဖြစ်ပွားစေတာကိုတွေ့ရပါတယ်။
၇) သန့်စင်ထားသောဂျုံမှုန့် း ဂျုံမှုန့်ကို သန့်စင်လိုက်ပြီး(ဓာတုနည်းဖြင့်အရောင်ချွတ်လိုက်တဲ့အခါ)ကလိုရင်းဓာတ်ငွေ့နဲ့ အရောင်ချွတ်လိုက်ပြီးမှ စားစရာတွေထဲမှာ သုံးကြပါတယ်။ အဲဒါက အာဟာရဓာတ်လုံးဝမစီမံပေးနိုင်ဘဲ သင့်ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်စေမယ့် လောင်စာကဲ့သို့ဖြစ်သွားစေပါတယ်။
၈)မွေးမြူရေးငါး း စီးပွားရေးအရ မွေးမြူးထားသောငါးတွေမှာ မျိုးရိုးဗီဇအရ ပြုပြင်ထားပါတယ်။
US တွင် ဆော်လမွန်ငါး ၆၀ရာခိုင်နှုန်းက စနစ်တကျမွေးမြူထားတယ်လို့ ယူဆရပါတယ်။ ထိုငါးတွေကိုမွေးမြူတဲ့နေရာတွင် ပဋိဇီဝအရပြုပြင်ထားပြီး ပိုးသတ်ဆေးတွေနဲ့ အခြားသော ကာဆီနိုဂျင်ဓာတ်တု(ကင်ဆာရောဂါဖြစ်စေသော)ဓာတ်ပေါင်းတွေဖြင့် ဘက်တီးရီးယားတွေကြောင့်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရန်၊ ကပ်ပါးကောင်တွေကို ဖယ်ရှားနိုင်ရန် နေရာကျဉ်းလေးမှာ ငါးကောင်ရေများများမွေးမြူနိုင်မည့် နည်းဖြင့်ပြုလုပ်ထားပါတယ်။ မွေးမြူရေးငါးတွေမှာ ပုံမှန်ဆော်လမွန်ငါးတွေလောက် အိုမီဂါသရီးမပါဝင်ပါဘူး။
၉) အစားအစာတစ်ခုခုဆီကထုတ်ထားသော ဆီများ း ဟင်းသီးဟင်းရွက်ဆီများမှာ ဓာတ်တုနည်းအရ ပြုပြင်ထားပါတယ်။ ဆီရဲ့အနံ့နဲ့ အရသာကိုပြောင်းလဲဖို့အတွက် ဓာတုနည်းအရပြုပြင်မှုတွေလုပ်ထားပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အိုမီဂါအဆီတွေမြင့်မားစွာပါဝင်ပါတယ်။ ပြောရရင်တော့ အနံ့အရသာထည့်ပြီး အတုပြုလုပ်ထားတာတွေဖြစ်ပါတယ်။
တော်တော်များများသော ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အချိုဓာတ်များတဲ့အစားအစာတွေက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေပိုများစေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် အော်ဂဲနစ်လို့ခေါ်တဲ့ ဘာကိုမှမပြုပြင်ထားဘဲ သဘာဝအတိုင်းဖြစ်တဲ့အစားအစာများကိုသာ စားသုံးခြင်းက ကျန်းမာရေးနဲ့ပိုပြီး ညီညွှတ်စေပါတယ်။ အားလုံးပဲ ဆင်ခြင်နိုင်ကြပါစေ။
https://thetruthaboutcancer.com/cancer-causing-foods-2/ လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။