ကင်းပုံရွက်နဲ့ ကင်းပုံသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်းပုံရွက်က အနွယ်ပင်အမျိုးအစားဖြစ်ပြီး ကျန်းမာရေးအတွက်အကျိုးကျေးဇူး တွေအများကြီးရစေမယ့် ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင်စီ၊ ဘီ နဲ့ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။


၁) သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။
ကင်းပုံရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ အသီးကို ချက်စားခြင်းအားဖြင့် သွေးထဲက သကြားဓာတ်ကို လျော့ကျစေတာကိုတွေ့ရှိရပါတယ်။

၂) အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ကင်းပုံရွက်မှာ အဝလွန်ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ anti-adipogenic agent ပါဝင်မှုကြောင့် အဝလွန်ရောဂါဖြစ်ပွားမှုကို သက်သာစေပြီး သွေးထဲကသကြားဓာတ်ကိုလျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေပါတယ်။

၃) မောပန်းခြင်းကို သက်သာစေပါတယ်။
သံဓာတ်ပါဝင်မှုကြောင့် မောပန်းခြင်းကို သက်သာစေပါတယ်။ သံဓာတ်အားနည်းတဲ့သူက မောပန်းလွယ်စေပါတယ်။ ကင်းပုံသီးမှာ သံဓာတ်ပါဝင်တာကြောင့် မောပန်းခြင်းကိုသက်သာစေပြီး စွမ်းအင်တိုးစေပါတယ်။

၄) အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။
Vitamin B2 ပါဝင်တာကြောင့် အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာ အင်ဇီုင်းမားရောဂါ၊ ခြေလက်တွေထုခြင်း ၊ စိုးရိမ်ပူပန်ခြင်း စတဲ့ရောဂါ တွေကို ကူညီပေးနိုင်ပါတယ်။

၅) သွေးကိုသန့်စင်စေနိုင်ပါတယ်။
Thiamine ဓာတ်က ကာဗွန်ဟိုက်ဒရိတ်တွေကို ကလူးကိုစ့်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ ပရိုတင်း၊ အဆီတွေကိုလည်း ဖြိုခွဲဖို့ကူညီပေးပါတယ်။ ကင်းပုံရွက်မှာ Thiamine ဓာတ်ပါဝင်တာကြောင့် သွေးကြောတွေထဲမှာ ဆဲလ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ သွေးနီဥတွေထုတ်လုပ်ဖို့ကူညီပေးပါတယ်။ သွေးထဲကမသန့်ရှင်းမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၆) အစာခြေလမ်းကြောင်းကျန်းမာစေပါတယ်။
Fiber ဓာတ်ပါဝင်ခြင်းကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အူလမ်းကြောင်းနဲ့ အူထဲက ဂတ်စ်ထုတ်လုပ်ခြင်းနဲ့ဆိုင်တဲ့ရောဂါတွေကို သက်သာစေပါတယ်။

၇) ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ကျောက်တည်ခြင်းဟာ များသောအားဖြင့် oxalate ကျောက်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်ကပိုလျှံနေတဲ့သတ္တုဓာတ်တွေနဲ့ ကယ်လဆီယမ်တွေကို ကျောက်အဖြစ်ပြောင်းလဲပြီး ဆီးလမ်းကြောင်းမှာတင်ကျန်နေခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်လေ့လာချက်များအရ ကင်းပုံရွက်စားခြင်းကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို သက်သာစေနိုင်ပါတယ်။
https://www.healthbenefitstimes.com/ivy-gourd/လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။