ချစ်သူမိန်းကလေးဆီက ယောကျ်ားလေးတွေကြားချင်တဲ့စကား ၈မျိုး

ခုဖော်ပြမယ့် စကားလေးတွေက သင့်ချစ်သူကြားချင်တဲ့စကားမျိုးဖြစ်ပြီး ကြားလိုက်ရတိုင်း နှစ်သက်မိတဲ့စကားမျိုးတွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးအဆင်ပြေစေဖို့ ရုပ်ဝတ္ထုပစ္စည်းတန်ဖိုးကြီးတာတွေ၊ ပိုင်ဆိုင်မှုတွေ၊ အဆင့်အတန်းတွေထက် ဒီစကားလေးတွေက ပိုပြီး အဓိကကျပါတယ်။


၁) “ချစ်တယ်”
ချစ်တယ်ဆိုတဲ့စကားက တိုလွန်းပေမယ့် တော်တော်တာသွားတာပါ။ သင့်ချစ်သူက ထိုစကားကို ကြားလိုက်ရတိုင်း သူ့နှလုံးသားအရည်ပျော်မတတ် သင့်ကိုချစ်သွားပါလိမ့်မယ်။ အီးမေလ်း ဒါမှမဟုတ် မက်ဆေ့ပို့ပြီး ပြောတာလေးပဲဖြစ်ဖြစ် ထိုစကားလုံးလေးက ထိရောက်ပါတယ်နော်။
၂) “ဘာလုပ်လုပ် အသိအမှတ်ပြုပါတယ်”
လူတိုင်းက သူတို့ချစ်တဲ့သူတွေအတွက် လုပ်ပေးတာကို အသိအမှတ်ပြုခံချင်ကြပါတယ်။ ကိုယ်ချစ်တဲ့သူအတွက် ကြိုးစားပမ်းစားလုပ်ပေးထားတာကို ကျေးဇူးတင်ပြီး အသိအမှတ်ပြုခံရတဲ့ခံစားချက်က ဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲနော်။
၃) “ကိုယ့်ဘဝအတွက်အကောင်းဆုံးပါပဲ”
ကိုယ့်ကိုပိုပြီးချစ်ခင်လာဖို့ ဒီစကားလုံးလေးက သိမ်းသွင်းနိုင်ပါတယ်။ အပြန်အလန်လေးစားမှုရှိပြီး ကိုယ့်ကိုပိုချစ်လာစေမယ့်စကားမျိုးပါ။ တစ်ယောက်ရဲ့ရှင်သန်မှုအတွက် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လိုအပ်နေခြင်းက အရေးပါမှုကိုခံစားရတဲ့အတွက်
ပိုပြီးပျော်ရွှင်စရာကောင်းပါတယ်။
၄) “လူသားဆန်တဲ့လူတစ်ယောက်ပါ”
လူသားတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ကိုယ်ကျင့်သိက္ခာ၊ ရိုးသားမှု၊ တကိုယ်ကောင်းမဆန်ခြင်း စတဲ့အချက်တွေနဲ့ ပြည့်ဝတဲ့လူတစ်ယောက်ကို လူတိုင်းက မှတ်မှတ်ရရရှိနေတတ်ပါတယ်။ သင့်ချစ်သူမှာရှိနေတဲ့ အကျင့်စရိုက်ကောင်းတွေကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ လူသားဆန်တဲ့လူတစ်ယောက်ဖြစ်ကြောင်းပြောပါ။
၅) “လေးစားပါတယ်”
ကိုယ့်ချစ်သူထံက လေးစားတဲ့စကားမျိုးအပြောခံရတာကို လူတိုင်းနှစ်သက်ကြပါတယ်။ လေးစားပါတယ်ဆိုတဲ့စကားလေးပြောပြီး သူ့ကို ပိုပြီးသဘောကျလာကြောင်းသိစေတာက သင့်တို့ကြားကဆက်ဆံရေးပိုအဆင်ပြေစေမှာပါ။
၆) “ကျေးဇူးတင်ပါတယ်”
ကိုယ်တန်ဖိုးထားချစ်ခင်ရတဲ့သူဆီက ဘာမှပြန်မရရင်နေပါစေ။ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေးနဲ့တင် ဘာပဲလုပ်ပေးရလုပ်ပေးရ အမောပြေသွားစေပါတယ်။
၇) “ယုံကြည်တယ်”
ထိုစကားလေးက တိုပေမယ့် ကိုယ့်ကိုပြောလာတဲ့အခါ ကျေနပ်မှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုတိုးလာစေနိုင်ပါတယ်။ အချင်းချင်းကြားမှာလည်း နားလည်မှုပိုရှိလာစေပါတယ်။
၈) “နားထောင်ပေးမယ်”
တစ်ယောက်ပြောချင်တာကို တစ်ယောက်က လိုလားစွာနားထောင်ပေးဖို့ကလည်း လိုအပ်ပါသေးတယ်။ တစ်ခုခုဆိုရင် ရင်ဖွင့်ဖော်လိုအပ်တာပဲမဟုတ်လား။ သူလိုအပ်နေတဲ့အချိန်မှာ ထိုစကားမျိုးကြားရတာ ကျေနပ်သွားမှာပါ။

ချိုချိုသာသာနဲ့တစ်ဦးကိုတစ်ဦးဆက်ဆံခြင်းက RS တစ်ခုမှာ အရေးပါပါတယ်။ အထက်က စကားလေးတွေက သင်တို့ဆက်ဆံရေးမှာ ထိရောက်မှုအများဆုံးရှိနိုင်တဲ့စကားလေးတွေဖြစ်မှာပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။