ချဉ်စော်ခါးသီးရဲ့အကျိုးကျေးဇူးများ

ချဉ်စော်ခါးသီးကို Quince ဟုခေါ်ပြီးသိပ္ပံနာမည်ကတော့ Cydonia oblonga လို့ခေါ်ပါတယ်။ ပန်းသီးနဲ့ သစ်တော်သီးကဲ့သို့ ခပ်ဆင်ဆင်တူပါတယ်။ ချဉ်စော်ခါးသီးကို ယိုထိုးစားတတ်သလို၊ ချဉ်စော်ခါးသီးခြောက်ကိုလည်း ချဉ်စပ်ဟင်းရည်ချက်စားတတ်သလို အချဉ်ထုပ်၊ အချဉ်ပေါင်းအဖြစ်လည်း စားတတ်ကြပါတယ်။ ချဉ်စော်ခါးသီးမှာ vitamin C ၊ zinc ၊ potassium ၊ copper နဲ့ iron ဓာတ်တွေအပြင် catechin, epicatechin, limonene နဲ့ အမျိုးမျိုးသော phytonutrients တွေပါဝင်တာကြောင့် အရေပြားထိန်းသိမ်းတဲ့အလှကုန်တွေမှာလည်း အသုံးပြုတတ်ကြပါတယ်။ ချဉ်စော်ခါးသီးရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


၁) ကိုယ်ခံအားကောင်းစေခြင်း
၂) UV rays ကြောင့်အရေပြားထိခိုက်ခြင်းကို သက်သာစေခြင်း
၃) ဆံသားအမြစ်မှစ ကျန်းမာစေခြင်း
၄) နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ လျော့နည်းစေခြင်း
၅) သွေးဖိအားကို ထိန်းပေးနိုင်ခြင်း
၆) အရေးအကြောင်းတွေသက်သာစေပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်ခြင်း
၇) အစာခြေစနစ်ကို ကူညီပေးခြင်း
၈) အူမကြီးရောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်နိုင်သောရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း
#BAWA101
#Quincefruit'sbenefit

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။