ခံတွင်းရနံ့သင်းပျံ့စေဖို့ လုပ်သင့်တဲ့အချက်များ

ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ ကိုယ်စားသောက်တဲ့အစားအစာနဲ့လည်းဆိုင်သလို၊ ခံတွင်းသန့်ရှင်းမှုနဲ့လည်းဆိုင်ပါတယ်။ တချို့တွေကျတော့ ခံတွင်းသန့်ရှင်းရေးကို အထူးတလည်ဂရုစိုက်ပေမယ့် အနံ့ဆိုးထွက်နေတုန်းပဲဆိုရင်တော့ ကိုယ့်ရဲ့အစားအစာကို သတိထားပြုပြင်သင့်ပါတယ်။ အောက်ပါအချက်လေးတွေက လုပ်ကြည့်ဖို့လည်းလွယ်ကူတာကြောင့် လုပ်ကြည့်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။


၁) ခံတွင်းသန့်ဆေးသုံးပေးပါ။
ခံတွင်းပလုတ်ကျင်းတဲ့ဆေးရည်ဆောင်ထားပြီး အစားစားပြီးတိုင်းပလုတ်ကျင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။ အဲဒါမှအဆင်မပြေတဲ့အခါ တခြားနည်းလမ်းတွေကိုလည်း လိုက်လုပ်ကြည့်ပါအုံး။

၂) ခံတွင်းကျန်းမာရေးကိုဂရုစိုက်ပါ။
သွားတစ်နေ့ ၂ကြိမ်တိုက်တာ၊ ခံတွင်းသန်ံရှင်းရေး၊ လျှာသန့်ရှင်းရေးပုံမှန်လုပ်တာမျိုးတွေနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ တခါတလေ သွားပိုးစားနေရာကနေတဆင့်လည်း အနံ့ဆိုးတွေထွက်နေနိုင်တာမို့ သွားကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

၃) ခံတွင်းအနံ့ဆိုးစေတဲ့ အစားအစာတွေကိုချင့်ချိန်စားပါ။
ကော်ဖီအသောက်များတာ၊ ကြက်သွန်နဲ့ အခြားအနံ့ဆိုးထါက်တဲ့အစားအစာတွေကို သတိလေးထားပြီးစားတာမျိုး၊ လူအများကြားသွားမယ်ဆိုရင် မစားဘဲရှောင်လိုက်တာမျိုးတွေ လုပ်လိုက်ပါ။

၄) ရေများများသောက်ပေးပါ။
ခံတွင်းထဲ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း ခံတါင်းကအနံ့ဆိုးထွက်တတ်ပါသေးတယ်။ အဲဒါကြောင့် ရေမကြာမကြာသောက်ပေးသင့်ပါတယ်။

၅) Vinegarနဲ့ရေ သုံးပြီးပလုတ်ကျင်းပေးပါ။
ဒါကတော့ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းပါ။ Vinegar မှာပါဝင်တဲ့ acetic acid ဓာတ်ကြောင့် ဘက်တီးရီးယားတွေမပေါက်ဖွားနိုင်တော့ပါဘူး။ Vinegar ကို ၂ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရောမွှေပြီး စက္ကန့်၃၀ ကြာအောင် ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားတေါသေစတောကြောင့် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၆) Baking Soda နဲ့ရေနွေးသုံးပြီး ပလုတ်ကျင်းပေးပါ။
Baking Soda ကိုလည်း လက်ဖက်စားဇွန်း ၂ဇွန်းနဲ့ ရေနွေးတစ်ခွက်ထဲထည့်မွှေပြီး ခံတွင်းထဲ စက္ကန့်၃၀ခန့် ငုံထားပြီး ပလုတ်ကျင်းပေးပါ။ Baking Soda မှာလည်း ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတာကြောင့် ပလုတ်ကျင်းခြင်းအားဖြင့် အနံ့ဆိုးထွက်ခြင်းကိုသက်သာစေပါတယ်။

https://www.healthline.com/.../home-remedies-for-bad... လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။