ဟက်ဟက်ပက်ပက်ရယ်မောပါ

ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်တစ်ခုကတော့ ဟက်ဟက်ပက်ပက်ရယ်မောခြင်းပါပဲ။ အဲဒါက လူတွေကိုအံ့သြဖွယ်ကောင်းလောက်အောင် တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးခိုင်မာစေပါတယ်။ တခစ်ခစ်ရယ်မောခြင်းကနေ ဟက်ဟက်ပက်ပက်ရယ်မောခြင်းက အရာအားလုံးကိုပြောင်းလဲပစ်နိုင်ပါတယ်။ တိတ်ဆိတ်ခြောက်ကပ်နေတဲ့အခန်းထဲမှာ ရယ်မောလိုက်တဲ့အခါ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်အဖြစ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ရယ်မောခြင်းက လူမှုဆက်ဆံရေးအတွက် လိုအပ်သလို၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အားလုံးပဲ ရယ်မောခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါအုံး။


၁) သွေးဖိအားကျစေခြင်း
သွေးဖိအားများတတ်သူတွေက သွေးဖိအားကျစေတဲ့အခါ သူတို့ရဲ့ နှလုံးရောဂါနဲ့ ရုတ်တရက် လေဖြတ်ခြင်းမျိုးကို လျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် ရယ်စရာပေ့ချ်တွေကို လိုက်လုပ်ထားပြီး ရယ်မောပါ။ ရယ်မောခြင်းက ဆေးတစ်ပါးပါပဲ။
၂) စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်း
စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်းက သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်စေတဲ့ စိတ်ပူခြင်း၊ စိတ်ဖိစီးခြင်း တွေကို ရပ်တန့်ပစ်နိုင်ပါတယ်။
အထူးသဖြင့် စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေတဲ့အတွက် ခန္ဓာကိုယ်က ခုခံနိုင်စွမ်းပိုတိုးပွားလာနိင်ပါတယ်။
၃) ဝမ်းဗိုက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ခြင်း
ရယ်မောခြင်းရဲ့အကျိုးတစ်ခုကတော့ သင့်ရဲ့ကြွက်သားတွေကို ကူညီပေးနိုင်ပါတယ်။
သင်ရယ်မောလိုက်တဲ့အခါ သင့်ရဲ့အစာအိမ်ကြွက်သားတွေက ကျုံ့လိုက်၊ ဆန့်လိုက်ဖြစ်လာပါတယ်။ သင်က ဝမ်းဗိုက်အတွက်လေ့ကျင့်ခန်းလုပ်တာမျိုးနဲ့ဆင်တူပါတယ်။
ကြွက်သားတွေကို ရယ်မောတဲ့နေရာမှာ အသုံးမပြုဘူးဆိုရင် ကြွက်သားတွေက အနားရနေပြီး သင်ရယ်မောလိုက်တဲ့အခါ သင့်ရဲ့အစာအိမ်နဲ့ ဝမ်းဗိုက်ကို ပိုပြီးစည်းချက်ကျသွားစေတဲ့အတွက်
သင့်အတွက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားစေပါတယ်။
၄) နှလုံးကျန်းမာရေးကို တိုးတက်စေနိုင်ခြင်း
ရယ်မောခြင်းက နှလုံးကိုအလုပ်လုပ်စေပါတယ်။ အထူးသဖြင့် အခြားသော ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့မလုပ်ဆောင်နိုင်တဲ့ နှလုံးရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေနိုင်ပါတယ်။
ဖြေးဖြေးမှန်မှန်လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးနဲ့အလားတူပါတယ်။ အဲဒါက နှလုံးကို လေ့ကျင့်ခန်းလုပ်စေပြီး တစ်နာရီမှာ ကယ်လိုရီပမာဏတော်တော်များများကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။
သင့်နှလုံးကျန်းမာရေးအတွက် ရယ်မောပေးပါ။
T-cells များကိုမြှင့်တင်ပေးနိုင်ခြင်း
(ထိုဆဲလ်တွေက ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။ lymphocytes လို့ခေါ်တဲ့ဆဲလ်နှစ်မျိုးရှိပါတယ်။ T cells နဲ့ B cells လို့ခေါ်ပါတယ်။ ဘီဆဲလ်က ဘက်တီးရီးယားကူစက်မှုကို တိုက်ဖျက်နေစဉ်မှာ တီဆဲလ်ကတော့ အခြားဆဲလ်တွေရဲ့ခုခံစွမ်းအားကိုတိုးစေပြီး ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ကူးစက်မှုတွေကို တုံ့ပြန်တိုက်ခိုက်ပါတယ်။)
T-cells က ခုခံနိုင်စွမ်း စနစ်ကို တိုးပွားစေပြီး သင့်ခန္ဓာကိုယ်ကို တက်ကြွစေနိုင်ပါတယ်။
သင်ရယ်မောလိုက်တဲ့အခါ သင်က T-cells တွေကို အသက်သွင်းလိုက်သလိုဖြစ်ပြီး ဖျားနာခြင်း
တွေကို ချက်ချင်း တိုက်ဖျက်ပေးဖို့ စတင်ကူညီပါတော့တယ်။
၆) Endorphins ဆိုတဲ့ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးခြင်း
Endorphins ဆိုတဲ့ဓာတ်က ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။
ရယ်မောခြင်းအားဖြင့် ထိုဓာတ်ကိုထုတ်လွှတ်ပေးနိုင်ပါတယ်။ ထိုဓာတ်က နာတာရှည်ရောဂါတွေသက်သာအောင် ကူညီပေးနိုင်ပြီး ပိုပြီ သက်သာသလိုခံစားရစေပါတယ်။
၇) အာရုံကြောများကို ပိုပြီးကောင်းမွန်လာစေခြင်း
ရယ်မောခြင်းက အာရုံကြောအားလုံးလိုလို ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဘဝမှာက အကောင်းမြင်စိတ်ရှိတဲ့သူတွေက အဆိုးမြင်တတ်တဲ့သူတွေထက် ရောဂါဆိုးတွေကို ပိုပြီးတိုက်ဖျက်နိုင်တယ်လို့ ဆရာဝန်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
အဲဒါကြောင့် ပြုံးပါ၊ ရယ်မောပါ၊ ပြီးတော့ ဘဝမှာ အသက်ရှည်စွာရှင်သန်နေထိုင်ပါ။
အဲဒါဆိုရင်တော့ ပြုံးရွှင်၊ ရယ်မောခြင်းဟာ ဘဝအတွက် ဘယ်လောက်အကျိုးထူးသလဲဆိုတာ သိသွားလောက်ပါပြီနော်။ အားလုံးပဲ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
https://www.gaiam.com/blogs/discover/7-health-benefits-of-laughter လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။