Face Shield က အမှန်တကယ် ကာကွယ်နိုင်ရဲ့လား။

ခုကာလမှာ Mask Face Shield ကိုပါ အသုံးများပြီး တပ်ဆင်သူများလာကြပါတယ်။ ဒါပေမယ့် အချို့တွေကတော့ Face Shield တစ်မျိုးတည်းကို လုံခြုံတယ်လို့အထင်ရောက်ပြီး ဝတ်ဆင်နေကြတာကိုလည်း တွေ့ရပါတယ်။ Face Shield ကို စနစ်တကျမဝတ်ဆင်ခြင်းက ပိုပြီး အန္တရာယ်များစေပါတယ်။ အဲဒါကြောင့် Face Shield ကို စနစ်တကျဝတ်ဆင်ဖို့ ဖော်ပြလိုက်ရပါတယ်။


မဖြစ်မနေ အပြင်သွားရတဲ့အခါ Mask ကို နှာခေါင်းနဲ့ ပါးစပ်၊ မေးစိထိလုံအောင် စနစ်တကျ ဝတ်ဆင်ပါ။

ပြီးမှ Face Shield ကို အပေါ်က ဝတ်ဆင်ပါ။

သတိထားရမှာက Mask မပါဘဲ Face Shield ချည်း ဝတ်ဆင်ခြင်းက ပိုးမွှားတွေကို မကာကွယ်နိုင်ပါဘူး။

Face Shield မှာ mask လိုမျိုး ပိုးမွှားတွေကို စစ်ထုတ်ပေးနိုင်တဲ့အလွှာမပါဝင်တာကြောင့် ပြင်ပကပိုးမွှားတွေဟာ Face Shield မှာ ကပ်ငြိနေနိုင်ပါတယ်။ အဲဒီ့အခါ Mask မတပ်ဘဲ Face Shield ချည်းပဲဝတ်ဆင်ထားသူဟာ ပိုးမွှားတွေကို ပြန်ပြီး ရှုသွင်းမိနိုင်ပါတယ်။ အဲဒါကြောင့် ပိုးမွှားတွေအသက်ရှုလမ်းကြောင်းထဲဝင်ဖို့ ပိုအန္တရာယ်များစေပါတယ်။

Mask ကိုသေချာလုံခြုံအောင်ဝတ်ဆင်မှသာ Face Shield ဝတ်ဆင်မှ စိတ်ချရမှာဖြစ်ပါတယ်။
အပြင်ရောက်တာနဲ့ မလိုအပ်ဘဲ Face Shield ကိုလက်ဖြင့်ထိတွေ့တာ ၊ မကြာခဏ ကိုင်တွယ်တာမျိုးမလုပ်မိပါစေနဲ့။

Face Shield ကို အိမ်ပြန်ရောက်တဲ့အခါ သေချာပြန်လည်ဆေးကြောပါ။ ဆပ်ပြာဖြင့်ဆေးကြောတာ၊ ပိုးသတ်ဆေးဖြင့်ဆေးကြောတာမျိုးမလုပ်ဘဲ ထားခြင်းက အိမ်မှာရှိတဲ့လူတွေကိုပါ ပိုးမွှားတွေကို ရှုမိစေနိုင်ပါတယ်။

အဲဒါကြောင့် အိမ်ပြန်ရောက်တာနဲ့ လက်ကို ဆပ်ပြာဖြင့်အရင်ဆေးကြောပါ။ Face Shield ကို ချွတ်ပြီး သေချာပြန်လည်ဆေးကြောပါ။ နေလှန်းပြီး အ‌ခြောက်ခံတာမျိုးလုပ်ပေးမှ ပြန်လည်အသုံးပြုဖို့ စိတ်ချရမှာဖြစ်ပါတယ်။ Mask ကိုလည်း ကြိုးကနေသေချာဖြုတ်ပြီး အမှိုက်ပုံးထဲသေချာစွန့်ပစ်ပါ။

Mask ကို စနစ်တကျမဝတ်ဆင်ခြင်း ဒါမှမဟုတ် Mask မပါဘဲ Face Shield တစ်ခုတည်းဝတ်ဆင်ခြင်းဟာ ပိုပြီး အန္တရာယ်များကြောင်း သတိထားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။