ဒီနေ့မှစတင်ကျင့်သုံးသင့်သည့် ငွေကြေးဆိုင်ရာနည်းလမ်း ၅ချက်

နှစ်သစ်တစ်နှစ်ရောက်လာတဲ့အခါ အခြားသော skills ပေါင်းများစွာ တိုးတက်ကောင်းမွန်အောင် ကြိုးစားသင့်တဲ့အထဲမှာ ငွေကြေးဆိုင်ရာနည်းလမ်းတွေလည်း လိုအပ်ပါတယ်။ ဘယ်လောက်ပဲကြိုးစားပမ်းစား ငွေရှာနေပါစေ၊ ငွေကြေးဆိုင်ရာ စနစ်ကျမှုမရှိရင် အိတ်ပေါက်နဲ့ဖားကောက်နေသလို၊ သင်ရှာသလောက် အဖတ်မတင်ဖြစ်နေမှာပါပဲ။ အဲဒီ့အခါ သင်လုပ်သမျှ အရာမထင်သလို ခံစားရခြင်းက သင့်ကိုစိတ်ဓာတ်ကျလာစေနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စတင်ကျင့်သုံးသင့်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ရဲ့လစဉ်အသုံးစရိတ်ကို စာရင်းလုပ်ပါ။
တစ်လလုံးအသုံးစရိတ်စာရင်းလုပ်ထားခြင်းက သင့်ရဲ့ပျမ်းမျှအသုံးစရိတ်ကို သိသွားစေပြီး မလိုအပ်ဘဲ သုံးမိတဲ့အသုံးစရိတ်တွေကိုလည်း မြင်လာစေပါတယ်။ အဲဒါကြောင့် ဘယ်စရိတ်ကိုတော့ လျော့ချမယ်၊ ဘယ်နေရာမှာတော့ မလိုအပ်ပဲ ပိုသုံးမိနေတယ်ဆိုတာမျိုးသိလာစေပါတယ်။

၂) ဘေလ်တွေအကန့်အသတ်နဲ့သတ်မှတ်လိုက်ပါ။
ကိုယ်သုံးထားတဲ့ ဖုန်းဘေ်နဲ့ အခြားဘေလ်တွေကို စာရင်းလုပ်ခြင်းက သင့်တစ်လတစ်လ အကန့်အသတ်မရှိသုံးနေတာတွေကို သိသာစေပါတယ်။ တစ်လမှာ ဘေလ်ဘယ်လောက်ပဲသုံးမယ်လို့ ကန့်သတ်လိုက်ခြင်းက သင့်ရဲ့အသုံးစရိတ်ကိုလျှော့သွားစေပါတယ်။

၃) အကြွေးတွေလျှော့အောင်လုပ်ပါ။
ကိုယ်ရတဲ့ဝင်ငွေထဲက အကြွေးတွေလျှော့လာစေဖို့ လတိုင်းပုံမှန် အကြွေးရဲ့ အရင်းကို ဖဲ့ဖဲ့ဆပ်ဖို့သတ်မှတ်ထားပါ။ နည်းရင်နည်းပါစေ…..အရင်းဖဲ့ဆပ်သွားခြင်းက အချိန်တန်သင့်အကြွေးအတွက် ဝန်မပိစေပါတယ်။

၄) ဝင်ငွေ၊ ထွက်ငွေ စာရင်းလုပ်ပါ။
ကိုယ့်ရဲ့တစ်လဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာ စာရင်းလုပ်ထားခြင်းက ဝင်ငွေဘယ်လောက်ရှိထားပြီး ထွက်ငွေဘယ်လောက်ရှိတာမို့ ကိုက်မကိုက်၊ ကိုယ့်ရဲ့ဝင်ငွေက ထွက်ငွေထက်အရမ်းနည်းနေပြီလား။ အဲဒါဆိုရင် အသုံးစရိတ်ကို ဘယ်နေရာတွေမှာ ပိုပြီးလျှော့ချပစ်မလဲစသဖြင့်တွေးရတော့ပါမယ်။ အဲဒီလို သိနိုင်ဖို့က ဝင်ငွေထွက်ငွေစာရင်းလုပ်ထားမှဖြစ်မှာပါ။

၅) တစ်လစာခန့်မှန်းခြေ ရသုံးငွေစာရင်းသတ်မှတ်ထားပါ။
ကိုယ့်ရဲ့ဝင်ငွေ၊ ထွက်ငွေစာရင်းကို အခြေခံပြီး နောက်တစ်လအတွက် ခန့်မှန်းခြေ ရသုံးငွေစာရင်းသတ်မှတ်ထားပါ။ ထိုဘောင်ထဲဝင်အောင် အတတ်နိုင်ဆုံး သုံးစွဲပါ ။ အဲဒါဆိုရင် သတ်မှတ်ငွေထက် ကျော်လွန်သွားရင်တောင် အများကြီး မသုံးဖြစ်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။