Covid ကနေ ရနိုင်တဲ့ ဘဝသင်ခန်းစာများ

Covid ကြောင့် လူတွေစိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး အမျိုးမျိုးထိခိုက်ရတာမှန်ပေမယ့် ယူတတ်မယ်ဆိုရင် ဘဝအတွက်သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်နော်။ တကယ်တော့ ကျွန်တော်တို့တွေဟာ တစ်နေ့တစ်နေ့ ဘဝရှင်သန်ရပ်တည်ဖို့ကိုသာ ရုန်းကန်ကြိုးစားနေကြရာမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ ၊ အမုန်းတရားတွေလည်း တရိပ်ရိပ် တက်နေကြပါတယ်။ ကိုယ့်ရဲ့မကောင်းသောစိတ်ထားအကျင့်အကြံဟာ ကိုယ့်ကိုသာထိိခုက်စေတာကို မေ့လျော့မိနေတဲ့အခိုက်အတန့်လည်းရှိမှာပါပဲ။


အဲဒီ့အရာတွေအားလုံးဟာ ဗြုန်းဆို သေခြင်းတရားနဲ့အနီးကပ်ရင်ဆိုင်လိုက်ရတဲ့အခါမှသာ အိပ်မက်ကလန့်နိုးလာသူလို လန့်ဖြတ်သွားပြီး အသိဝင်လာတတ်ကြတာမျိုးပါ။ အဲဒါကြောင့် ကပ်ရောဂါဖြစ်ပွားခြင်းဟာ ကျွန်တော်တို့မေ့နေတဲ့အရာတွေကို သတိရစေချင်တာလည်း ဖြစ်ပါတယ်။ အဲဒါအပြင် ဆိုးဝါးတဲ့အခြေအနေကြားကနေ သင်ခန်းစာတစ်ခုခု အသိတစ်ခုခုရသွားတယ်ဆိုရင် ကျွန်တော်တို့ဘဝအတွက် သင်ခန်းစာပေးဖို့ ဖြစ်လာတယ်လို့ မှတ်မယူနိုင်ဘူးလား။ အဲဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ကြရအောင်နော်။ သေခြင်းတရားနဲ့ခပ်ဝေးဝေးမှာ ရောက်နေတယ်လို့ထင်ခဲ့ချိန်တုန်းက ကျွန်တော်တို့ ဘာတွေလုပ်နေခဲ့သလဲလို့ ပြန်တွေးကြည့်လိုက်ပါ။
၁) လူလူချင်းစာနာတတ်တဲ့စိတ်လိုအပ်ကြောင်း
၂) အချိန်ကိုတန်ဖိုးထားသင့်ကြောင်း
၃) မေတ္တာတရားပိုအရေးကြီးကြောင်း
၄) ရွှေငွေစည်းစိမ်တွေက တန်ဖိုးမရှိကြောင်း
၅) သေခြင်းတရားဟာအရွယ်မရွေးကြောင်း
၆) အချိန်ရတုန်း ဘဝမှာအကျိုးရှိတဲ့အရာတွေကို လုပ်သင့်ကြောင်း
အထက်ပါအချက်တွေအပြင် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လို့ရသလောက်သင်ခန်းစာတွေကို ချရေးထားပေးပါတယ်။ ကိုယ်စဥ်းစားမိတဲ့သင်ခန်းစာ ဒါမှမဟုတ် ကိုယ်တွေးမိတဲ့ သံဝေဂယူစရာလေးတွေရှိရင်လည်း comment မှာ မန့်ခဲ့ပါအုံးနော်။ အချင်းချင်းမျှဝေကြရအောင်ပါ။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။