Covid ကာလအတွင်း စားသင့်သော အဆုတ်ကိုကျန်းမာစေတဲ့အစားအစာများ

အသက်ရှုခြင်းကအဆုတ်ထဲကို အောက်ဆီဂျင်ရောက်စေပြီး အဆုတ်ကနေတဆင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင်ပိုပေးရတာဖြစ်တဲ့အတွက်ကြောင့် အရေးကြီးပါတယ်။ အဲဒါကြောင့် အစားအစာတွေကိစားသုံးရာမှာလည်း အဆုတ်ကို အကျိုးပြုတဲ့အစားစာမျိုးစားသုံးသင့်ပါတယ်။ အဲဒါအပြင် သင့်အဆုတ်အားကောင်းစေဖို့ အသက်ရှုသွင်း၊ ရှုထုတ်၊ လေ့ကျင့်ခန်းမျိုးလည်းလုပ်ပေးဖို့လိုပါတယ်။ တကူးတကအဆုတ်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တော့ အစားအသောက်ကို ဂရုစိုက်စားသုံးပေးသင့်ပါတယ်။


၁) သစ်ကြားသီး
သစ်ကြားသီးမှာ magnesium ပါဝင်ပြီး သင့်အဆုတ်ကြွက်သားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids လည်းပါဝင်တာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းတာမျိုးကိုလည်း သက်သာစေပါတယ်။
၂) ပန်းသီး
ပန်းသီးမှာ quercetin ဆိုတဲ့ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်ကြောင့် အဆုတ်ကိုအကျိုးရှိစေပါတယ်။ ရင်ကြပ်ခြင်းကိုလည်း လျော့ကျစေပါတယ်။
၃) ခရမ်းချဥ်သီး
Lycopene ဆိုတဲ့ဓာတ်က ခရမ်းချဥ်သီးမှာပါဝင်တာကြောင့် အဆုတ်ကျန်းမာစေပါတယ်။ တစ်ရက်ကို ခရမ်းချဥ်သီး၂လုံးခန်ံစားပေးခြင်းအားဖြင့် ဗီတာမင်စီလည်းပါဝင်တာကြောင့် အဆုတ်အတွင်း‌ေ၇ာင်ရမ်းခြင်းတွေကိုလည်းသက်သာစေပါတယ်။
၄) ငရုတ်ပွ
ငရုတ်ပွမှာ ဗိတာမင်စီပါဝင်တာကြောင့် အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပွားမှုမှ ခံနိုင်ရည်ရှိစေပါတဘ်။ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ပြဿနာတွေကို ကူညီနိုင်ပါတယ်။
၅)မှို
မှိုမှာ vitamin D ပါဝင်တာကြောင့် အဆုတ်လုပ်ဆောင်ချက်တွေကို ကူညီနိုင်ပါတယ်။ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါကို ခုခံအားတိုးစေပါတယ်။
၆) ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ အမိုင်နိုအက်ဆစ်ပါဝင်တာကြောင့် အာဟာရတွေစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲကတစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
၇)လိမ္မော်သီး
လိမ္မောသီးမှာပါဝင်တဲ့ calcium ကြောင့် အဆုတ်ကိုအထောက်အကူပြုပါတယ်။ နာတာရှည်အဆုတ်ရောဂါတွေကို လျော့ပါးစေပါတယ်။ ဗိတာမင်စီလည်းပါဝင်တာကြောင့် ခုခံအားတိုးစေပါတယ်။
၈) ဥအမျိုးမျိုး
omega-3 နဲ့ protein ပါဝင်ခြင်းကြောင့် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
၉)အစိမ်းရင့်ရောင်အရွက်များ
အစိမ်း‌ရောင်အရွက်တွေ အထူးသဖြင့် ကိုက်လန်မှာ antioxidants ဖြစ်တဲ့ (vitamins A, C E) နဲ့အပြင် phytochemicals (carotenoids) တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။
အဆုတ်ကင်ဆာဖြစ်ပွားမှုကိုလည်းလျော့ကျစေပါတယ်။
. ၁၀) ပန်းပွင့်စိမ်း
sulforaphane ဓာတ်ပါဝင်ပြီး ထိုဓာတ်ကြောင့် အဆုတ်ထဲကဆဲလ်တွေလုပ်ဆောင်ချက်ကောင်းမွန်စေပါတယ်။ အဆုတ်ကို ပျက်စီးစေတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ vitamin C လည်းပါဝင်တာကြောင့် ခုခံအားကောင်းစေပါတယ်။ အဆုတ်ကြောင့်ဖြစ်တဲ့အဖျားအနာမျိုးတွေလည်းမဖြစ်နိုင်တော့ပါဘူး။
https://www.rallyhealth.com/.../the-10-best-foods-to-eat... လင့်မှဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။