Covid ကာလအတွင်း ဆီးချိုသမားတွေအတွက် ကိုယ်ခံအားကောင်းစေသောအစားအစာများ

အခုလိုကိုဗစ်ကာလအတွင်းမှာ ရောဂါအခံရှိထားသူတွေနဲ့ သက်ကြီးရွယ်အိုကလေးသူငယ်တွေက ပိုပြီးသတိထားနေရပါတယ်။ ကိုယ်ခံအားကောင်းတဲ့လူငယ်တွေက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ပြီး‌တော့ အိမ်မှာရှိနေတဲ့ ကိုယ်ခံအားနည်းသူတွေကို ပိုးကူးစက်ခံရတဲ့အခါမှာ ထိုကိုယ်ခံအားနည်းသူနဲ့ရောဂါပိုးအခံရှိသူတွေက ရောဂါလက္ခဏာပြပြီး ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ခုလိုချိန်မှာ ကိုယ်ခံအားကောင်းအောင်ဂရုစိုက်စားသောက်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခံအားအတွက်အထောက်အကူပြုနိုင်တဲ့ အစားအစာတွေစားပေးသင့်ပါတယ်။ ဆီးချိုရောဂါအခံရှိသူတွေအတွက် စားသင့်တဲ့အစားအစာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) ကုလားပဲ
ကုလားပဲမှာ micronutrients တွေဖြစ်တဲ့ vitamins A, D, နဲ့ E, အပြင် zinc, iron, နဲ့ selenium တွေပါဝင်တာကြောင့် ကိုယ်ခံအားကောင်းဖို့အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ ကုလားပဲမှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်လျော့စေတယ်လို့ဆိုပါတယ်။

၂) ပင်လယ်ငါးများ
ပင်လယ်ငါးတွေဖြစ်တဲ့ ဆော်လမွန်၊ ဆာဒင်း၊ ငါးသလောက်နဲ့ မက်ကရယ် ငါးတွေဟာ Omega-3 fatty acid ပါဝင်တဲ့အတွက် ကိုယ်ခအားကောင်းစေပါတယ်။ နှလုံးကျန်းမာပြီး သွေးအားကောင်းစေပါတယ်။

၃) မုန်လာဥနီ
Vitamin A ကြွယ်ဝတာကြောင့် မုန်လာဥနီစားခြင်းက အမြင်အာရုံကောင်းစေတာသာမက ကိုယ်ခံအားလည်းတိုးစေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတဲ့အစားအစာဖြစ်ပါတယ်။ ဆီးချိုသမားတေွက အမြင်အရုံကိုလည်းထိခိုက်နိုင်တာကြောင့် မုန်လာဥနီစားပေးခြင်းက တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။

၄) သစ်ကြားသီး
သစ်ကြားသီးကဲ့သို့ အစေ့အဆံတွေမှာ ဗီတာမင်အီးပါဝင်တာကြောင့် ကိုယ်ခံအားကိုအထူးကောင်းမွန်စေပြီး omega-3 fatty acids လည်းကြွယ်ဝပါတယ်။ အဲဒီ့အတွက်ကိုယ်ခံအားကောင်းသလို ‌ရောင်ရမ်းခြင်းတေွ ကိုလည်းလျော့ကျစေပါတယ်။ carbohydrates နည်းပါးစွာပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပါတယ်။

၅) ငရုတ်ပွ
ငရုတ်ပွဟာ ဗီ တာမင်စီပါဝင် မှုများတာကြောင်း ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတစ်မျိုးပါပဲ။ ဗီတာမင်စီက သွေးဖိအားနဲ့ပတ်သက်မှုရှိပြီး carbohydrates နည်းပါးစါာပါဝင်မှုကြောင့် ဆီးချိုသမားအတွ က်ကောင်းမွန်စေပါတယ်။

၆) ပဲနီလေး
ပဲနီလေးမှာလည်း ကုလားပဲလိုပါပဲ။ ဇင့်ဓာတ်ကြွယ်ဝသလို အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးတါင်းသကြားဓာတ်အတွက်ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးပါပဲ။

၇) Brazil Nuts
ဒီမှာတော့ သိပ်မစားကြဘူးထင်တာပါပဲ။ အစေ့အဆံတစ်မျိုးပါပဲ။ Selenium ပါဝင်မှုကြောင့် သိုင်းဂွိုက်နဲ့ဆီးချိုရောဂါကို အထောက်အကူပြုပါတယ်။ thyroid hormones တွေကိုထိန်းညှိပေးနိုင်ပါတယ်။ သိုင်းဂွိုက်က သွေးထဲကသကြားဓာတ်ထိန်းချုပ်ဖို့ ဆက်စပ်နေတာဖြစ်ပါတယ်။

https://www.everydayhealth.com/…/immune-boosting-foods-for…/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။